What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 February 2020 13:30

(၁၁-၂-၂၀၂၀ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီ) 2019-nCoV acute respiratory disease ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

2019-nCoV လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှမှုနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက် လျက် ရှိရာ ယနေ့ (၁၁-၂-၂၀၂၀) ရက်နေ့၊ နံနက်အထိ သံသယလူနာ (၁) ဦးအပါအဝင် လူနာ (၂၀) ဦး တို့အား ဆေးရုံများတွင် ဆက်လက်၍စောင့်ကြပ်ကြည့်ရှု ကုသမှုပေးခဲ့ ပါသည်။

၂။ အဆိုပါ စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော လူနာများအနက် -

(၁) ရန်ကင်းကလေးဆေးရုံမှ အသက်(၂၄) နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(၂) ရန်ကင်းကလေးဆေးရုံမှ အသက်(၂) နှစ်အရွယ် ကလေး (ကျား) တစ်ဦး၊

(၃) နမ္မတူမြို့နယ်ဆေးရုံမှ အသက်(၄၅)နှစ်အရွယ် အမျိုးသားတစ်ဦး၊

(၄) ‌ ဝေဘာဂီအထူးကုဆေးရုံကြီးမှ အသက်(၂၈)နှစ်အရွယ် အမျိုးသားတစ်ဦး

(၅) လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၃၃)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊

(၆) လပွတ္တာပြည်သူ့ဆေးရုံမှ အသက် (၅၁)နှစ်အရွယ် အမျိုးသားတစ်ဦး၊

စုစုပေါင်း လူနာ(၆)ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် 2019 Novel Coronavirus ဗိုင်းရပ်(စ်)ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း)ကို (၁၁-၂-၂၀၂၀)ရက်နေ့၊ နံနက်ပိုင်း၌ ရည်ညွှန်းဓာတ်ခွဲခန်းမှ ပြန်ကြား လာခဲ့ပါသည်။

 

၃။ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုခံယူနေသော ကျန်လူနာများ၏ဓါတ်ခွဲ စစ်ဆေးမှု အဖြေသတင်းများရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။

 

(Zawgyi)

-----------

(၁၁-၂-၂၀၂၀ ရက္ေန႔၊ ေန႔လယ္ (၁၃း၀၀) နာရီ) 2019-nCoV acute respiratory disease ေရာဂါေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း


၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ 2019-nCoV လတ္တေလာအသက္ရႉ လမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရွမႈႏွင့္ ကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို အရွိန္ အဟုန္ျဖင့္ ေဆာင္႐ြက္ လ်က္ ရွိရာ ယေန႔ (၁၁-၂-၂၀၂၀) ရက္ေန႔၊ နံနက္အထိ သံသယလူနာ (၁) ဦးအပါအဝင္ လူနာ (၂၀) ဦး တို႔အား ေဆး႐ုံမ်ားတြင္ ဆက္လက္၍ေစာင့္ၾကပ္ၾကည့္ရႈ ကုသမႈေပးခဲ့ ပါသည္။

 

၂။ အဆိုပါ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈခံယူေနေသာ လူနာမ်ားအနက္ -

(၁) ရန္ကင္းကေလးေဆး႐ုံမွ အသက္(၂၄) ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊

(၂) ရန္ကင္းကေလးေဆး႐ုံမွ အသက္(၂) ႏွစ္အ႐ြယ္ ကေလး (က်ား) တစ္ဦး၊

(၃) နမၼတူၿမိဳ႕နယ္ေဆး႐ုံမွ အသက္(၄၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊

(၄) ‌ ေဝဘာဂီအထူးကုေဆး႐ုံႀကီးမွ အသက္(၂၈)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး

(၅) လပြတၱာျပည္သူ႔ေဆး႐ုံမွ အသက္ (၃၃)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး၊

(၆) လပြတၱာျပည္သူ႔ေဆး႐ုံမွ အသက္ (၅၁)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊

စုစုေပါင္း လူနာ(၆)ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ 2019 Novel Coronavirus ဗိုင္းရပ္(စ္)ေရာဂါပိုး မရွိပါေၾကာင္း (မရွိေၾကာင္း)ကို (၁၁-၂-၂၀၂၀)ရက္ေန႔၊ နံနက္ပိုင္း၌ ရည္ၫႊန္းဓာတ္ခြဲခန္းမွ ျပန္ၾကား လာခဲ့ပါသည္။

 

၃။ သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈခံယူေနေသာ က်န္လူနာမ်ား၏ဓါတ္ခြဲ စစ္ေဆးမႈ အေျဖသတင္းမ်ားရရွိပါက ဆက္လက္ထုတ္ျပန္ေပးသြားမည္ျဖစ္ပါသည္။

Read times
Rate this item
(0 votes)