What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Wednesday, 05 February 2020 13:42
Wuhan coronavirus အကြောင်း ဘာတွေ သိထားပြီလဲ
Wuhan coronavirus အကြောင်း ဘာတွေ သိထားပြီလဲ
ကျွန်ုပ်တို့မသိသေးသောအရာများစွာ ရှိနေသေးပြီး ကမ္ဘာတဝှမ်းရှိ
သိပ္ပံပညာရှင်များသည် အချက်အလက်များကိုစုဆောင်းရန်နှင့် ကုသမှုပြုလုပ်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြသည်။
ဤတွင်ကျွန်ုပ်တို့ယခုပြောနိုင်သည်မှာ -
ကုသနည်းရှိလား။
မရှိပါ။ သို့သော် တိုးတက်မှုလက္ခဏာများ ရှိပါသည်။ ထိုင်းဆရာဝန်များက လူနာနှစ် ဦး အား ဗိုင်းရပ်စ်နှိမ်နင်းဆေးများ ပေါင်းစပ်တိုက်ကျွေးခြင်းဖြင့် လူနာတို့ကို အောင်မြင်စွာ ကုသနိုင်ခဲ့သည်ဟု
ပြောကြားခဲ့သည်။
ရောဂါလက္ခဏာတွေကဘာတွေလဲ။
Coronavirus လက္ခဏာတွေက တုပ်ကွေးနှင့် ဆင်ဆင်တးသည်။ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူရတာ ခက်ခဲသည်။ သင့်တွင် ဤရောဂါလက္ခဏာများရှိပြီး မကြာသေးမီက တရုတ်နိုင်ငံသို့ရောက်ရှိခဲ့လျှင် သို့မဟုတ် ရှိခဲ့ဖူးသူ အနီးအနား နေခဲ့ခြင်းရှိပါက ဆရာဝန်နှင့်တွေ့ရန် ကျွမ်းကျင်သူများက အကြံပေးထားသည်။
ဗိုင်းရပ်စ်ပိုးသည်မည်သို့ပျံ့နှံ့သနည်း။
ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းမှ ထုတ်လွှတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ အရည်စက်များမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ဗိုင်းရပ်စ်ပျံ့နှံ့နိုင်သည်ဟု ယူဆရသည်။ ထို့အပြင် ဗိုင်းရပ်စ်ပိုးသည် ပိုးပါဝင်နေသော သွေး၊ ချွေး၊ တံတွေး၊ ဝမ်း၊ ဆီးတို့မှတစ်ဆင့် ကူးစက်ပျံ့နှံ့နိုင်သည်။ လက်ရှိတွင် ဗိုင်းရပ်စ်ပိုးသည် လေထဲတွင်
ပျံ့နှံ့ကူးစက်နိုင်ကြောင်း အထောက်အထားမရှိသေးပါ - ဥပမာအားဖြင့် ၎င်းသည် အခန်းကြီးတစ်ခန်းကို ဖြတ်၍ မသွားနိုင်ပါ။
မည်သူတို့ ကူးစက်နိုင်ခြေရှိသနည်း။
အသက်အရွယ်မရွေး လူအားလုံးသည် ဗိုင်းရပ်စ်ပိုးကူးစက်ခံရနိုင်သော်လည်း သက်ကြီးရွယ်အိုများနှင့် ဆေးဝါးကုသမှု ခံထားရသောသူများသည် အထူးသဖြင့်ပြင်းထန်သောရောဂါများဖြစ်ပွားခြင်းအထိ ရောက်ရှိကြောင် တွေ့ရသည်။.
အင်္ဂါနေ့တွင် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်မှ ပြောကြားခဲ့သည်မှာ သေဆုံးသူ ၄၂၅ ဦး အနက် တရုတ်ပြည်မကြီးတွင်သေဆုံးမှု ၈၀ ရာခိုင်နှုန်းသည် အသက် ၆၀ ကျော်သူများဖြစ်ကြောင်း တွေ့ရှိရသည်။
ကျွန်ုပ်မည်သို့ကာကွယ်ရမည်နည်း။
တုပ်ကွေးရောဂါတိုက်ဖျက်ရေးကာလအတွင်း
သင်ပြုလုပ်ခဲ့သည့်ကြိုတင်ကာကွယ်မှုများအတိုင်းပြုလုပ်ပါ။
လက်များကို ဆပ်ပြာနှင့်ရေဖြင့် မကြာခဏ ဆေးကြောပါ။
နှာချေလျှင် သို့မဟုတ် ချောင်းဆိုးသောအခါ နှာခေါင်းနှင့်ပါးစပ်ကို ဖုံးကာပါ။
လက်ဆေးခြင်းနှင့် mask ဝတ်ဆင်ခြင်းကို ကြည့်ရှုလေ့လာရန် ပုံကို နှိပ်ပါ။
တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားမှု ၁၀၀၀ မှု ကျော်သည့် မြို့ကြီးသုံးမြို့
ဝူဟန် Wuhan - သေဆုံးမှု ၃၆၂ မှုအပါအ ဝင်အမှုပေါင်း ၈၃၅၁ မှု
ဟွမ်ဂံ Huanggang - သေဆုံးမှု ၂၅ ခုအပါအ ဝင်အမှုပေါင်း ၁၆၄၅ ခု
ရှောင်ယိုဂျံ Xiaogan - သေဆုံးမှု ၁၈ ခုအပါအ ဝင်အမှုပေါင်း ၁,၄၆၂ မှု
zawgyi
ကုသနည်းရှိလား။
ပြောကြားခဲ့သည်။
Read times Last modified on Wednesday, 05 February 2020 15:23
Rate this item
(1 Vote)