အစာဖတ် က လေပြွန်မှာပိတ်ခြင်းဖြစ်တာပါ ၊ အဲဒီလိုပိတ်တာ နှစ်မျိုးရှိပါတယ် ။ တစ်ဝက်တစ်ပျက် ပိတ်ခြင်း(partial obstruction) နှင့် အပြည့်ပိတ်ခြင်း (complete obstruction) ဆိုပြီး ရှိပါတယ် ။
တစ်ဝက်တစ်ပျက် ပိတ်ခြင်း ဆိုရင် လူနာဟာ အသက်ရှူနိုင်ပါသေးတယ် ၊ချောင်းဆိုးခြင်း၊အသက်ရှူခြင်းကို ခက်ခဲစွာ ရှူနေတဲ့လက္ခဏာတွေပေါ်လာမှာပါ။ အဲလိုဆိုရင် လူနာကို ချောင်းဆိုးနိုင်သလောက် ဆိုးခိုင်းရပါမယ်။ ဒီနည်းနဲ့ပိတ်နေတဲ့ အစာဖတ် ဟာ လေပြွန်ကနေ ထွက်လာနိုင်ပါတယ်။
လူကြီးဆိုရင် ထိုင်ခိုင်းပြီးသော်လည်းကောင်း ၊ ဘယ်ဘက်သို့စောင်း၍သော်လည်းကောင်း နေခိုင်းရင်း ချောင်းခိုင်းရပါမယ်။ကျောကုန်းကို လက်နဲ့ ပုတ်ပေးခြင်း၊ ရင်ဘတ်ကို ဖိနှိပ်ခြင်းလုပ်ပေးရပါမယ်။
လူနာဟာ ပိုပြီးဆိုးသွားတာဖြစ်နိုင်သလို ၊ ပိုပြီးကောင်းသွားတာလည်း ဖြစ်နိုင်ပါတယ်။ ပိုဆိုးလာရင် လေပြွန် အပြည့်ပိတ်ခြင်း (complete obstruction) ဖြစ်သွားရင်တော့ လူနာဟာ အသက်မရှူနိုင်တော့ခြင်း၊ ပြာလာခြင်း၊ နှလုံးခုန်ရပ်ခြင်း တို့ဖြစ်နိုင်ပါတယ်။
အဲလိုဖြစ်သွားရင် ရင်ဘတ် ပေါ်ကို လက်နှစ်ဖက် ဖိပြီး နှလုံး ပြန်ခုန်အောင်လုပ်သလိုမျိုး ဖိပေးခြင်းဖြင့်၊ အစာများကို suction machine ခေါ် စုပ်စက်ဖြင့် အစာ ကို ပြန်ထွက်လာအောင်လုပ်ပေးလို့ရပါတယ်။ လူနာဟာ လူကောင်သေးရင်သော်လည်းကောင်း ၊ ကယ်တင်မယ့်သူက သယ်နိုင်လောက်တယ်ဆိုရင် လူနာရဲ့နောက်ကျောမှမတ်တပ်ရပ်ကာ လက်နှစ်ဖက်နှင့် သိုင်းဖတ်ပြီး လက်သီးဆုပ်ကို ရင်ခေါင်းတွင်ထားကာ ဖိနှိပ်ပေးရပါမယ်။
Source: Ondoctor