What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 02 February 2020 12:10

မိုင်းယု-ကျိန်းယဲန်း တံတား၌ မိုင်းယုမြို့အဝင် လူဦးရေ ၄၈၀၉ ဦး ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ သံသယလူနာ မတွေ့ရသေး

ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါအန္တရာယ် ကူးစက်လာမည့်ကို စိုးရိမ်သဖြင့်

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသဖြစ်သည့် မိုင်းယုမြို့တွင် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ရောဂါအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မိုင်းယု-ကျိန်းယဲန်း တံတားပေါ်၌ ရောဂါပိုး ရှိ/မရှိ စစ်ဆေးရေးမှုများကို ဇန်နဝါရီ ၂၉ ရက်နေ့က စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယမန်နေ့ထိ သံသယ လူနာ မတွေ့ရှိရသေးကြောင်း သိရသည်။

 

ဝူဟန်ဗိုင်းရပ်စ်(ခ) ကိုရိုနာဗိုင်းရပ်စ် 2019-nCoV)ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရောဂါပိုး ရှိ/မရှိ စစ်ဆေးမှုများကို ယင်းတံတားပေါ်၌ မိုင်းယုမြို့ဖက်အဝင် ဇန်နဝါရီ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီ ၁ ရက်နေ့ထိ ကျား ၃၀၅၅ ဉီး၊ မ ၁၇၅၄ ဦး၊ စုစုပေါင်း ၄၈၀၉ ဦးတို့ကို စစ်ဆေးခဲ့ရာ ဝူဟန်ဗိုင်းရပ်စ် (ခ)ကိုရိုနာဗိုင်းရပ်စ် (2019-nCoV)ရောဂါ သံသယရှိသူ မတွေ့ရှိရသေးကြောင်း ပူးပေါင်း စစ်ဆေးရေး အဖွဲ့၏ မှတ်တမ်းအရ သိရသည်။

 

အဆိုပါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းကို တံတားလုံခြုံရေး တာဝန်ခံတပ်မတော်သားအဖွဲ့များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုးနှင့် ဌာနဆိုင်ရာများ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ယင်းတံတားပေါ်တွင် တရုတ်ဖက်ခြမ်းမှ ဝင်ရောက်လာကြသည့် ခရီးသွား ပြည်သူများနှင့် ဒေသခံပြည်သူများဖြစ်ကြသည် ကလေးလူကြီးများပါမကျန် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV)ဗိုင်းရပ်စ်ရောဂါ ကူးစက်လာမှု မရှိစေရေး ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာနိုင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ် (2019-nCoV) ဗိုင်းရပ်စ် အန္တရာယ် လိုက်နာရမည့် နည်းလမ်းတို့ကို ပညာပေးစစ်ဆေးခြင်းများကို နေ့စဉ်ပြုလုပ် နေလျက်ရှိကြောင်း သိရသည်။

 

ကိုကိုနိုင်(မိုင်းယု)

 

(Zawgyi)

-----------

မိုင္းယု-က်ိန္းယဲန္း တံတား၌ မိုင္းယုၿမိဳ႕အဝင္ လူဦးေရ ၄၈၀၉ ဦး ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုး ရွိ/မရွိ စစ္ေဆးခဲ့ရာ သံသယလူနာ မေတြ႕ရေသး

 

ကိုရိုနာဗိုင္းရပ္စ္ (2019-nCoV) ေရာဂါအႏၲရာယ္ ကူးစက္လာမည့္ကို စိုးရိမ္သျဖင့္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ တ႐ုတ္-ျမန္မာ နယ္စပ္ေဒသျဖစ္သည့္ မိုင္းယုၿမိဳ႕တြင္ ကိုရိုနာဗိုင္းရပ္စ္ (2019-nCoV) ေရာဂါအႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးအတြက္ မိုင္းယု-က်ိန္းယဲန္း တံတားေပၚ၌ ေရာဂါပိုး ရွိ/မရွိ စစ္ေဆးေရးမႈမ်ားကို ဇန္နဝါရီ ၂၉ ရက္ေန႕က စစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ရာ ယမန္ေန႕ထိ သံသယ လူနာ မေတြ႕ရွိရေသးေၾကာင္း သိရသည္။

 

ဝူဟန္ဗိုင္းရပ္စ္(ခ) ကိုရိုနာဗိုင္းရပ္စ္ 2019-nCoV)ေရာဂါ ႀကိဳတင္ကာကြယ္ေရးအတြက္ ေရာဂါပိုး ရွိ/မရွိ စစ္ေဆးမႈမ်ားကို ယင္းတံတားေပၚ၌ မိုင္းယုၿမိဳ႕ဖက္အဝင္ ဇန္နဝါရီ ၂၉ ရက္ေန႕မွ ေဖေဖာ္ဝါရီ ၁ ရက္ေန႕ထိ က်ား ၃၀၅၅ ဉီး၊ မ ၁၇၅၄ ဦး၊ စုစုေပါင္း ၄၈၀၉ ဦးတို႔ကို စစ္ေဆးခဲ့ရာ ဝူဟန္ဗိုင္းရပ္စ္ (ခ)ကိုရိုနာဗိုင္းရပ္စ္ (2019-nCoV)ေရာဂါ သံသယရွိသူ မေတြ႕ရွိရေသးေၾကာင္း ပူးေပါင္း စစ္ေဆးေရး အဖြဲ႕၏ မွတ္တမ္းအရ သိရသည္။

 

အဆိုပါ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းကို တံတားလုံၿခဳံေရး တာဝန္ခံတပ္မေတာ္သားအဖြဲ႕မ်ား၊ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ျပည့္ၿဖိဳးႏွင့္ ဌာနဆိုင္ရာမ်ား ပူးေပါင္းစစ္ေဆးေရး အဖြဲ႕မ်ားက ယင္းတံတားေပၚတြင္ တ႐ုတ္ဖက္ျခမ္းမွ ဝင္ေရာက္လာၾကသည့္ ခရီးသြား ျပည္သူမ်ားႏွင့္ ေဒသခံျပည္သူမ်ားျဖစ္ၾကသည္ ကေလးလူႀကီးမ်ားပါမက်န္ ကိုရိုနာဗိုင္းရပ္စ္ (2019-nCoV)ဗိုင္းရပ္စ္ေရာဂါ ကူးစက္လာမႈ မရွိေစေရး ကိုယ္အပူခ်ိန္တိုင္းတာျခင္း၊ ႏွာေခါင္းစည္း(Mask)မ်ား တပ္ဆင္သြားလာနိုင္ေရးႏွင့္ ကိုရိုနာဗိုင္းရပ္စ္ (2019-nCoV) ဗိုင္းရပ္စ္ အႏၲရာယ္ လိုက္နာရမည့္ နည္းလမ္းတို႔ကို ပညာေပးစစ္ေဆးျခင္းမ်ားကို ေန႕စဥ္ျပဳလုပ္ ေနလ်က္ရွိေၾကာင္း သိရသည္။

 

ကိုကိုနိုင္(မိုင္းယု)

Read times Last modified on Monday, 03 February 2020 21:14
Rate this item
(0 votes)