What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 05 October 2020 18:41

သံဃာများ ကူးစက်ခံရပြီး ၂၆ လမ်းဈေး ယာယီပိတ်

ပန်းဘဲတန်းမြို့နယ်၊ (၂၆)လမ်းပျံကျ ဈေးအား မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်တိုဘာလ (၆) ရက်နေ့မှ စတင်၍ ယာယီ ပိတ်သိမ်းထားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက် (၂၆)လမ်းပျံကျဈေးအတွင်းရှိ အဆောင် နေအိမ်တွင် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ကိုဗစ်လူနာပိုးရှိသူ (၂၂)ဦး တွေ့ရှိ ပြီးနောက် အောက်တိုဘာလ (၄)ရက်နေ့တွင် မဟာသိမ်တော်ကြီး ပရိယတ္တိ စာသင်တိုက်မှ သံဃာတော်(၇၆)ပါးနှင့်

 

ကပ္ပိယ (၁၄)ဦး ကိုဗစ်-၁၉ရောဂါပိုး စစ်ဆေးတွေ့ရှိမှုကြောင့် သိမ်တော်ကြီး စာသင်တိုက်နှင့် ကပ်လျက်ရှိသော (၂၆)လမ်းပျံကျဈေးသည် ကိုဗစ်-၁၉ရောဂါ ကူးစက်လွယ်သောနေရာဖြစ်ကြောင်း သုံးသပ်ခဲ့ပြီး မြို့နယ်

 

ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ အောက်တိုဘာလ (၆)ရက်နေ့မှ စတင်ပြီး

 

ယာယီ ပိတ်ထားရန်အတွက် မြို့နယ် စည်ပင်သာယာရေးမှ တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

MRTV

Read times
Rate this item
(0 votes)