What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Tuesday, 04 February 2020 14:28
အပျော်စီးသင်္ဘောတစ်ဦးစီးလုံးကို ကမ်းကပ်မခံပဲစောင့်ကြည့်စစ်ဆေးနေတဲ့ ဂျပန်နိုင်ငံ
စနေနေ့က ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ခရီးသည်တစ်ဦးပါဝင်သည့်သဘောၤသည် ဂျပန်နိုင်ငံယိုကိုဟားမား ဆိပ်ကမ်းသို့ဆိုက်ရောက်ရန်ပြင်ဆင်ခဲ့ရာ အဆိုပါသင်္ဘောကို ကျန်းမာရေးစစ်ဆေး ရန်အတွက်စောင့်ကြည့်ရပ်နားထားကြောင်း သိရသည်။
ကူးစက်ခံထားရသော ခရီးသည်မှာ အသက် ၈၀ အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တရုတ်ပြည်မကြီသို့ ရောက်ရှိခဲ့သူဖြစ်သည်။ သူသည်နာရီအနည်းငယ်ကြာ လည်ပတ်ခဲ့သော်လည်း အသားစိမ်း၊ ငါးစိမ်းများနှင့်ထိတွေ့ခဲ့ခြင်းမရှိပေ။
ထို့ နောက်တွင် ဟောင်ကောင်မှ တိုကျိုသို့ ဇန်နဝါရီ ၁၇ ရက်နေ့တွင် လေယာဉ်ဖြင့်စီးနင်းလိုက်ပါခဲ့သည်။ သူသည် ဇန်နဝါရီ ၁၉ ရက်နေ့တွင်စတင်ချောင်းဆိုးခဲ့ပြီး ၂၀ ရက်နေ့တွင် ယိုကိုဟားမားရှိ Diamond Princess သဘောၤ ပေါ်တို့တက်ရောက်လိုက်ပါခဲ့သည်။ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သဘောၤပေါ်မှဆင်းခဲ့သည်။ ထို့နောက်တွင် အဖျားရောဂါလက္ခဏာများကို စတင်ခံစားခဲ့ရပြီး ဇန်နဝါရီလ ၃၀ ရက်နေ့တွင်ဆေးကုသမှုခံယူခဲ့ပြီး လက်ရှိတွင် တည်ငြိမ်သောအခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
လက်ရှိတွင်အဆိုပါသဘောၤသည် ယိုကိုဟားမားသို့ပြန်လည်ရောက်ရှိနေပြီး ဂျပန်နိုင်ငံအဏာပိုင်များအနေဖြင့် ကူးစက်ခံခဲ့ရသောခရီးသည်နှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ဖော်ထုတ်ရန်ကြိုးစားလျှက်ရှိသည်။
အဆိုပါသင်္ဘောပေါ်တွင် ခရီးသည် ၂,၆၆၆ ဦးနှင့် အမှုထမ်းပေါင်း ၁,၀၅၄ ဦးတို့ပါဝင်ခဲ့ပြီး အဆိုပါသဘောၤပေါ်ရှိ လူအားလုံးကို တစ်ဦးနှင့်တစ်ဦးသီးခြားခွဲခြားထားရှိလျှက် ကျန်းမာရေးစစ်ဆေးလျှက်ရှိသည်။ အဆိုပါသင်္ဘော သည် ဂျပန်နိုင်ငံယိုကိုဟားမားသို့ မကပ်မီ ဟောင်ကောင်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို အလည်အပတ် ရောက်ရှိခဲ့သည်။
Written By Health Products Directory
(Zawgyi)
---------
စနေနေ့က ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသော ခရီးသည်တစ်ဦးပါဝင်သည့်သဘောင်္သည် ဂျပန်နိုင်ငံယိုကိုဟားမား ဆိပ်ကမ်းသို့ဆိုက်ရောက်ရန်ပြင်ဆင်ခဲ့ရာ အဆိုပါသင်္ဘောကို ကျန်းမာရေးစစ်ဆေး ရန်အတွက်စောင့်ကြည့်ရပ်နားထားကြောင်း သိရသည်။
လက်ရှိတွင်အဆိုပါသဘောင်္သည် ယိုကိုဟားမားသို့ပြန်လည်ရောက်ရှိနေပြီး ဂျပန်နိုင်ငံအဏာပိုင်များအနေဖြင့် ကူးစက်ခံခဲ့ရသောခရီးသည်နှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ဖော်ထုတ်ရန်ကြိုးစားလျှက်ရှိသည်။
Read times
Rate this item
(0 votes)