What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 19 September 2020 12:28

ရန်ကုန်မြို့ရှိ ဆေးရုံကြီးလေးခုတွင် ယာယီဆေးရုံများ ထားရှိမည်

ရန်ကုန်မြို့ရှိ ဆေးရုံကြီးလေးခုတွင် ယာယီဆေးရုံများ ထားရှိမည် ဇေယျာကျော်ဝင်း

သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်း၊ မြက်ခင်းတုအားကစားကွင်းရှိ ယာယီဆေးရုံ (Tent Hospital) အပြင် ရန်ကုန်မြို့ရှိ ဆေးရုံကြီးလေးခုတွင်ပါ ယာယီဆေးရုံများထားရှိမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် -၁ (ရန်ကုန်) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ပြောကြားသည်။

 

သုဝဏ္ဏဘောလုံးအကယ်ဒမီကျောင်းရှိ မြက်ခင်းတုအားကစားကွင်းတွင် ဧရာဝတီဖောင်ဒေးရှင်းမှ ယာယီ ဆေးရုံလေးခု ဆောက်လုပ်လျက်ရှိပြီး ယာယီဆေးရုံတစ်ခုလျှင် ကိုဗစ်-၁၉ လူနာ ၁၀၄ ဦး ထားရှိနိုင်မည်ဖြစ်ရာ ဆေးရုံလေးခုတွင် စုစုပေါင်း ကိုဗစ်-၁၉ လူနာ ၄၁၆ ဦး ထားရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ရန်ကုန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းဆေးရုံကြီး၊ အနောက်ပိုင်းဆေးရုံကြီး၊ အင်းစိန်ဆေးရုံကြီးတို့တွင်ပါ ယာယီဆေးရုံများ တည်ဆောက်နေကြောင်း သိရသည်။

 

ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက “အခုဆေးရုံကြီး လေးရုံမှာ Tent Hospital တွေ ထိုးနေတယ်။ အဲဒီမှာ ကိုဗစ်- ၁၉ positive လူနာထားဖို့တော့ မဟုတ်ပါဘူး။ ဘာလို့ လုပ်သလဲဆိုတော့ ကိုဗစ်-၁၉ ဖြစ်နိုင်ခြေရှိတဲ့ မသင်္ကာတဲ့သူတွေကို ကျွန်တော်တို့က ဆေးရုံကြီးတွေထဲကို မထည့်ချင်ဘူး။ ဆေးရုံကြီးတွေထဲမှာ သတ် သတ်အဆောက်အဦ ရှိရင်ထားမယ်။ မရှိရင်တော့ ဆေးရုံအဆောက်အဦအကြီးကြီးထဲကို အဲဒီလူနာတွေ ကျွန်တော်တို့ မထည့်ချင်ဘူး။

 

အဲဒီလူနာတွေကတစ်ဆင့် ဆေးရုံကြီးထဲမှာ ရှိနေတဲ့ အခြားလူနာတွေကို ကူးစက်သွားလို့ရှိရင် အခြားလူနာတွေအတွက် အသက်အန္တရာယ်ရှိပါတယ်။ ဒါကြောင့် ဆေးရုံကြီးလေးရုံမှာ ကျွန်တော်တို့ ယာယီတဲတွေ ထိုးနေတယ်။ လူလေးငါးဆယ်ဆံ့တဲ့ ယာယီဆေးရုံလေးတွေ ဆောက်နေပါ တယ်။ ရန်ကုန်ဆေးရုံ၊ သင်္ဃန်းကျွန်းဆေးရုံ၊ အနောက်ပိုင်းဆေးရုံနဲ့ အင်းစိန်ဆေးရုံတွေမှာပါ။ ဆေးရုံတွေကို ရောက်လာပြီးတော့ သံသယရှိသူတွေကို Swab မယူခင်နဲ့ Swab အပြီး အနေအထားမှာ ထားမှာဖြစ်ပါတယ်။ ဒါမှ သူတို့ သက်သက်သာသာနေနိုင်မယ်၊ သီးခြားနေနိုင်မယ်။ ရေ၊ မီး၊ လေအေးပေးစက်နဲ့ အကန့်လေးတွေထားပြီး ဆောင်ရွက်မှာပါ” ဟုပြောသည်။

 

တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုဗစ်-၁၉ positive လူနာများအား အများပြည်သူဆေးရုံများတွင် ထားရှိခြင်းမပြုဘဲ လူနာများအတွက် သီးခြားဆောက်လုပ်၍ ထားရှိကုသရာ အောင်မြင်မှုများ ရရှိခဲ့သည်။

 

ဆေးရုံများတွင် ယာယီဆေးရုံများထားရှိရခြင်းနှင့် ပတ်သက်၍ “နိုင်ငံတကာမှာ အတွေ့အကြုံအရ တရုတ်နိုင်ငံ ဝူဟန်မှာဆိုရင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေကို သီးခြား ကုပါတယ်။ ကျွန်တော်တို့ ဒါကိုသီးခြားလုပ်နေပါတယ်။ အင်္ဂလန်၊ ဥရောပ၊ အီတလီ၊ အမေရိကန် စတဲ့ နိုင်ငံတွေမှာ သီးခြားမလုပ်ခဲ့လို့ ဆေးရုံထဲက လူနာတွေရော၊ ကိုဗစ်-၁၉ ကူးစက်လူနာတွေပါ တော်တော်များများ သေတာတွေ့ရ မှာပါ။ လမ်းပေါ်အထိကို ရောက်တယ်။ ထားစရာနေရာမရှိတော့ဘူးဆိုတာမျိုးအထိပေါ့။ ဒါကြောင့် သီးခြားထား နိုင်အောင် စီစဉ်တာပါ” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောသည်။

 

Ministry Of Information

Read times
Rate this item
(0 votes)