ယနေ့ခေတ်မှာ မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်ခြင်းက လူကြိုက်များနေတဲ့ နောက်ဆုံးပေါ်ကုသရေး နည်းပညာတစ်ရပ်လည်း ဖြစ်ပါတယ်။
များသောအားဖြင့် မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်ခြင်းကို သိသူအဖို့ လွယ်ကူသလို မသိသူများ အနေဖြင့် အလွန်ကို ကြောက်ရွံ့လေ့ရှိပါတယ်။ ဒါကြောင့် လေဆာ ကုသတော့မယ်ဆို သိထားသင့်တဲ့ အချက်များကို ဖော်ပြပေးလိုက်ပါတယ်။
ပထမဦးဆုံးအနေဖြင့် မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်တဲ့ နည်းပညာမှာ ဆိုရင် ခွဲစိတ်မှု အဆင့် အမျိုးမျိုးရှိတာကြောင့် ကွဲကွဲပြားပြား သိနိုင်ဖို့ လိုအပ်ပါတယ်။ မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်တဲ့ နည်းပညာ မှာ LASIK နဲ့ LASEK အပြင် တခြားသော နည်းပညာများရှိပါတယ်။ LASIK နဲ့ LASEK ရဲ့ ခြားနားချက်ကတော့ LASIK မှာ သေးငယ်သော ပြဿနာများရှိနိုင်ပေမယ့် လွယ်ကူတယ် ၊ မြန်ဆန်တယ် ၊ အနာကျက်မြန်တယ်။ ဒါကတော့ LASIK ရဲ့ အားသားချက် နဲ့ အားနည်းချက်လည်း ဖြစ်ပါတယ်။ LASEK မှာတော့ စိတ်ချရတယ် ၊ ဘေးကင်းတယ် ၊ အနာကျက်ဖို့အတွက် ရက်အနည်းငယ်စောင့်ရပါတယ်။ ဒါကတော့ LASEK ရဲ့ အားနည်းချက် နဲ့ အားသာချက် ပဲ ဖြစ်ပါတယ်။
အကယ်၍ သင့်ကို ဆရာဝန်က LASIK နဲ့ ခွဲစိတ်ကုသခြင်း ပြုလုပ်လို့ မသင့်တော်ဘူးဆိုရင် PRK ဆိုတဲ့ နည်းပညာ အသစ်နဲ့ ခွဲစိတ်ကုသခြင်းကို ပြုလုပ်လို့ ရပါတယ်။ LASIK အဆိုပါလေဆာဖြင့် အဝေးမှုန် ၊ အနီးမှုန် ၊ မွေးရာပါအနီးမှုန်းခြင်းများ နှင့် သူငယ်အိမ်မှုမမှန်ခြင်း စတဲ့ ဝေဒနာတွေကို ကုသနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် LASIK နည်းပညာ ဖြင့် ကုသနိုင်မည့် အခြေအနေများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ LASIK နည်းပညာသုံး မျက်စိပါဝါဖျောက်ခြင်းဟာဆိုရင် ခွဲစိတ်ကုသပေးတဲ့ နည်းပညာတစ်ခု ဖြစ်သလို အဝေးမှုန် ၊ အနီးမှုန် ၊ မွေးရာပါအနီးမှုန်းခြင်းများ နှင့် သူငယ်အိမ်မှုမမှန်ခြင်း စတဲ့ ဝေဒနာတွေ တစ်ကြိမ်းတည်း နဲ့ အပြီး ကုသနိုင်မှာ ဖြစ်ပါတယ်။
ဒီနည်းနဲ့ ခွဲမယ်ဆိုရင် ဆရာဝန်က Microkeratome ကို အသုံးပြီးပြီး မျက်စိရဲ့ မျက်ကြည်လွှာပေါ်မှာ အလွန်းပါးလွှာတဲ့ မျက်ကြည့်လွှာ အထူရဲ့ သုံးပုံတစ်ပုံလောက်ပဲ အပေါ်ယံရှပ် ခွဲရာလေးကို အရင် ပြုလုပ်ရပါတယ်။ အဲဒီနောက်မှာတော့ ခွဲထားတဲ့ အဖတ်ကလေးကို လှန်ချလိုက်ပြီး မျက်ကြည်လွှာရဲ့ အလယ်လွှာ (Stroma) မှာရှိတဲ့ တစ်သျှူး အချို့ကို excimer laser နဲ့ ဖယ်ထုတ်ပါတယ်။ ပြီးတဲ့အခါ မျက်ကြည်လွှာကို ပြန်ပြီး ပုံသွင်း အချောကိုင်ရပါတယ်။
လေဆာရောင်ခြည် နဲ့ ကူသပြီးတဲ့ အခါမှာတော့ မျက်ကြည်လွှာဟာ အလင်းကို မြင်လွှာပေါ် မှန်မှန်ကန်ကန် ကျရောက်စေမှာ ဖြစ်ပါတယ်။ ခွဲထားတဲ့ မျက်ကြည်လွှာ အဖတ်ကလေးကို ပြန်အုန်ပေးပြီးပြီ ဆိုရင်တော့ မျက်စိခွဲစိတ် ကုသမှု လုပ်ငန်း ပြီးဆုံးပြီ ဖြစ်ပါတယ်။
ချုပ်စရာ မလို ၊ ထုံးဆေးထိုးရန် မလို ၊ မျက်စဉ်းခပ်ရန်မလိုခြင်း ၊ မျက်စိ ဝေဒနာအတွက် တစ်ချိန်တည်းဖြင့် ခွဲစိတ်ကုသနိုင်ခြင်း ၊ အချိန်တိုတို ဖြင့် ခွဲစိတ်နိုင်ခြင်း ၊ အနာကျက်မြန်ခြင်း ၊ အချိန်တိုအတွင်း မူလပုံမှန်အတိုင်း ပြန်ဖြစ်ခြင်း ၊ ခွဲစိတ်ကုသပြီးနောက် ချက်ချင်း အမြင်များကို ရရှိနိုင်ခြင်း နှင့် ခွဲစိတ်ပြီးနောက် အိမ်ပြန်နိုင်ခြင်း အစရှိတဲ့ အချက်များဟာဆိုရင် LASIK နည်းပညာဖြင့် မျက်စိခွဲခြင်း၏ အားသာချက်များဘဲ ဖြစ်ပါတယ်။
LASIK နည်းပညာကို အသက် ၁၈ နှစ် မှ ၄၀ အတွင်းပြုလုပ်သင့်ပြီးတော့ ပါဝါ ၂၀၀ မှ ၁၄၀၀ အတွင်းရှိတဲ့ သူတွေ ခွဲစိတ်ကုသနိုင်မှာလည်း ဖြစ်ပါတယ်။ LASIK နည်းပညာကို ကိုယ်ဝန်ဆောင်မိခင်များ နှင့် နို့တိုက်မိခင်များ ၊ အရေးပြားလေးဖက်နာ (SLE) နှင့် ကိုယ်ခံအားချို့တဲ့သော ရောဂါရှိသူများ အနေဖြင့် ခွဲစိတ်ကုသမှု ခံယူဖို့ မသင့်တော်ပါဘူး။
မျက်စိပါဝါကို လေဆာ နဲ့ ဖျောက်တဲ့ LASIK ဖြင့် ခွဲစိတ်မှုတွင် ဖြစ်ပေါ်လာနိုင်သည့် အနည်းငယ်မျှသော ရှုပ်ထွေးမှုများကို ReLEx SMILE လို့ ခေါ်တဲ့ နည်းပညာကို အသုံးပြုပြီး ဖြေရှင်းရပါတယ်။ အဆိုပါ ReLEx SMILE နည်းပညာမှာ ဆိုရင် LASIK ဖြင့် ခွဲစိတ်မှုတွင် ဖြစ်ပေါ်လာနိုင်သည့် ရှုပ်ထွေးမှုများကို လျော့ချပေးနိုင်တဲ့ နည်းပညာ တစ်ခုလည်း ဖြစ်ပါတယ်။
ကျန်ရှိနေတဲ့ LASEK ၊ PRK နဲ့ ReLEx SMILE စတဲ့ နည်းပညာများ၏ အလုပ်လုပ်ပုံကို အကျယ်တဝင့် ဖော်ပြပေးမှာ မို့လို့ စောင့်မျှော်ဖတ်ရှုနိုင်ကြောင့် သတင်းကောင်းပါးလိုက်ပါတယ်။
Written By Aung Win (Health Product Directoy)