What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 17 September 2020 11:42

ဧရာဝတီဘဏ်၏ Customer များနှင့် မိဘပြည်သူများသို့ အသိပေးခြင်း

၁။ ဧရာဝတီဘဏ်သည် မိမိတို့၏ Customer များအား အကောင်းဆုံးဝန်ဆောင်မှုများ ပေးရုံသာမက ပြည်သူပြည်သားများ၏ စီးပွားရေး၊ လူမှုရေးကိစ္စအဝဝ ကိုလည်း ရှေ့တန်းမှ တက်ကြွစွာပါဝင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်ကို အများပြည်သူ သိရှိပြီးဖြစ်ပါသည်။

 

ယခုဖြစ်ပွားလျက်ရှိသည့် Covid-19 ကပ်ရောဂါဘေးကိုလည်း ဧရာဝတီဘဏ်သည် မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဘဏ်ခွဲများသို့လာရောက်သည့် မိဘပြည်သူများအားလုံး ရောဂါဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ဦးစားပေး၍ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်း များအား အစဉ်အလေးထား ဆောင်ရွက်လျက်ရှိပါသည်။

 

၂။ ဧရာဝတီဘဏ်၏ ဘဏ်ခွဲများအားလုံးသို့ လာရောက်သည့် မိဘပြည်သူများ လုံခြုံစိတ်ချစွာ ဘဏ်လုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နိုင်စေရန်အတွက် Covid-19 ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် အစီအစဉ်များကို အောက်ပါအတိုင်း ဝန်ဆောင်မှုပေးကာ စီမံထားရှိဆောင်ရွက် လျက်ရှိပါသည် -

 

(က) ဘဏ်အတွင်းသို့ မဝင်ရောက်မီ ဧည့်သည်များအား ကိုယ်အပူချိန်တိုင်းတာသည့် စက်များ နှင့် စစ်ဆေးပေးခြင်း၊

(ခ) Mask များ ဝတ်ဆင်ပြီးမှသာ ဘဏ်အတွင်းသို့ ဝင်ရောက်စေခြင်း၊ လက်သန့်စင် ဆေးရည်နှင့် Mask များကိုလည်း အရန်သင့်ပြင်ဆင်ထားရှိပေးခြင်း၊

(ဂ) ဘဏ်သို့ လာရောက်သည့် Customer များ၏ အမည်စာရင်းများကို ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များနှင့်အတူ မှတ်တမ်းတင် သိမ်းဆည်းထားခြင်း၊

(ဃ) တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ (social distancing) နေထိုင်ခြင်းအား လိုက်နာစေရန် ပန်ကြားခြင်း၊

(င) Covid-19 ကာလတွင် မိဘပြည်သူများ အဆင်ပြေစေရန်အတွက် ဧရာဝတီဘဏ်၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများဖြစ်သည့် AYA Pay၊ AYA mobile Banking 2.0 နှင့် AYA Internet Banking တို့ကို အသုံးပြုရန်အတွက် တိုက်တွန်းနှိုးဆော်ပေးခြင်း၊

 

၃။ ယခုဖြစ်ပေါ်နေသော Covid-19 ဒုတိယလှိုင်းနှင့်ပတ်သက်၍လည်း ဧရာဝတီဘဏ်အနေဖြင့် လုပ်ငန်းဆောင်တာများကို ပုံမှန်လည်ပတ်စေနိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ချမှတ်ထားသည့် အစီအမံများကို လိုက်နာရုံသာမက ရုံးခွဲများ၊ ရုံးချုပ်များနှင့် ဝန်ထမ်းများအား အဖွဲ့များ ခွဲ၍ရုံးတက်စေခြင်း၊

 

ရုံးချုပ်(၂)ခုအား ခွဲခြားထားရှိ၍ သီးသန့်ဆောင်ရွက်စေခြင်းတို့အပြင် Command Centre (၁)ခုအား ထပ်မံဖွင့်လှစ်၍ ဝန်ထမ်းများအား သီးသန့်ထားရှိခြင်း၊ ဖြစ်ပေါ်လာသောအခြေအနေ များအား အချိန်နှင့်တစ်ပြေးညီ ထိန်းသိမ်း၍ ကျော်လွှားနိုင်ရန် အတွက် Business Continuity Plan များ ရေးဆွဲထားခြင်း၊

 

ထို့အတူ မြန်မာနိုင်ငံအနှံ့အပြားရှိ မိမိတို့၏ ဘဏ်ခွဲများမှ ဒေသကြီးတာဝန်ခံများနှင့် ရုံးချုပ်မှ တာဝန်ရှိသူများအားလုံးကိုလည်း နံနက်တစ်ကြိမ် ညနေတစ်ကြိမ် Check-in Check-out ပြုလုပ်၍ ကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ တင်ပြ လမ်းညွှန် ဆောင်ရွက်စေခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

 

ဧရာဝတီဘဏ်၏ ဝန်ထမ်းများအားလုံးကိုလည်း ကျန်းမာရေးအသိများပေးခြင်း၊ Mask အား မဖြစ်မနေ တပ်ဆင်စေခြင်းနှင့်အတူ Customer များနှင့် တိုက်ရိုက်ထိတွေ့သည့် ဝန်ထမ်းများအား Face Shield များတပ်ဆင်စေခြင်း၊ လက်သန့်ဆေးရည်များ အသုံးပြုစေခြင်း၊ လိုအပ်သော ဗီတာမင်စီဆေးဝါးများကို ပံ့ပိုးခြင်းနှင့်အတူ Covid-19 ကျန်းမာရေး အာမခံအစီအစဉ်ကိုလည်း ဆောင်ရွက်ထားရှိပြီးဖြစ်ပါသည်။

 

၄။ ဧရာဝတီဘဏ်သည် ဧရာဝတီဖောင်ဒေးရှင်းအစီအစဉ်ဖြင့် တစ်နိုင်ငံလုံးတွင် လိုအပ်သည့်နေရာ များအား အချိန်နှင့်တပြေးညီလှူဒါန်းခဲ့သည့်နည်းတူ လတ်တလောအခြေအနေတွင်လည်း ကူးစက် ရောဂါပျံ့နှံ့မှုများပြားလာသည့်အတွက် ကာကွယ်ကုသရေးလုပ်ငန်းများကို အထောက်အကူဖြစ်နိုင်စေရန် ရည်ရွယ်၍ ဥက္ကဋ္ဌ ဦးဇော်ဇော်၏လမ်းညွှန်မှုဖြင့် လူနာ (၄၁၆)ဦးနှင့် တာဝန်ထမ်းဆောင်ကြမည့် ကျန်းမာရေး ဝန်ထမ်းနှင့် စေတနာ့ဝန်ထမ်း (၁၀၀) နေထိုင်နိုင်မည့် ယာယီရောဂါကုသရေးဌာနကို အဆောတလျင် ပြီးစီးအောင် တည်ဆောက်လျက်ရှိပါသည်။

 

အဆိုပါ ယာယီရောဂါကုသရေးဌာန၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးဆိုင်ရာကိစ္စအဝဝကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စီမံ ဆောင်ရွက်သွားမည်ဖြစ်ပြီး ယာယီအဆောက်အဦများ တည်ဆောက်ရေးနှင့် လိုအပ်သော ပစ္စည်းများ၊ နေရေးထိုင်ရေးနှင့် နေ့စဉ်အစားအသောက်ကုန်ကျစရိတ်များကို ဧရာဝတီဖောင်ဒေးရှင်းသည် AYA Financial Group၊ Max Myanmar Group of Companies၊ Myanmar Football Federation တို့နှင့် ပူးပေါင်းကာ အကုန်ကျခံ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

၅။ ဧရာဝတီဘဏ်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသရေးရာကိစ္စအဝဝကို ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ စီမံမှုအောက်တွင် ပူးပေါင်း ဆောင်ရွက်ပြီး အများပြည်သူများ ကပ်ဘေးမှ အောင်မြင်စွာ ကျော်လွှားနိုင်ရန်အတွက် အစဉ်ရှေးရှု ဆောင်ရွက်လျက်ရှိကြောင်း အသိပေးအပ်ပါသည်။

 

သတင်းထုတ်ပြန်ရေးကော်မတီ

ဧရာဝတီဘဏ်လီမိတက်

Read times
Rate this item
(0 votes)