What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 March 2020 14:59

PPE ကာကွယ်ရေးဝတ်စုံ တစ်သိန်း မြန်မာအစိုးရ အလျင်အမြန်ဝယ်ယူ

ရောဂါကာကွယ်ကုသရေးအတွက် တစ်ကိုယ်ရေကာကွယ်ရေး (PPE) ဝတ်စုံများ

အလျင်အမြန် လိုအပ်နေသည့်အတွက် မြန်မာအစိုးရသည် ပဲခူးတိုင်းစက်မှုဇုန်ရှိ နိုင်ငံခြားစက်ရုံတစ်ရုံထံမှ ဝတ်စုံ ၁၀၀,၀၀၀ ဝယ်ယူမည်ဟု ယင်းစက်ရုံနှင့် ပဲခူးတိုင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ တာဝန်ရှိသူတို့က Myanmar Now ကို ပြောသည်။

 

ပဲခူးတိုင်းစက်မှုဇုန်ရှိ Cobes Industries (Bago) စက်ရုံသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ကာ ပြည်တွင်းလိုအပ်ချက်အတွက် တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံများ အလျင်အမြန် ချုပ်လုပ်ပေးရန် စီစစဉ်နေသည်ဟု ယင်းစက်မှုဇုန်၏ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က Myanmar Now ကို မတ် ၂၄ တွင် ပြောသည်။

 

ဝန်ကြီးဌာနနှင့် သဘောတူစာချုပ်ကို ယနေ့ (မတ် ၂၅) တွင် ချုပ်ဆိုမည်ဟု အဆိုပါစက်ရုံ၏ အုပ်ချုပ်မှုဒါရိုက်တာ ကောချွန်းဝေ (Guo Chun Wei) က Myanmar Now ကို အတည်ပြုသည်။PPE ဝတ်စုံ ၁၀၀,၀၀၀ အနက် ပထမတစ်သုတ်အဖြစ် ဝတ်စုံ ၂၀,၀၀၀ ကို ဧပြီ ၉ တွင် စတင်ပေးအပ်သွားမည်ဖြစ်ပြီး ကျန်ရှိသည်များကိုလည်း ရက်ပိုင်းအတွင်း ပြီးစီးအောင်ချုပ်လုပ် ပေးအပ်သွားမည်ဟု အုပ်ချုပ်မှုဒါရိုက်တာနှင့် စက်မှုဇုန်ကြီးကြပ်ရေးကော်မတီအတွင်းရေးမှူး ဦးဟိန်းထက်တို့က Myanmar Now ကို ပြောသည်။

 

Cobes Industries သည် ဟောင်ကောင်တွင် အခြေစိုက်သည့် ကုမ္ပဏီဖြစ်ပြီး ခွဲစိတ်ခန်းသုံး ဝတ်ရုံများ၊ ခန်းဆီးများ၊ ဆေးရုံ ဆေးခန်းနှင့် လုပ်ငန်းသုံး ကာကွယ်ရေးအဝတ်အထည်များ စသည်တို့ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ရှိ စက်ရုံလေးရုံတွင် ထုတ်လုပ်သည်ဟု ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

 

Cobe Industries (Bago) စက်ရုံမှာ ဥရောပနိုင်ငံများမှ ဝယ်လက်များအတွက် PPE ဝတ်စုံများ ယခင်ကတည်းက ချုပ်လုပ်ပေးနေသည့် စက်ရုံဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် ချုပ်လုပ်ပေးမည့်ဝတ်စုံများမှာလည်း ဥရောပသို့ တင်ပို့သည့် အရည်အသွေးအတိုင်းပင် ဖြစ်ကြောင်း စက်မှုဇုန်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးဟိန်းထက်က ပြောသည်။

 

လက်ရှိတွင် PPE ချုပ်လုပ်ရန် ကုန်ကြမ်းရှိနေသေးသော်လည်း နှာခေါင်းစည်း (Mask) ချုပ်လုပ်ပေးနိုင်မည့် စက်ရုံများမှာမူ ကုန်ကြမ်းပြန်မဝင်သေးသည့်အတွက် ထုတ်လုပ်ပေးရန် အခက်အခဲဖြစ်နေသေးသည်ဟု ၎င်းက ပြောသည်။ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သည့် နှာခေါင်းစည်းများကို ဧပြီလအတွင်း ထုတ်လုပ်နိုင်ရန် စက်ရုံများနှင့် ညှိနှိုင်းနေသည်ဟု ဦးဟိန်းထက်၏ အဆိုအရ သိရသည်။

 

တောင်ကိုရီးယားအစိုးရသည် COVID-19 ကာကွယ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ခွဲစိတ်ခန်းသုံးဝတ်စုံ ၈၀,၀၀၀ ကို မြန်မာနိုင်ငံရှိ KM Healthcare ကိုရီးယားစက်ရုံတစ်ရုံမှ ဝယ်ယူပြီး မတ် ၁၈ တွင် စစ်လေယာဉ်နှစ်စီးဖြင့် လာရောက်သယ်ယူသွားခဲ့သည်ဟုလည်း တောင်ကိုရီးယားနိုင်ငံအခြေစိုက် Yonhap သတင်းဌာန၏ မတ် ၁၉ သတင်းတစ်ပုဒ်အရ သိရသည်။

 

ကိုရီးယားနိုင်ငံတကာကျန်းမာရေးဖောင်ဒေးရှင်း (KOFIH) နှင့် ကိုရီးယားစက်ရုံ KM Healthcare တို့က ရောဂါပိုးမွှားကာကွယ်ရေးဝတ်စုံများ၊ ခွဲစိတ်ခန်းသုံးဝတ်စုံများနှင့် ခေါင်းစွပ်များအပြင် တောင်ကိုရီးယားကိုယ်စားပြု အကျိုးအမြတ်မယူသောအဖွဲ့အစည်း Good Neighbors ကလည်း ကိုရိုနာဗိုင်းရပ်စစ်ဆေးရေးကိရိယာ ၅,၀၀၀ ကို မတ် ၂၄ က လှူဒါန်းခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

 

မတ် ၂၅ အထိ မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရသူ ၃ ဦး ရှိပြီး ၎င်းတို့အားလုံးမှာ အမေရိကနှင့် အင်္ဂလန်တို့မှ ပြန်လာကြသူများ ဖြစ်သည်။

Kumudranews

(Zawgyi)

=====

PPE ကာကြယ္ေရးဝတ္စုံ တစ္သိန္း ျမန္မာအစိုးရ အလ်င္အျမန္ဝယ္ယူ

 

ေရာဂါကာကြယ္ကုသေရးအတြက္ တစ္ကိုယ္ေရကာကြယ္ေရး (PPE) ဝတ္စုံမ်ား အလ်င္အျမန္ လိုအပ္ေနသည့္အတြက္ ျမန္မာအစိုးရသည္ ပဲခူးတိုင္းစက္မႈဇုန္ရွိ ႏိုင္ငံျခားစက္႐ုံတစ္႐ုံထံမွ ဝတ္စုံ ၁၀၀,၀၀၀ ဝယ္ယူမည္ဟု ယင္းစက္႐ုံႏွင့္ ပဲခူးတိုင္း စက္မႈဇုန္ႀကီးၾကပ္ေရးေကာ္မတီ တာဝန္ရွိသူတို႔က Myanmar Now ကို ေျပာသည္။

 

ပဲခူးတိုင္းစက္မႈဇုန္ရွိ Cobes Industries (Bago) စက္႐ုံသည္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ စာခ်ဳပ္ခ်ဳပ္ကာ ျပည္တြင္းလိုအပ္ခ်က္အတြက္ တစ္ကိုယ္ေရကာကြယ္ေရးဝတ္စုံမ်ား အလ်င္အျမန္ ခ်ဳပ္လုပ္ေပးရန္ စီစစဥ္ေနသည္ဟု ယင္းစက္မႈဇုန္၏ ႀကီးၾကပ္ေရးေကာ္မတီ အတြင္းေရးမႉး ဦးဟိန္းထက္က Myanmar Now ကို မတ္ ၂၄ တြင္ ေျပာသည္။

 

ဝန္ႀကီးဌာနႏွင့္ သေဘာတူစာခ်ဳပ္ကို ယေန႔ (မတ္ ၂၅) တြင္ ခ်ဳပ္ဆိုမည္ဟု အဆိုပါစက္႐ုံ၏ အုပ္ခ်ဳပ္မႈဒါ႐ိုက္တာ ေကာခြၽန္းေဝ (Guo Chun Wei) က Myanmar Now ကို အတည္ျပဳသည္။PPE ဝတ္စုံ ၁၀၀,၀၀၀ အနက္ ပထမတစ္သုတ္အျဖစ္ ဝတ္စုံ ၂၀,၀၀၀ ကို ဧၿပီ ၉ တြင္ စတင္ေပးအပ္သြားမည္ျဖစ္ၿပီး က်န္ရွိသည္မ်ားကိုလည္း ရက္ပိုင္းအတြင္း ၿပီးစီးေအာင္ခ်ဳပ္လုပ္ ေပးအပ္သြားမည္ဟု အုပ္ခ်ဳပ္မႈဒါ႐ိုက္တာႏွင့္ စက္မႈဇုန္ႀကီးၾကပ္ေရးေကာ္မတီအတြင္းေရးမႉး ဦးဟိန္းထက္တို႔က Myanmar Now ကို ေျပာသည္။

 

Cobes Industries သည္ ေဟာင္ေကာင္တြင္ အေျခစိုက္သည့္ ကုမၸဏီျဖစ္ၿပီး ခြဲစိတ္ခန္းသုံး ဝတ္႐ုံမ်ား၊ ခန္းဆီးမ်ား၊ ေဆး႐ုံ ေဆးခန္းႏွင့္ လုပ္ငန္းသုံး ကာကြယ္ေရးအဝတ္အထည္မ်ား စသည္တို႔ကို ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔ရွိ စက္႐ုံေလး႐ုံတြင္ ထုတ္လုပ္သည္ဟု ကုမၸဏီ၏ ဝက္ဘ္ဆိုက္တြင္ ေရးသားထားသည္။Cobe Industries (Bago) စက္႐ုံမွာ ဥေရာပႏိုင္ငံမ်ားမွ ဝယ္လက္မ်ားအတြက္ PPE ဝတ္စုံမ်ား ယခင္ကတည္းက ခ်ဳပ္လုပ္ေပးေနသည့္ စက္႐ုံျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံအတြက္ ခ်ဳပ္လုပ္ေပးမည့္ဝတ္စုံမ်ားမွာလည္း ဥေရာပသို႔ တင္ပို႔သည့္ အရည္အေသြးအတိုင္းပင္ ျဖစ္ေၾကာင္း စက္မႈဇုန္ႀကီးၾကပ္ေရးေကာ္မတီ အတြင္းေရးမႉး ဦးဟိန္းထက္က ေျပာသည္။

 

လက္ရွိတြင္ PPE ခ်ဳပ္လုပ္ရန္ ကုန္ၾကမ္းရွိေနေသးေသာ္လည္း ႏွာေခါင္းစည္း (Mask) ခ်ဳပ္လုပ္ေပးႏိုင္မည့္ စက္႐ုံမ်ားမွာမူ ကုန္ၾကမ္းျပန္မဝင္ေသးသည့္အတြက္ ထုတ္လုပ္ေပးရန္ အခက္အခဲျဖစ္ေနေသးသည္ဟု ၎က ေျပာသည္။ျပန္လည္ေလွ်ာ္ဖြတ္အသုံးျပဳႏိုင္သည့္ ႏွာေခါင္းစည္းမ်ားကို ဧၿပီလအတြင္း ထုတ္လုပ္ႏိုင္ရန္ စက္႐ုံမ်ားႏွင့္ ညႇိႏႈိင္းေနသည္ဟု ဦးဟိန္းထက္၏ အဆိုအရ သိရသည္။

 

ေတာင္ကိုရီးယားအစိုးရသည္ COVID-19 ကာကြယ္ကုသေရးလုပ္ငန္းမ်ားတြင္ အသုံးျပဳရန္ ခြဲစိတ္ခန္းသုံးဝတ္စုံ ၈၀,၀၀၀ ကို ျမန္မာႏိုင္ငံရွိ KM Healthcare ကိုရီးယားစက္႐ုံတစ္႐ုံမွ ဝယ္ယူၿပီး မတ္ ၁၈ တြင္ စစ္ေလယာဥ္ႏွစ္စီးျဖင့္ လာေရာက္သယ္ယူသြားခဲ့သည္ဟုလည္း ေတာင္ကိုရီးယားႏိုင္ငံအေျခစိုက္ Yonhap သတင္းဌာန၏ မတ္ ၁၉ သတင္းတစ္ပုဒ္အရ သိရသည္။

 

ကိုရီးယားႏိုင္ငံတကာက်န္းမာေရးေဖာင္ေဒးရွင္း (KOFIH) ႏွင့္ ကိုရီးယားစက္႐ုံ KM Healthcare တို႔က ေရာဂါပိုးမႊားကာကြယ္ေရးဝတ္စုံမ်ား၊ ခြဲစိတ္ခန္းသုံးဝတ္စုံမ်ားႏွင့္ ေခါင္းစြပ္မ်ားအျပင္ ေတာင္ကိုရီးယားကိုယ္စားျပဳ အက်ိဳးအျမတ္မယူေသာအဖြဲ႕အစည္း Good Neighbors ကလည္း ကို႐ိုနာဗိုင္းရပ္စစ္ေဆးေရးကိရိယာ ၅,၀၀၀ ကို မတ္ ၂၄ က လႉဒါန္းခဲ့သည္ဟု ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္သည့္ သတင္းတစ္ပုဒ္တြင္ ေတြ႕ရသည္။

 

မတ္ ၂၅ အထိ ျမန္မာႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံထားရသူ ၃ ဦး ရွိၿပီး ၎တို႔အားလုံးမွာ အေမရိကႏွင့္ အဂၤလန္တို႔မွ ျပန္လာၾကသူမ်ား ျဖစ္သည္။

Kumudranews

Read times Last modified on Wednesday, 25 March 2020 15:15
Rate this item
(0 votes)