What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 04 May 2018 15:51

ကြွက်၏ပင်မဆဲလ်များဖြင့် သန္ဓေသားအတုများ ဖန်တီးခဲ့သည့် ဟော်လန်နိုင်ငံ

ကြွက်၏ပင်မဆဲလ်များဖြင့် သန္ဓေသားအတုများ ဖန်တီးခဲ့သည့် ဟော်လန်နိုင်ငံ google.com

ဟော်လန်နိုင်ငံမှ သိပ္ပံပညာရှင်များမှာ သုက်ကောင်နှင့် မျိုးဥအစား ကြွက်၏ ဆဲလ်များအသုံးပြု၍ ဓာတ်ခွဲခန်းတွင် သန္ဓေသားအတုများဖန်တီးခဲ့ကြပါတယ်။

ပင်မဆဲလ်သုံးပြီး အံဩဖွယ်ဖန်တီးမှုမှာ လူများနှင့် တိရစ္ဆာန်များကို ပုံတူကူးဖန်တီးရန်အတွက် မဟုတ်ဘဲ သန္ဓေတည်ချိန်အစောပိုင်းအဆင့်များတွင် ကိုယ်ဝန်ပျက်ကျမှုများကို နားလည်သဘောပေါက်ရန်အတွက် ဖြစ်တယ်လို့သိရတယ်။

Related image

ပန်းကန်ပြားတစ်ချပ်အတွင်း ဖန်တီးခဲ့သည့် သန္ဓေသားများကို အသက်ရှင်နေသည့် ကြွက်မတစ်ကောင်၏ သားအိမ်၌ ချိတ်ဆက်ပေးခဲ့ရာ ရက်အနည်းငယ်ကြာ အသက်ရှင်ခဲ့ကြောင်း တွေ့ရသည်။ အဆိုပါဖြစ်စဉ်အရ လူသားများပဋိသန္ဓေဆောင်နိုင်ရန် အထောက်အပံဖြစ်စေလိမ့်မည်လို့ ပညာရှင်များက ယုံကြည်ပါတယ်။

အမျိုးသမီးများက ကိုယ်ဝန်ရှိနေကြောင်း သတိမထားမိချိန်တွင် ကိုယ်ဝန်အလွယ်တကူပျက်ကျစေနိုင်သည်။ အဆိုပါအခိုက်အတန့်တွင် မျိုးအောင်ထားသည့် ဥများသားအိမ်ထဲသို့ ဝင်ရောင်နိုင်ခြင်း မရှိသေးပါဘူး။

Related image

သန္ဓေသားကြီးထွားမှုတွင် ပုံမှန်မဟုတ်သည့် အခြေအနေများနှင့် ဆက်စပ်နေဖွယ်ရှိသော်လည်း ဘယ်လိုအကြောင်းကြောင့် ကိုယ်ဝန်ပျက်ကျမှုများ ဖြစ်ပွားရသည်ဆိုခြင်းကို အပြည့်အဝနားမလည်သေးပါဘူး။

သုက်ကောင်နှင့် မျိုးဥကို အသုံးပြုခြင်း မရှိဘဲ ပင်မဆဲလ်များဖြင့် သန္ဓေသားများဖန်တီးခြင်းကြောင့် စမ်းသပ်မှု ပြည့်ဝစွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။

သို့သော် လူသန္ဓေသားနှင့် တူသည့် ပုံစံမျိုးဖြင့် ယခုကဲ့သို့သုတေသနပြုလုပ်ရန် အစီအစဉ်မရှိသေးဟု ပညာရှင်များက ပြောပါတယ်။

Source: YCDC

Read: ဆီးချိုကြောင့်ြ့ဖစ်သော အာရုံကြောရောဂါ (၄) မျိုး

ဆီးချိုကြောင့်ြ့ဖစ်သော အာရုံကြောရောဂါ (၄) မျိုး

Read times
Rate this item
(0 votes)