What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 10 February 2020 19:39

ဝူဟန်ဗိုင်းရပ်စ်ကို မြန်မာနိုင်ငံတွင် ဓာတ်ခွဲစစ်ဆေးနိုင်တော့မည်

ဝူဟန်ဗိုင်းရပ် စမ်းသပ်ရှာဖွေရာတွင် အသုံးပြုမည့် Reagent အခု ၁၀၀ ( ၂၅ ဦးစာ) ရန်ကုန်ကို ရောက်ရှိလာပီဖြစ်ပီး Custom ကိစ္စပီးပါက ယနေ့ညနေ သို့ မနက်ဖြန်တွင် အမျိုးသားဓာတ်ခွဲခန်း(NHL) တွင် စတင်စစ်ဆေးနိုင်တော့မှာဖြစ်ပါတယ်။

 

၁၂ ရက်နေ့တွင် နောက်ထပ် Reagent အခု ၁၀၀ (၂၅ဦး)စာ Reagent များ ထပ်မံရောက်ရှိမည်ဖြစ်ပီး ၁၇ ရက်နေ့တွင် နောက်ထပ် Reagent အခု ၅၀၀ (၁၂၅ ဦး)စာ ထပ်မံရောက်ရှိမည်ဖြစ်ပါသည်။

 

ထို Reagent များကို ထိုင်း၊ ဂျပန်နှင့် အမေရိကန် CDC မှ ပေးပို့ခြင်းဖြစ်သည်။

 

ထို့ကြောင့် ထိုင်းနိုင်ငံသို့ ပေးပို့စစ်ဆေးစရာ မလိုပဲ ဝူဟန်ဗိုင်းရပ် ရှိ မရှိကို မြန်မာပြည်တွင် စစ်ဆေးနိုင်မည်ဖြစ်ပါသည်။

 

အများစု ပြောနေကြသလို စမ်းသပ်သည့်စက် မရှိဆိုသည်မှာ မဟုတ်ပါ။ ဓာတ်ခွဲစမ်းသပ်သည့် PCR စက်သည် အစထဲက ရှိပီး ပိုးအသစ်ကို ဓာတ်ခွဲရန် လိုအပ်သည့် Reagent သာ မရှိခြင်းဖြစ်သည်။ ယခုအခါ ထို Reagent ရရှိပီဖြစ်၍ စတင်ဓာတ်ခွဲနိုင်တော့မည် ဖြစ်ပါသည်။

 

Khin Khin Gyi (Facebook)

 

(Zawgyi)

-----------


 


 


 


 


 


 

Khin Khin Gyi (Facebook)

Read times
Rate this item
(0 votes)