What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 25 March 2020 17:53

ရောဂါလက္ခဏာမပြပဲ COVID 19 ဖြစ်နေတဲ့ အိမ်ရှေ့မင်းသား ချားလ်စ်

90251442 832926683874316 4730726126572273664 n

အသက် ၇၁ နှစ်အရွယ်အိမ်ရှေ့မင်းသား ချားလ်စ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း Daily Mail ကဖော်ပြခဲ့သည်။

 

“ သူသည် social distance အနေအထားနှင့် လက်ဆွဲနှုတ်ဆက်ခြင်း စသည်တို့ကို လိုက်နာ ရှောင်ကြဉ်ခဲ့သော်လည်း ယခုလိုကူးစက်ခံရမှုအတွက် အံအားသင့်နေကြောင်း၊ သိုသော်ရောဂါလက္ခဏာမှာ ပြင်းထန်မှုမရှိပဲ နေအိမ်တွင်စောင့်ကြည့်ကုသမှုခံယူကာ ပုံမှန်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်သွား မည်ဖြစ်ကြောင်း” အိမ်တော်၏ ပြောရေးဆိုခွင့်ရသူက ဆိုခဲ့သည်။

 

ယခုလို ရောဂါဝေဒနာကူးစက်ခံရမှုသည် မိုနာကိုအိမ်ရှေ့မင်းသားအဲလ်ဘတ်နှင့် တွေ့ဆုံပြီး ၂ ပတ်တာ ကာလအတွင်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

 

အဲလ်ဘတ်သည် ရောဂါစစ်ဆေးခံရမှုတွင် positive ပြခဲ့သူဖြစ်သည်။ သို့သော် ချားလ်စ်၏ကူးစက်ခံရမှုသည် မိုနာကိုအိမ်ရှေ့စံ အဲလ်ဘတ်ထံမှဆိုသည်ကို ပြောဆိုရန်ခက်ခဲနေပြီး ချားလ်စ်သည် အခြားသောလူများနှင့် လည်းတွေ့ဆုံခဲ့ကြောင်း အိမ်တော်ပြောရေးဆိုခွင့်ရသူကပင် ဆက်လက်ပြောဆိုသွားခဲ့သည်။

 

 (ကျန်းမာရေး စောင့်ရှောက်မှုပေးသော ဆေးခန်း ၁၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Healthcare Services

 

သို့သော် အဲလ်ဘတ်ထံမှဟုတ်လျှင် အခြားဘယ်သူဆီကလဲဆိုတာအတွက် မေးခွန်းထုတ်မှုများ များပြားလျှက်ရှိသည်။ ချားလ်စ်၏ကြင်ယာတော် ကမ်မလီယာတွင် ရောဂါမရှိကြောင်း သိရသည်။

 

သို့သော် ချားလ်စ်ထံသို့ရောဂါကူးစက်မခံရမီ ရက်အနည်းဘက်ကမ်ဟန်နန်းတော်၏ အိမ်တော်ဝန်ထမ်း တစ်ယောက်တွင် ရောဂါလက္ခဏာစစ်ဆေးရာ positive ပြခဲ့ကြောင်းသိရသည်။

 

လက်ရှိချားလ်စ်၏ ကိုရိုနာ ဗိုင်းရပ်စ်မှာရောဂါလက္ခဏာပြသမှုမရှိကြောင်းနှင့် ဗြိတိန်တွင် ကိုရိုနာဗိုင်းရပစ်ကြောင့် လူ ၄၀၀ကျော်သေဆုံး ခဲ့ပြီဖြစ်သည်။

 

90165828 212716063139335 1462378197545910272 n

 

(Zawgyi)

======

ေရာဂါလကၡဏာမျပပဲ COVID 19 ျဖစ္ေနတဲ့ အိမ္ေရွ႕မင္းသား ခ်ားလ္စ္


အသက္ ၇၁ ႏွစ္အရြယ္အိမ္ေရွ႕မင္းသား ခ်ားလ္စ္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း Daily Mail ကေဖာ္ျပခဲ့သည္။

 

“ သူသည္ social distance အေနအထားႏွင့္ လက္ဆဲြႏႈတ္ဆက္ျခင္း စသည္တို႔ကို လိုက္နာ ေရွာင္ၾကဥ္ခဲ့ေသာ္လည္း ယခုလိုကူးစက္ခံရမႈအတြက္ အံအားသင့္ေနေၾကာင္း၊ သိုေသာ္ေရာဂါလကၡဏာမွာ ျပင္းထန္မႈမရွိပဲ ေနအိမ္တြင္ေစာင့္ၾကည့္ကုသမႈခံယူကာ ပံုမွန္လုပ္ငန္းေဆာင္တာမ်ားကို လုပ္ေဆာင္သြား မည္ျဖစ္ေၾကာင္း” အိမ္ေတာ္၏ ေျပာေရးဆိုခြင့္ရသူက ဆိုခဲ့သည္။ ယခုလို ေရာဂါေ၀ဒနာကူးစက္ခံရမႈသည္ မိုနာကိုအိမ္ေရွ႕မင္းသားအဲလ္ဘတ္ႏွင့္ ေတြ႕ဆံုၿပီး ၂ ပတ္တာ ကာလအတြင္းျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။

 

အဲလ္ဘတ္သည္ ေရာဂါစစ္ေဆးခံရမႈတြင္ positive ျပခဲ့သူျဖစ္သည္။ သို႔ေသာ္ ခ်ားလ္စ္၏ကူးစက္ခံရမႈသည္ မိုနာကိုအိမ္ေရွ႕စံ အဲလ္ဘတ္ထံမွဆိုသည္ကို ေျပာဆိုရန္ခက္ခဲေနၿပီး ခ်ားလ္စ္သည္ အျခားေသာလူမ်ားႏွင့္ လည္းေတြ႕ဆံုခဲ့ေၾကာင္း အိမ္ေတာ္ေျပာေရးဆိုခြင့္ရသူကပင္ ဆက္လက္ေျပာဆိုသြားခဲ့သည္။

 

Healthcare Services (က်န္းမာေရး ေစာင့္ေရွာက္မႈေပးေသာ ေဆးခန္း ၁၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Healthcare Services

 

သို႔ေသာ္ အဲလ္ဘတ္ထံမွဟုတ္လွ်င္ အျခားဘယ္သူဆီကလဲဆိုတာအတြက္ ေမးခြန္းထုတ္မႈမ်ား မ်ားျပားလွ်က္ရွိသည္။ ခ်ားလ္စ္၏ၾကင္ယာေတာ္ ကမ္မလီယာတြင္ ေရာဂါမရွိေၾကာင္း သိရသည္။

 

သို႔ေသာ္ ခ်ားလ္စ္ထံသို႔ေရာဂါကူးစက္မခံရမီ ရက္အနည္းဘက္ကမ္ဟန္နန္းေတာ္၏ အိမ္ေတာ္၀န္ထမ္း တစ္ေယာက္တြင္ ေရာဂါလကၡဏာစစ္ေဆးရာ positive ျပခဲ့ေၾကာင္းသိရသည္။

 

လက္ရွိခ်ားလ္စ္၏ ကို႐ိုနာ ဗိုင္းရပ္စ္မွာေရာဂါလကၡဏာျပသမႈမရွိေၾကာင္းႏွင့္ ၿဗိတိန္တြင္ ကို႐ိုနာဗိုင္းရပစ္ေၾကာင့္ လူ ၄၀၀ေက်ာ္ေသဆံုး ခဲ့ၿပီျဖစ္သည္။

Read times Last modified on Thursday, 26 March 2020 09:18
Rate this item
(1 Vote)