What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 01 February 2020 15:57

ဒီနေ့ ညနေ MNA လေကြာင်းလိုင်း နှင့် ဝူဟမ်က ကျောင်းသားတွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရ စီစဉ်

ဝူဟမ်ကကျောင်းသားတွေကို မြန်မာအစိုးရက ပြန်ခေါ်ဖို့ အစီအစဉ်ဆွဲနေတာ ဒီနေ့ညနေတော့ MNA လေကြာင်းလိုင်းကဘိုးရင်းနဲ့သွားခေါ်ဖြစ်ပါတော့မယ်။

အဆိုပါလေယာဉ်တွင် လေယာဉ်မှူးကြီး Capt Khup Khan Maung ဦးဆောင်သည့် လေယာဉ်မှူး သုံးဦး၊ လေယာဉ်မောင် လေးဦး၊ အင်ဂျင်နီယာ နှစ်ဦး၊ လေ‌ကြောင်းလိုင်းအမှုထမ်း တစ်ဦးနှင့် ကျန်းမာရေးဘက်မှ ဆရာဝန် သုံးဦးပါဝင်သည့်အဖွဲ့က သွားရောက် ခေါ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မြန်မာကျောင်းသား ၆၃ ဦးကို တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ၎င်းတို့နေထိုင်သည့် နေရာများမှ သွားရောက်ခေါ်ဆောင်၍ ဝူဟန်မြို့ရှိ လေဆိပ်သို့ ပို့ဆောင်ပေးထားမည်ဖြစ်ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း လေယာဉ်ဆိုက်ရောက်သည်နှင့်တစ်ပြိုင်နက် ကျောင်းသားများကို တင်ဆောင်ကာ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း လေယာဉ်မှူးကြီး Capt Khup Khan Maung က ပြောကြားသည်။

 

“ ဝူဟန်မြို့က မြန်မာကျောင်းသားတွေကို သွားရောက်ခေါ်ဆောင်ဖို့အတွက် မြန်မာအမျိုးသား လေကြောင်းလိုင်းက ဘိုးရင်းလေယာဉ်က ဒီနေ့ညနေ ၆ နာရီမှာ ရန်ကုန်လေဆိပ်က ထွက်ခွာမှာ ဖြစ်ပါတယ်၊ မြန်မာသံရုံးက ကျောင်းသားတွေရှိနေတဲ့နေရာကို သွားခေါ်ထားပြီး ဝူဟန်လေဆိပ်မှာ အသင့်စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်၊ ဒီကလေယာဉ်ဆိုက်တာနဲ့ ကျောင်းသားတွေကို တင်ဆောင်ပြီး မြန်မာသံရုံးက ဝန်ထမ်းတစ်ယောက်ပါ ပြန်လည်လိုက်ပါလာမှာ ဖြစ်ပါတယ်။

 

ဒီကျောင်းသားတွေကို ထားရှိမယ့် မန္တလေးမြို့က ကန်တော်နဒီဆေးရုံကို ပို့ဆောင်ဖို့အတွက် မန္တလေးလေဆိပ်ကို ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်၊ ကျောင်းသားတွေကို မန္တလေးလေဆိပ်ကို ပို့ဆောင်ပြီးတာနဲ့ လေယာဉ်ကို ရန်ကုန်လေဆိပ်ကို ပြန်လည်မောင်းနှင်လာမှာဖြစ်ပြီး လေယာဉ်ကို ပိုးသတ်တဲ့လုပ်ငန်းစဉ်တွေကို စနစ်တကျ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ သွားခေါ်မယ့် လေယာဉ်အမှုထမ်းတွေအားလုံးက PPE (Personal Protective Equipment) ဝတ်စုံတွေကို ဝတ်ဆင်ထားမှာ ဖြစ်ပါတယ်၊

 

ဒီ crew အဖွဲ့အကုန်လုံးက volunteer အနေနဲ့ သွားရောက်ခေါ်ဆောင်မှာ ဖြစ်ပါတယ်၊ ဒီနေ့နေ့လည် တစ်နာရီမှာ ကျန်းမာရေးဝန်ကြီးဌာနနဲ့ သွားရောက်ခေါ်ဆောင်မယ့် လေယာဉ်အမှုထမ်းတွေ တွေ့ဆုံပြီး briefing လုပ်ပေးမှာ ဖြစ်ပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်းမှ လေယာဉ်မှူးကြီး Capt Khup Khan Maung က ပြောကြားသည်။


ဒီခရီးစဉ်အတွက် Volunteer လုပ်ပေးကြသော ပရဟိတစိတ်ဓါတ်ပိုင်ရှင်များဖြစ်တဲ့ လေယဉ်မှူးကြီးတွေဖြစ်တဲ့ Capt Khup Khan Mung ၊ Capt Myo Lwin Oo ၊ ဒုလေယာဉ်မှူး F/O San Min Kyaw ၊ လေယာဉ်မောင်မယ်ချုပ်ဖြစ်တဲ့ သူငယ်ချင်း သန်းကျော်ဌေးThank Htay၊ ညီလေးဝဠာ Walar Wint ၊ ကျန်တဲ့လေယာဉ်အဖွဲ့သားများနဲ့ ကျမ်းမာရေးဆရာဝန်များကို လေးစားစွာဂုဏ်ပြုပါတယ်။

ထွန်းထွန်းဝင် (Facebook)

 

(Zawgyi)

----------

ဒီေန႔ ညေန MNA ေလၾကာင္းလိုင္း ႏွင့္ ဝူဟမ္က ေက်ာင္းသားေလးေတြကို ျပန္ေခၚဖို႔ ျမန္မာအစိုးရ စီစဥ္

 

ဝူဟမ္ကေက်ာင္းသားေလးေတြကို ျမန္မာအစိုးရက ျပန္ေခၚဖို႔ အစီအစဥ္ဆြဲေနတာ ဒီေန႔ညေနေတာ့ MNA ေလၾကာင္းလိုင္းကဘိုးရင္းနဲ႔သြားေခၚျဖစ္ပါေတာ့မယ္။ အဆိုပါေလယာဥ္တြင္ ေလယာဥ္မႉးႀကီး Capt Khup Khan Maung ဦးေဆာင္သည့္ ေလယာဥ္မႉး သုံးဦး၊ ေလယာဥ္ေမာင္ ေလးဦး၊ အင္ဂ်င္နီယာ ႏွစ္ဦး၊ ေလ‌ေၾကာင္းလိုင္းအမႈထမ္း တစ္ဦးႏွင့္ က်န္းမာေရးဘက္မွ ဆရာဝန္ သုံးဦးပါဝင္သည့္အဖြဲ႕က သြားေရာက္ ေခၚေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

 

အဆိုပါ ျမန္မာေက်ာင္းသား ၆၃ ဦးကို တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးက ၎တို႔ေနထိုင္သည့္ ေနရာမ်ားမွ သြားေရာက္ေခၚေဆာင္၍ ဝူဟန္ၿမိဳ႕ရွိ ေလဆိပ္သို႔ ပို႔ေဆာင္ေပးထားမည္ျဖစ္ၿပီး ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း ေလယာဥ္ဆိုက္ေရာက္သည္ႏွင့္တစ္ၿပိဳင္နက္ ေက်ာင္းသားမ်ားကို တင္ေဆာင္ကာ ျမန္မာႏိုင္ငံသို႔ ျပန္လည္ထြက္ခြာလာမည္ျဖစ္ေၾကာင္း ေလယာဥ္မႉးႀကီး Capt Khup Khan Maung က ေျပာၾကားသည္။

 

“ ဝူဟန္ၿမိဳ႕က ျမန္မာေက်ာင္းသားေတြကို သြားေရာက္ေခၚေဆာင္ဖို႔အတြက္ ျမန္မာအမ်ိဳးသား ေလေၾကာင္းလိုင္းက ဘိုးရင္းေလယာဥ္က ဒီေန႔ညေန ၆ နာရီမွာ ရန္ကုန္ေလဆိပ္က ထြက္ခြာမွာ ျဖစ္ပါတယ္၊ ျမန္မာသံ႐ုံးက ေက်ာင္းသားေတြရွိေနတဲ့ေနရာကို သြားေခၚထားၿပီး ဝူဟန္ေလဆိပ္မွာ အသင့္ေစာင့္ဆိုင္းေနမွာ ျဖစ္ပါတယ္၊ ဒီကေလယာဥ္ဆိုက္တာနဲ႔ ေက်ာင္းသားေတြကို တင္ေဆာင္ၿပီး ျမန္မာသံ႐ုံးက ဝန္ထမ္းတစ္ေယာက္ပါ ျပန္လည္လိုက္ပါလာမွာ ျဖစ္ပါတယ္။

 

ဒီေက်ာင္းသားေတြကို ထားရွိမယ့္ မႏၲေလးၿမိဳ႕က ကန္ေတာ္နဒီေဆး႐ုံကို ပို႔ေဆာင္ဖို႔အတြက္ မႏၲေလးေလဆိပ္ကို ပို႔ေဆာင္ေပးမွာ ျဖစ္ပါတယ္၊ ေက်ာင္းသားေတြကို မႏၲေလးေလဆိပ္ကို ပို႔ေဆာင္ၿပီးတာနဲ႔ ေလယာဥ္ကို ရန္ကုန္ေလဆိပ္ကို ျပန္လည္ေမာင္းႏွင္လာမွာျဖစ္ၿပီး ေလယာဥ္ကို ပိုးသတ္တဲ့လုပ္ငန္းစဥ္ေတြကို စနစ္တက် လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။ သြားေခၚမယ့္ ေလယာဥ္အမႈထမ္းေတြအားလုံးက PPE (Personal Protective Equipment) ဝတ္စုံေတြကို ဝတ္ဆင္ထားမွာ ျဖစ္ပါတယ္၊

 

ဒီ crew အဖြဲ႕အကုန္လုံးက volunteer အေနနဲ႔ သြားေရာက္ေခၚေဆာင္မွာ ျဖစ္ပါတယ္၊ ဒီေန႔ေန႔လည္ တစ္နာရီမွာ က်န္းမာေရးဝန္ႀကီးဌာနနဲ႔ သြားေရာက္ေခၚေဆာင္မယ့္ ေလယာဥ္အမႈထမ္းေတြ ေတြ႕ဆုံၿပီး briefing လုပ္ေပးမွာ ျဖစ္ပါတယ္” ဟု ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္းမွ ေလယာဥ္မႉးႀကီး Capt Khup Khan Maung က ေျပာၾကားသည္။


ဒီခရီးစဥ္အတြက္ Volunteer လုပ္ေပးၾကေသာ ပရဟိတစိတ္ဓါတ္ပိုင္ရွင္မ်ားျဖစ္တဲ့ ေလယဥ္မႉးႀကီးေတြျဖစ္တဲ့ Capt Khup Khan Mung ၊ Capt Myo Lwin Oo ၊ ဒုေလယာဥ္မႉး F/O San Min Kyaw ၊ ေလယာဥ္ေမာင္မယ္ခ်ဳပ္ျဖစ္တဲ့ သူငယ္ခ်င္း သန္းေက်ာ္ေဌးThank Htay၊ ညီေလးဝဠာ Walar Wint ၊ က်န္တဲ့ေလယာဥ္အဖြဲ႕သားမ်ားနဲ႔ က်မ္းမာေရးဆရာဝန္မ်ားကို ေလးစားစြာဂုဏ္ျပဳပါတယ္။

ထွန်းထွန်းဝင် (Facebook)

Read times Last modified on Monday, 03 February 2020 21:14
Rate this item
(0 votes)