What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 October 2022 10:41

သွေးကင်ဆာရောဂါ လူနာများ ကိုဗစ်ရောဂါကြောင့် သေဆုံးနိုင်ခြေမြင့်မား

သွေးကင်ဆာရောဂါ လူနာများ ကိုဗစ်ရောဂါကြောင့် သေဆုံးနိုင်ခြေမြင့်မား Fred Hutch

ကိုဗစ်ရောဂါက တစ်ချို့ ကင်ဆာရောဂါလူနာများအတွက် အသက်အန္တရာယ်ရှိတဲ့ ကျန်းမာရေးပြဿနာတစ်ရပ် ဖြစ်တယ်လို့ သုတေသန ပညာရှင်များရဲ့ အဆိုကို ကိုးကားပြီ Health Day News ဆေးပညာ သတင်းက အောက်တိုဘာ ၄ ရက်က ရေးသားဖော်ပြထားပါတယ်။

 

ကင်ဆာလူနာများ အထူးသဖြင့် ခုခံအားစနစ် အားနည်းနေနိုင်တဲ့ သွေးကင်ဆာလူနာများနှင့် သက်ကြီးပိုင်းများအဖြစ်များတဲ့ သုတ်ရည်ကလင်းအိတ် ကင်ဆာလူနာတွေမှာ ကိုဗစ်ရောဂါ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ခြေ နှင့် အသက်ဆုံးပါးနိုင်းတယ်လို့ အမေရိကန် သုတေသန ပညာရှင်များက ဆိုပါတယ်။

 

အမေရိကန် သုတေသန ပညာရှင်များက ကိုဗစ်ရောဂါကြောင့် သေဆုံးခဲ့ရသူ ကင်ဆာလူနာ ၃၀၀၀ ကျော် နဲ့ က်ငဆာကြောင့် သေဆုံးခဲ့ရသူ ကိုဗစ်လူနာ ၁၃၄၁၉ ဦးတို့ကို လေ့လာခဲ့တယ်လို့ သိရပါတယ်။

 

လေ့လာချက် ရလဒ်များအရ သွေးကင်ဆာလူနာများကြားမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးရမှုနှုန်းက ၂၂ ရာခိုင်နှုန်းထိ ရှိပါတယ်။ ကိုဗစ်ရောဂါနှင့် ပတ်သက်မှုမရှိတဲ့ ကင်ဆာလူနာ သေဆုံးမှုနှုန်းမှာ ၉ ဒသမ ၆ ရာခိုင်နှုန်းသာရှိတယ်လို့ သိရပါတယ်။

 

သုတ်ရည်ဂလင်းအိတ် ကင်ဆာလူနာများက ကိုဗစ်ရောဂါကြောင့် မဟုတ်သူ သေဆုံးမှုနှုန်းက ၅ ဒသမ ၅ ရာခိုင်နှုန်းရှိပြီးတော့ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုနှုန်းက ၁၂ ဒသမ ၄ ရာခိုင်နှုန်းထိရှိတယ်လို့ အမေရိကန် သုတေသန ပညာရှင်များက ပြောကြားခဲ့ပါတယ်။

 

KKO

#Myanmar Health Products Guide

Read times
Rate this item
(0 votes)