What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 04 February 2020 22:58

2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(4-2-2020, 9:00 P.M) 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(က) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019-nCoV acute respiratory disease ရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ (၄-၂-၂၀၂၀) ရက်နေ့၊ ယခုအချိန်အထိ သံသယလူနာ (၂) ဦးအပါအဝင် လူနာ (၉) ဦး တို့အား ဆေးရုံများတွင် ကုသမှုပေးခဲ့ပြီး လူနာ (၁) ဦးမှာ ဓာတ်ခွဲအဖြေတွင် 2019 Novel Coronavirus မတွေ့ရှိပါသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၄-၂-၂၀၂၀) ရက်နေ့တွင် သံသယ လူနာ (၂) ဦးအပါအဝင် စုစုပေါင်းလူနာ (၈) ဦးတို့အား အောက်ပါဆေးရုံများတွင် ကုသမှုပေးလျက်ရှိပါ သည်။

ဝေဘာဂီအထူးကုဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး -

၁။ (၃၁-၁-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အသက် (၅၆) နှစ်အရွယ် အမျိုးသားထံမှ နှာခေါင်းတို့ဖတ်နမူနာ (Nasopharyngeal Swab) များရယူပြီး ရည်ညွှန်း ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ 2019 Novel Coronavirus ဗိုင်းရပ်(စ်) ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ယမန်နေ့ (၃-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပါသည်။

(သတင်းထုတ်ပြန်ပြီး)

၂။ (၁-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် အသက် (၁၅) နှစ်အရွယ် တရုတ် တိုင်ပေမှ ကလေး (ကျား) တစ်ဦး ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) တိုးတက်မှုရှိပါသည်။

၃။ (၃-၂-၂၀၂၀) ရက်နေ့တွင် လှိုင်သာယာပြည်သူ့ဆေးရုံမှ လွှဲပြောင်းပေးပို့၍ ဆေးရုံ၌ ထားရှိ ကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၃၂) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ အဖျားတက်လာသဖြင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

လွိုင်ကော်ပြည်သူ့ဆေးရုံ -

၄။ (၁.၂.၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် မြန်မာနိုင်ငံသား အသက်(၂)နှစ်(၂)လအရွယ် ကလေးငယ် (မ) တစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံကြီး -

၅။ (၁-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ် (မ) တစ်ဦး ၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်း စစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

နမ္မတူမြို့နယ်ပြည်သူ့ဆေးရုံ -

၆။ (၃-၂-၂၀၂၀)ရက်နေ့တွင် (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား အသက် (၄၅)နှစ် အရွယ် အမျိုးသားတစ်ဉီး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) အခြေအနေ တိုးတက်မှုရှိကြောင်း သိရှိရပါသည်။

မင်းပြားပြည်သူ့ဆေးရုံ၊ ရခိုင်ပြည်နယ် -

၇။ (၂-၂-၂၀၂၀) ရက်နေ့တွင် (သံသယ) လူနာအဖြစ် သတ်မှတ်၍ သီးခြားခန်း (isolation room) တွင် ထားရှိကုသမှုခံယူနေသည့် မြန်မာနိုင်ငံသား အသက် (၃၈) နှစ်အရွယ်ရှိ အမျိုးသား၏ ကျန်းမာရေး အခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး -

၈။ (၂-၂-၂၀၂၀) ရက်နေ့တွင် ဆေးရုံ၌ ထားရှိကုသမှုပေးခဲ့သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသား အသက် (၂၉) နှစ်အရွယ် အမျိုးသားတစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန်လျက်ရှိပါသည်။

တောင်ကြီးစဝ်စံထွန်းဆေးရုံကြီး -

၉။ (၂-၂-၂၀၂၀) ရက်နေ့တွင် သီးခြားခန်း၌ ထားရှိကုသမှုခံယူနေသည့် ကိုရီးယားသမ္မတနိုင်ငံသား အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦး၏ ကျန်းမာရေးအခြေအနေမှာ (ယနေ့၊ ညနေပိုင်းစစ်ဆေးချက်များအရ) ကောင်းမွန် လျက်ရှိပါသည်။

(ခ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှ ပြန်လည်ရောက်ရှိလာပြီး မန္တလေး ကန်တော်နဒီဆေးရုံ တွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော ကျောင်းသား (၅၉) ဦးနှင့် ဆေးအဖွဲ့ (၃) ဦး၊ ဝေဘာဂီအထူးကဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လေယာဉ်အမှုထမ်း (၅) ဦး၊ နေအိမ်တွင်ထားရှိ၍ စောင့်ကြပ် ကြည့်ရှုလျက်ရှိသော လေယာဉ်မှူးကြီးနှင့်အဖွဲ့ (၄) ဦးတို့သည် ကျန်းမာလျက်ရှိပါသည်။

zawgyi

2019-nCoV acute respiratory disease ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(4-2-2020, 9:00 P.M)

(က) က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ 2019-nCoV acute respiratory disease ေရာဂါ ေစာင့္ၾကပ္ၾကည့္ရွမႈႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျဖင့္ ေဆာင္႐ြက္လ်က္ရွိရာ ယေန႔ (၄-၂-၂၀၂၀) ရက္ေန႔၊ ယခုအခ်ိန္အထိ သံသယလူနာ (၂) ဦးအပါအဝင္ လူနာ (၉) ဦး တို႔အား ေဆး႐ုံမ်ားတြင္ ကုသမႈေပးခဲ့ၿပီး လူနာ (၁) ဦးမွာ ဓာတ္ခြဲအေျဖတြင္ 2019 Novel Coronavirus မေတြ႕ရွိပါသျဖင့္ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ပါသည္။ သို႔ျဖစ္ပါ၍ (၄-၂-၂၀၂၀) ရက္ေန႔တြင္ သံသယ လူနာ (၂) ဦးအပါအဝင္ စုစုေပါင္းလူနာ (၈) ဦးတို႔အား ေအာက္ပါေဆး႐ုံမ်ားတြင္ ကုသမႈေပးလ်က္ရွိပါ သည္။

ေဝဘာဂီအထူးကုေဆး႐ုံ၊ ရန္ကုန္တိုင္းေဒသႀကီး -

၁။ (၃၁-၁-၂၀၂၀) ရက္ေန႔တြင္ ေဆး႐ုံ၌ ထားရွိကုသမႈေပးခဲ့သည့္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံသား အသက္ (၅၆) ႏွစ္အ႐ြယ္ အမ်ိဳးသားထံမွ ႏွာေခါင္းတို႔ဖတ္နမူနာ (Nasopharyngeal Swab) မ်ားရယူၿပီး ရည္ၫႊန္း ဓာတ္ခြဲခန္းသို႔ ေပးပို႔စစ္ေဆးခဲ့ရာ 2019 Novel Coronavirus ဗိုင္းရပ္(စ္) ေရာဂါပိုးမရွိေၾကာင္း (မရွိေၾကာင္း) ကို စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ ယမန္ေန႔ (၃-၂-၂၀၂၀) ရက္ေန႔တြင္ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့ပါသည္။

(သတင္းထုတ္ျပန္ၿပီး)

၂။ (၁-၂-၂၀၂၀) ရက္ေန႔တြင္ ေဆး႐ုံ၌ ထားရွိကုသမႈေပးခဲ့သည့္ အသက္ (၁၅) ႏွစ္အ႐ြယ္ တ႐ုတ္ တိုင္ေပမွ ကေလး (က်ား) တစ္ဦး က်န္းမာေရးအေျခအေနမွာ (ယေန႔၊ ညေနပိုင္းစစ္ေဆးခ်က္မ်ားအရ) တိုးတက္မႈရွိပါသည္။

၃။ (၃-၂-၂၀၂၀) ရက္ေန႔တြင္ လႈိင္သာယာျပည္သူ႔ေဆး႐ုံမွ လႊဲေျပာင္းေပးပို႔၍ ေဆး႐ုံ၌ ထားရွိ ကုသမႈေပးခဲ့သည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသား အသက္ (၃၂) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးမွာ အဖ်ားတက္လာသျဖင့္ လိုအပ္ေသာ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိပါသည္။

လြိဳင္ေကာ္ျပည္သူ႔ေဆး႐ုံ -

၄။ (၁.၂.၂၀၂၀) ရက္ေန႔တြင္ ေဆး႐ုံ၌ ထားရွိကုသမႈေပးခဲ့သည့္ ျမန္မာႏိုင္ငံသား အသက္(၂)ႏွစ္(၂)လအ႐ြယ္ ကေလးငယ္ (မ) တစ္ဦး၏ က်န္းမာေရးအေျခအေနမွာ (ယေန႔၊ ညေနပိုင္း စစ္ေဆးခ်က္မ်ားအရ) ေကာင္းမြန္လ်က္ရွိပါသည္။

က်ိဳင္းတုံျပည္သူ႔ေဆး႐ုံႀကီး -

၅။ (၁-၂-၂၀၂၀) ရက္ေန႔တြင္ ေဆး႐ုံ၌ ထားရွိကုသမႈေပးခဲ့သည့္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသား အသက္ (၁) ႏွစ္၊ (၂) လ အ႐ြယ္ရွိ ကေလးငယ္ (မ) တစ္ဦး ၏ က်န္းမာေရးအေျခအေနမွာ (ယေန႔၊ ညေနပိုင္း စစ္ေဆးခ်က္မ်ားအရ) ေကာင္းမြန္လ်က္ရွိပါသည္။

နမၼတူၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံ -

၆။ (၃-၂-၂၀၂၀)ရက္ေန႔တြင္ (သံသယ) လူနာအျဖစ္ သတ္မွတ္၍ သီးျခားခန္း (isolation room) တြင္ ထားရွိကုသမႈခံယူေနသည့္ ျမန္မာႏိုင္ငံသား အသက္ (၄၅)ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဉီး၏ က်န္းမာေရးအေျခအေနမွာ (ယေန႔၊ ညေနပိုင္းစစ္ေဆးခ်က္မ်ားအရ) အေျခအေန တိုးတက္မႈရွိေၾကာင္း သိရွိရပါသည္။

မင္းျပားျပည္သူ႔ေဆး႐ုံ၊ ရခိုင္ျပည္နယ္ -

၇။ (၂-၂-၂၀၂၀) ရက္ေန႔တြင္ (သံသယ) လူနာအျဖစ္ သတ္မွတ္၍ သီးျခားခန္း (isolation room) တြင္ ထားရွိကုသမႈခံယူေနသည့္ ျမန္မာႏိုင္ငံသား အသက္ (၃၈) ႏွစ္အ႐ြယ္ရွိ အမ်ိဳးသား၏ က်န္းမာေရး အေျခအေနမွာ (ယေန႔၊ ညေနပိုင္းစစ္ေဆးခ်က္မ်ားအရ) ေကာင္းမြန္လ်က္ရွိပါသည္။

ေနျပည္ေတာ္ ခုတင္ (၁၀၀၀) ဆံ့ ျပည္သူ႔ေဆး႐ုံႀကီး -

၈။ (၂-၂-၂၀၂၀) ရက္ေန႔တြင္ ေဆး႐ုံ၌ ထားရွိကုသမႈေပးခဲ့သည့္ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံသား အသက္ (၂၉) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၏ က်န္းမာေရးအေျခအေနမွာ (ယေန႔၊ ညေနပိုင္းစစ္ေဆးခ်က္မ်ားအရ) ေကာင္းမြန္လ်က္ရွိပါသည္။

ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံႀကီး -

၉။ (၂-၂-၂၀၂၀) ရက္ေန႔တြင္ သီးျခားခန္း၌ ထားရွိကုသမႈခံယူေနသည့္ ကိုရီးယားသမၼတႏိုင္ငံသား အသက္(၂၆)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၏ က်န္းမာေရးအေျခအေနမွာ (ယေန႔၊ ညေနပိုင္းစစ္ေဆးခ်က္မ်ားအရ) ေကာင္းမြန္ လ်က္ရွိပါသည္။

(ခ) တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွ ျပန္လည္ေရာက္ရွိလာၿပီး မႏၲေလး ကန္ေတာ္နဒီေဆး႐ုံ တြင္ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ ေက်ာင္းသား (၅၉) ဦးႏွင့္ ေဆးအဖြဲ႕ (၃) ဦး၊ ေဝဘာဂီအထူးကေဆး႐ုံတြင္ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ ေလယာဥ္အမႈထမ္း (၅) ဦး၊ ေနအိမ္တြင္ထားရွိ၍ ေစာင့္ၾကပ္ ၾကည့္ရႈလ်က္ရွိေသာ ေလယာဥ္မႉးႀကီးႏွင့္အဖြဲ႕ (၄) ဦးတို႔သည္ က်န္းမာလ်က္ရွိပါသည္။

Read times Last modified on Wednesday, 05 February 2020 15:24
Rate this item
(1 Vote)