What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 23 August 2020 08:07

စစ်တွေမြို့အတွက် COVID-19 ဆောင်ရွက်ချက်များ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် လျင်မြန်စွာကူးစက်ဖြစ်ပွားနေသော COVID-19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ နှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် Videoconferencing စနစ်ဖြင့် ဆွေးနွေးခဲ့ပြီး ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၌ ပြုလုပ်ခဲ့သော အရေးပေါ်အခြေအနေအမျိုးမျိုးအတွက် ဆေးရုံများ၌ ဘက်စုံအသင့်ပြင်ဆင်ထားရှိနိုင်ရေးနှင့် စနစ်တကျတုံ့ပြန်ဆောင်ရွက်နိုင်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်း (Table-Top Exercise) ကို ဩဂုတ်လ ၂၂ ရက်တွင် ကျင်းပခဲ့ရာ  ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် စစ်တွေမြို့အတွက် ဆောင်ရွက်ထားမှုများကို အသိပေးပြောကြားခဲ့သည်။ 

 

 • ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် မြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက် တာကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ပြီး (၄၄) ဦးသည် စစ်တွေမြို့မှ ဖြစ်သည်။

• ယခု စစ်တွေမြို့၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇ ပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကိုစစ်ဆေးဖော်ထုတ်သွားမည်။

• ဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ်ပြည် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးတို့နှင့် အချိန်နှင့်တစ်ပြေးညီချိတ်ဆက်ကာ ရခိုင်ပြည်နယ်တွင် ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အခြားနေရာဒေသများသို့ ပြန်ပွားမှုထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

• စစ်တွေ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ အောင်မြင်ခဲ့သည့် သူနာပြု (၅၆) ဦးအား ရခိုင်ပြည်နယ်တွင် ယမန်နေ့ကခန့်အပ်တာဝန်ချထားခဲ့ပြီးဖြစ်သည်။

• ဩဂုတ်လ (၂၃) ရက်တွင်လည်း "မိမိဆန္ဒအလျောက်" ရခိုင်ပြည်နယ်တွင် ယာယီတာဝန်ထမ်းဆောင်မည့် ဒုတိယပြည်နယ် ပြည်သူကျန်းမာရေးဦးစီးဌာနမှူး (၁) ဦး၊ လက်ထောက်ဆရာဝန် (မေ့ဆေးအထူးကု) (၃) ဦးနှင့် လက်ထောက်ဆရာဝန် (ဆေးပညာအထူးကု) (၁) ဦး၊ လက်ထောက်ဆရာဝန် (၁၃) ဦးနှင့် သူနာပြုဆရာမကြီး (၃) ဦးတို့ကို ဆေးနှင့် ဆေးပစ္စည်းကိရိယာများနှင့်အတူ အထူးလေယာဉ်ဖြင့် ထပ်မံပို့ဆောင်သွားမည်ဖြစ်သည်။

• COVID-19 ဓာတ်ခွဲစစ်ဆေးမှုများကို စစ်တွေပြည်သူ့ဆေးရုံကြီးတွင် GeneXpert စက် (၂) လုံးဖြင့် စစ်ဆေးလျက်ရှိပြီး ရောဂါဗေဒအထူးကုဆရာဝန်ကြီး (၁) ဦးနှင့် အဏုဇီဝဗေဒပညာရှင် (၂) ဦးကိုလည်း အင်အားဖြည့်တင်း ယာယီတာဝန်ချထားပြီးဖြစ်၍ ဩဂုတ်လ (၂၃) ရက်တွင် သွားရောက်ကြမည်ဖြစ်သည်။

• စစ်တွေပြည်သူ့ဆေးရုံကြီးတွင် လူနာထားရှိရန်နေရာများ တိုးချဲ့ခြင်းကိုလုပ်ဆောင်နေပြီး လိုအပ်ပါက ယာယီဆေးရုံများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။

• အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် ထိန်းချုပ်ရန်ခက်ခဲသော ကူးစက်ဖြစ်ပွားမှုအခြေအနေများဖြစ်ပွားနေသကဲ့သို့ မိမိတို့နိုင်ငံတွင်လည်း ဖြစ်လာမည်ကို စိုးရိမ်ဖွယ်ရာရှိသဖြင့် ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိသည်။

• ယခုရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုများကဲ့သို့ အခြားပြည်နယ်/ တိုင်းဒေသကြီးများတွင် ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရန် ကျန်တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများကိုလည်း ညွှန်ကြားထားပြီးဖြစ်သည်။

Read times
Rate this item
(0 votes)