What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 06 February 2020 17:50

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သက်သာလာ၍ ဆေးရုံဆင်းခွင့်ရသူ ၁,၁၅၃ ဦးရှိ

တရုတ်နိုင်ငံ၌ ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ရောဂါသက်သာလာ၍ ဆေးရုံဆင်းခွင့် ရရှိခဲ့သူ အရေအတွက်မှာ စုစုပေါင်း ၁,၁၅၃ ဦးထိ ရှိသွားပြီဖြစ်ကြောင်း

တရုတ်နိုင်ငံကျန်းမာရေးအာဏာပိုင်များ၏ ယနေ့နံနက် သတင်းထုတ်ပြန်ချက် အရသိရသည်။

ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံအတွင်းရှိ ဆေးရုံအသီးသီးမှ ဆင်းခွင့်ရသူ၂၆၁ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်၏ နေ့စဉ်အစီရင်ခံစာတွင် ဖော်ပြထားသည်။တရုတ်နိုင်ငံတွင် ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၃ ဦးရှိပြီး လူပေါင်း ၂၈,၀၁၈ ဦးရောဂါကူးစက်ခံထားကြောင်း နှင့် ရောဂါဒဏ်ခံစားနေရသည့် ပြည်နယ် ၃၁ ခုနှင့် ရှင်းကျန်းဒေသတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး နှင့် ရောဂါတိုက်ဖျက်ရေးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

တ႐ုတ္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ သက္သာလာ၍ ေဆး႐ုံဆင္းခြင့္ရသူ ၁,၁၅၃ ဦးရွိ

တ႐ုတ္ႏိုင္ငံ၌ ေဖေဖာ္ဝါရီ ၅ ရက္ ညေနပိုင္းအခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမွ ေရာဂါသက္သာလာ၍ ေဆး႐ုံဆင္းခြင့္ ရရွိခဲ့သူ အေရအတြက္မွာ စုစုေပါင္း ၁,၁၅၃ ဦးထိ ရွိသြားၿပီျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံက်န္းမာေရးအာဏာပိုင္မ်ား၏ ယေန႔နံနက္ သတင္းထုတ္ျပန္ခ်က္ အရသိရသည္။

ေဖေဖာ္ဝါရီ ၅ ရက္တြင္ တ႐ုတ္ႏိုင္ငံအတြင္းရွိ ေဆး႐ုံအသီးသီးမွ ဆင္းခြင့္ရသူ၂၆၁ ဦးရွိေၾကာင္း အမ်ိဳးသားက်န္းမာေရးေကာ္မရွင္၏ ေန႔စဥ္အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။တ႐ုတ္ႏိုင္ငံတြင္ ေဖေဖာ္ဝါရီ ၅ ရက္ ညေနပိုင္းအခ်ိန္ထိ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၆၃ ဦးရွိၿပီး လူေပါင္း ၂၈,၀၁၈ ဦးေရာဂါကူးစက္ခံထားေၾကာင္း ႏွင့္ ေရာဂါဒဏ္ခံစားေနရသည့္ ျပည္နယ္ ၃၁ ခုႏွင့္ ရွင္းက်န္းေဒသတြင္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေရး ႏွင့္ ေရာဂါတိုက္ဖ်က္ေရးကို အရွိန္အဟုန္ျမႇင့္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

 

(Xinhua)

Read times Last modified on Thursday, 06 February 2020 17:53
Rate this item
(1 Vote)