What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 29 December 2020 20:03

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံသည့် ရှန်တိန်ယာဉ်မောင်းများ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ နယ်စပ်ဒေသ၊ မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက်ဂိတ်များ ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ကျင်စန်းကျော့ဂိတ်နှင့်

ဝမ်တိန်ဂိတ်တို့တွင် နှစ်နိုင်ငံကုန်တင်ယာဉ်များကို အပြန်/အလှန် လဲလှယ်မောင်းနှင်ပေးသည့် ရှန်တိန်ယာဉ်မောင်း စုစုပေါင်း(၄၁)ဦးတို့ကို တရုတ်နိုင်ငံဘက်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေပြီဖြစ်ကြောင်း မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။

ယမန်နေ့၊ ဒီဇင်ဘာလ(၂၈)ရက်နေ့၌ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ဂိတ်နှင့် ဝမ်တိန်ဂိတ်တို့ရှိ ရှန်တိန်ယာဉ်မောင်းသမား စုစုပေါင်း(၆၀)ကျော်ရှိသည့်အနက် ရှန်တိန်ယာဉ်မောင်း(၂၈)ဦးတို့ကို ကာကွယ်ဆေးများ ထိုးနှံပေးပြီဖြစ်ပြီး ယနေ့၊ ဒီဇင်ဘာလ(၂၉) ရက်နေ့တွင် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ရှိ ရှန်တိန်ယာဉ်မောင်း(၉၀)ဦးအနက် (၁၈)ဦးတို့ကိုလည်း ထိုးနှံပေးကြောင်း သိရသည်။

“ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို (၂)ကြိမ်ထိုးနှံမှာဖြစ်တဲ့အတွက် (၁၄)ရက်အကြာမှာ နောက်တစ်ခါ ထပ်ထိုးဖို့ရှိပါတယ်၊ ကာကွယ်ဆေးမထိုးနှံခင်မှာ ကျန်းမာရေးစစ်ဆေးမှုတွေ အရင်ပြုလုပ်ပြီး ဆီးချို၊ သွေးချိုနှင့် အခြားရောဂါအခံတွေရှိပါက ကာကွယ်ဆေးမထိုးနှံပေးဘူးလို့ သိရပါတယ်၊ ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးကိုတော့ နှစ်ဦးနှစ်ဖက်ရှိ ရှန်တိန်ယာဉ်မောင်းတွေကို ကာကွယ်ဆေး ထိုးနှံပေးတာပါ၊ ကာကွယ်ဆေးထိုးနှံပေးတဲ့ ကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံဆွေးနွေး တိုင်ပင်တာတွေ မရှိတဲ့အတွက် တရုတ်နိုင်ငံဘက်က ကုန်ကျခံပြီး ထိုးနှံပေးတာဖြစ်နိုင်တယ်”လို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းနှင့်ပတ်သက်ပြီး မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းနယ်စပ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးစိုင်းနွံက ပြောကြားသည်။

ယခင်ပတ်က မူဆယ်မြို့၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဦးဆောင်သည့်အဖွဲ့နှင့် တရုတ်နိုင်ငံဘက်က တာဝန်ရှိသူများ အလွတ်သဘောတွေ့ဆုံခဲ့ရာ လက်ရှိနှစ်နိုင်ငံကုန်သွယ် စီးဆင်းမှုပိုမိုမြန်ဆန် လာစေဖို့အတွက် နယ်စပ်ဂိတ်တစ်ချို့ကို အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ရှန်တိန်ယာဉ်မောင်းများကို လက်ရှိလူဦးရေထက် တိုးမြှင့်ခန်းထားမည်ဟု သိရပြီး တရုတ်နိုင်ငံဘက်က ရှန်တိန်ယာဉ်မောင်းများကို ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးတွေထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ချို့ကို အချိန်တိုးမြှင့်ဖွင့်လှစ်ပြီးနောက် ရှန်တိန်ယာဉ်မောင်းများလည်း တိုးမြှင့်ခန့်ထားမည်ဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှုသည် လက်ရှိကုန်သွယ်စီးဆင်းမှုထက် ပိုမိုမြန်ဆန်လာမည် ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးပြီးနောက် တရုတ်နိုင်ငံ၊ ကျယ်ဂေါင်အထိ မြန်မာယာဉ်မောင်းများကို ယခင်အတိုင်းအဝင်/အထွက်ခွင့်ပြုနိုင်ရန်အတွက် မြန်မာနိုင်ငံ ကုန်သည်များအနေဖြင့် လိုလားနေကြသည်။ ရှန်တိန်ယာဉ်မောင်းများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး ကာကွယ်ဆေးထိုးနှံသူများ ဖြစ်ကြောင်း သိရသည်။

moi.gov.mm

Read times
Rate this item
(0 votes)