What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 09:01

ဂျာမနီ မှာ ကလေးငယ်တစ်ဦးကို ၁၁ ဦးမြောက် ဝူဟံဗိုင်းရပ်စ် လူနာ အတည်ပြု

ဂျာမနီနိုင်ငံ ပြည်ထောင်စုပြည်နယ် Bavaria တွင် ဝူဟံဗိုင်းရပ်စ် လူနာတစ်ဦး ထပ်မံတွေ့ရှိ အတည်ပြုခဲ့ရာ ယခုအခါ ၁၁ ဦးရှိနေပြီပါပြီး။

ယခုလူနာမှာ ကလေးငယ်တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူထံ၌ ဝူဟံဗိုင်းရပ်စ်ဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ပြီး တစ်ပတ်အကြာတွင် ကလေးငယ်ထံ ကူးစက်နေကြောင်း တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

 

ဖခင်ဖြစ်သူမှာ အသက် ၃၃ နှစ်ရှိပြီး သူနှင့်အတူ လုပ်ဖော်ကိုင်ဖက် ခြောက်ဦးတို့ ရောဂါပိုး ကူးစက်ခံထားရကြောင်း ဆေးစစ်ချက်အရ အတည်ပြုခဲ့ပါတယ်။ တစ်နည်းဆိုရသော် ကုမ္ပဏီလုပ်ငန်းခွင်တွင် ကူးစက်ခဲ့ခြင်းဖြစ်ပါတယ်။ သူတို့ ခုနစ်ဦးတွင် ငါးဦးမှာ ဂျာမန်ဖြစ်ပြီး နှစ်ဦးမှာ တရုတ် ဖြစ်ပါတယ်။

 

ထိုတရုတ် နှစ်ဦးတွင် တစ်ဦးက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့မှ ရောက်ရှိလာခဲ့ရာ၌ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်း ဖြစ်ကြောင်း သိရပြီး သူတို့ လုပ်ကိုင်သည့် ယာဉ်အပိုပစ္စည်း လုပ်ငန်း Webasto ကုမ္ပဏီရှိ ဝန်ထမ်းများ အားလုံးကို ဆေးစစ်မှု ခံယူစေခဲ့ရာ၌ လုပ်ငန်းခွင်မှာ ကူးစက်ခံထားရသည့် အခြားသူများကို ဆေးစစ်ချက်အရ ရောဂါပိုး ရှိကြောင်း အတည်ပြု ခဲ့ကြပါတယ်။

Written By Health Products Directory

 

(Zawgyi)

----------


 


 


 


 


Read times Last modified on Tuesday, 04 February 2020 10:42
Rate this item
(1 Vote)