What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 26 July 2018 09:16

ကီမို့စ်(အရောင်ကျဆေး) နှင့် ဆောင်ရန် ရှောင်ရန်များ

ကီမို့စ်(အရောင်ကျဆေး) နှင့် ဆောင်ရန် ရှောင်ရန်များ orginal

ကီးမို့စ်လို့ ပြောရင် လူတိုင်း ရင်းရင်းနှီးနှီးသိကြတဲ့ အရောင်ကျဆေးတစ်မျိုး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကီးမို့စ်ဆေးဟာဆိုရင် အရောင်ကျဆေး ဆေးအုပ်စုဝင်ဆေး တစ်မျိုးဖြစ်နေလို့ပါပဲ။

၎င်းဆေးကို ကီးမော် ၊ အရောင်ကျဆေး ၊ ကီးမို့စ် လို့လဲ ခေါ်ကြပါတယ်။ ၎င်းကီးမို့စ်ဟာ ဆိုရင် ရောင်ရမ်းခြင်းတွေပတ်သက်ပြီး သက်သာပျောက်ကင်းစေပြီး အရောင်ကျဆေးတို့ရဲ့ ဆရာတစ်ပါးလို့ခေါ်ရလောက်တဲ့ ဆေးတစ်မျိုးလဲ ဖြစ်ပါတယ်။

ကီးမို့စ်ဆေးဟာဆိုရင် ခန္ဓာကိုယ်တွေမှာ ဖြစ်တက်တဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတာကြောင့် လူတိုင်းနီးပါ စိတ်ချလက်ချ သောက်သုံးနေတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ၎င်းဆေးဟာ ဘေးထွက်ဆိုးကျိုးတွေထက် ကောင်းကျိုးများတာကိုတွေ့ရပါတယ်။ ကီးမို့စ်ဆေးနဲ့ ပတ်သက်ပြီး ဆောင်ရန် ၊ ရှောင်ရန် များရှိနေတယ်ဆိုတာလေးကို တင်ပြပေးခြင်းပါတယ်။

IMG 20180724 145051

၎င်း ကီးမို့စ်ဆေးဟာဆိုရင် အသက်အရွယ်မရွေးသောက်လို့ရတဲ့ဆေးဆိုပေမယ့်လည်း သတိထားရမှာကတော့ နှလုံးရောဂါရှိတဲ့ သူတွေပဲ ဖြစ်တယ်။ အဲ့ဒါကတော့ နှလုံးရောဂါရှိတဲ့သူတွေ ကီးမို့စ်ဆေး နဲ့ ဆေးမတည့်တဲ့ အခါ အင်ပျဉ်များထွက်ခြင်း ၊ မိတ်များထွက်ခြင်း ၊ အရေပြားပေါ်အဖုအပိမ့်များထွက်ခြင်း ၊ အရေပြားပေါ်အနီကွက်များထွက်ခြင်း စတာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ထိုလက္ခဏာများတစ်ခုခု ဖြစ်လာရင် အရောင်ကျဆေးသောက်တာကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

ဒါပြင် ဝမ်းပျက်ခြင်း ၊ ဝမ်းချုပ်ခြင်း ၊ ခံတွင်းပျက်ခြင်း ၊ ဝမ်းဗိုက်တွင် မအီမသာဖြစ်ခြင်း ၊ ပျို့ခြင်း နှင့် အန်ခြင်း စတဲ့ ဝေဒနာဖြစ်လာရင် အရောင်ကျဆေး သောက်ခြင်း ကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ ရံဖန်ရံခါများတွေမှာ ချွဲသလိပ်များကပ်ခြင်းတွေကို ဖြစ်ပေါ်စေတက်ပါတယ်။

ကီးမို့စ်ဆေးကို ဖောရောင်ခြင်း ၊ ရောင်ခြင်း ၊ နာကျင်ခြင်း ၊ ဖုထွက်ခြင်း စတဲ့ ရောဂါလက္ခဏာတွေမှာ အသုံးပြုလို့ ရပါတယ်။ ဒါပြင် အရိုးကျိုးခြင်း ၊ အဆစ်လွဲခြင်း ၊ ခန္ဓာကိုယ်အတွင်း ၊ အပြင် ရောင်ရမ်းခြင်း ၊ လိပ်ခေါင်းရောဂါ ၊ လိပ်ခေါင်းခွဲရောဂါ ခွဲစိတ်ကုသခြင်း ၊ ရင်သားများရောင်ခြင်း ၊ သွေးကြောများပိတ်ခြင်း ၊ သွေးခဲစို့ခြင်း နှင့် သွေးနဲ့ဆိုင်သော ရောဂါများ စတဲ့ ရောဂါတွေမှာ အသုံးပြုနိုင်တဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။

ကီးမို့စ်ဆေးမှာ ပြင်းထန်းတဲ့ အာနိသင်တွေ ပါဝင်တာကြောင့် ဆေးသောက်မယ်ဆိုရင် တစ်ကြိမ်နဲ့ တစ်ကြိမ် အနည်းဆုံး ၄ နာရီ ခြားပြီး သောက်ရမှာ ဖြစ်ပါတယ်။
ကီးမို့စ်ဆေးကို တနေ့ ကို တစ်ကြိမ် မှ နှစ်ကြိမ် အထိသောက်သုံးနိုင်ပါတယ်။

writting by:Healthproductsdirectory

Read: ရေတွင် သံပုရာသီးထည့်သောက်ခြင်း ရဲ့ အကျိုးကျေးဇူးများ

ရေတွင် သံပုရာသီးထည့်သောက်ခြင်း ရဲ့ အကျိုးကျေးဇူးများ

Read times Last modified on Thursday, 26 July 2018 09:33
Rate this item
(4 votes)