What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 14 February 2020 20:06

(၁၄-၂-၂၀၂၀ ရက်နေ့၊ ည (၈း၀၀) နာရီ) 2019 Novel Coronavirus လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည်

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည် ပြည်ဆိုင်ရာဝင် ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။ 

 

၂။ ထိုသို့ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် နေထိုင်သော အသက် (၁၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရင်ကျန်းမြို့မှ (၁၃-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး ယင်းနေ့ ညနေမှစတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် မြစ်သားမြို့နယ်ပြည်သူ့ ဆေးရုံသို့ သွားရောက် ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။ 

 

၃။ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် နေထိုင်သော အသက် (၃၄) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မုန်တိမ်မြို့မှ (၄-၂-၂၀၂၀) ရက်နေ့တွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၁၂-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း လက္ခဏာ များခံစားခဲ့ရသဖြင့် (၁၄-၂-၂၀၂၀) ရက်နေ့တွင် မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသ ခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေးလျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲနမူနာ ရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလော စစ်ဆေးချက်များအရ အခြားပြင်းထန်အသက်ရှူ လမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။ 

 

၄။ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် နေထိုင်သော အသက် (၄၀) နှစ်အရွယ် အမျိုးသားတစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မိန်းတိန်မြို့မှ (၁၃-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၆-၂-၂၀၂၀) ရက်နေ့မှစတင်၍ အနည်းငယ်ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနှင့် နှာချေခြင်း လက္ခဏာများ ခံစားခဲ့ရကြောင်း၊ (၁၄-၂-၂၀၂၀) ရက်နေ့တွင် လားရှိုးပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ စောင့်ကြည့်လူနာအဖြစ် သီးခြားထားရှိကုသမှုပေး လျက်ရှိပါသည်။ လူနာထံမှ ဓါတ်ခွဲနမူနာရယူ၍ ရည်ညွန်းဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။ လူနာအား လတ်တလောစစ်ဆေးချက်များအရ အခြားပြင်းထန် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ မတွေ့ရှိရပါ။ 

 

၄။ ယနေ့ (၁၄-၂-၂၀၂၀) ရက်နေ့၊ ည (၈း၀၀) နာရီအချိန်အထိ လူနာ (၂၁) ဉီးတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ လူနာများ၏ ဓာတ်ခွဲအဖြေများရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်သွားမည်ဖြစ်ပါသည်။

 

 

(Zawgyi)

------------

(၁၄-၂-၂၀၂၀ ရက္ေန႔၊ ည (၈း၀၀) နာရီ) 2019 Novel Coronavirus လတ္တေလာအသက္ရွူလမ္းေၾကာင္းဆိုင္ရာေရာဂါ ေစာင့္ၾကပ္ၾကည့္ရွုမွုႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 

 

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံႏွင့္ ကမၻာ့နိုင္ငံ အခ်ိဳ့တြင္ ကူးစက္ပ်ံ႕ႏွံ့လ်က္ရွိသည့္ COVID-19 လတ္တေလာအသက္ရွူလမ္းေၾကာင္းဆိုင္ရာ ေရာဂါ ျဖစ္ပြားမွုျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရွုျခင္း လုပ္ငန္းမ်ားအား အျပည္ ျပည္ဆိုင္ရာဝင္ ထြက္ဂိတ္မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ၾကည့္ရွုျခင္း လုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍ လည္းေကာင္း ေဆာင္ရြက္လ်က္ရွိပါသည္။ 

 

၂။ ထိုသို့ေဆာင္ရြက္ရာ မႏၲေလးတိုင္းေဒသႀကီး၊ ျမစ္သားၿမိဳ့နယ္တြင္ ေနထိုင္ေသာ အသက္ (၁၈) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ ရင္က်န္းၿမိဳ့မွ (၁၃-၂-၂၀၂၀) ရက္ေန႔တြင္ ျမန္မာနိုင္ငံသို့ ျပန္လည္ေရာက္ရွိခဲ့ၿပီး ယင္းေန႔ ညေနမွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုး ျခင္း လကၡဏာမ်ားခံစားခဲ့ရသျဖင့္ (၁၄-၂-၂၀၂၀) ရက္ေန႔တြင္ ျမစ္သားၿမိဳ့နယ္ျပည္သူ႔ ေဆး႐ုံသို့ သြားေရာက္ ျပသခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္ သီးျခားထားရွိကုသမွုေပးလ်က္ရွိပါသည္။ လူနာထံမွ ဓါတ္ခြဲနမူနာရယူ၍ ရည္ညြန္းဓါတ္ခြဲခန္းသို့ ေပးပို့စစ္ေဆးရန္ စီစဥ္ေဆာင္ရြက္လ်က္ ရွိပါသည္။ လူနာအား လတ္တေလာစစ္ေဆးခ်က္မ်ားအရ အျခားျပင္းထန္အသက္ရွူ လမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ား မေတြ႕ရွိရပါ။ 

 

၃။ မႏၲေလးတိုင္းေဒသႀကီး၊ ျမစ္သားၿမိဳ့နယ္တြင္ ေနထိုင္ေသာ အသက္ (၃၄) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ မုန္တိမ္ၿမိဳ့မွ (၄-၂-၂၀၂၀) ရက္ေန႔တြင္ ျမန္မာ နိုင္ငံသို့ ျပန္လည္ေရာက္ရွိခဲ့ၿပီး (၁၂-၂-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း လကၡဏာ မ်ားခံစားခဲ့ရသျဖင့္ (၁၄-၂-၂၀၂၀) ရက္ေန႔တြင္ ျမစ္သားၿမိဳ့နယ္ျပည္သူ႔ေဆး႐ုံသို့ သြားေရာက္ျပသ ခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္ သီးျခားထားရွိကုသမွုေပးလ်က္ရွိပါသည္။ လူနာထံမွ ဓါတ္ခြဲနမူနာ ရယူ၍ ရည္ညြန္းဓါတ္ခြဲခန္းသို့ ေပးပို့စစ္ေဆးရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိပါသည္။ လူနာအား လတ္တေလာ စစ္ေဆးခ်က္မ်ားအရ အျခားျပင္းထန္အသက္ရွူ လမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ား မေတြ႕ရွိရပါ။ 

 

၄။ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ေက်ာက္မဲၿမိဳ့နယ္တြင္ ေနထိုင္ေသာ အသက္ (၄၀) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ တ႐ုတ္ျပည္သူ႔သမၼတနိုင္ငံ၊ မိန္းတိန္ၿမိဳ့မွ (၁၃-၂-၂၀၂၀) ရက္ေန႔တြင္ ျမန္မာနိုင္ငံသို့ ျပန္လည္ေရာက္ရွိခဲ့ၿပီး (၆-၂-၂၀၂၀) ရက္ေန႔မွစတင္၍ အနည္းငယ္ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္းႏွင့္ ႏွာေခ်ျခင္း လကၡဏာမ်ား ခံစားခဲ့ရေၾကာင္း၊ (၁၄-၂-၂၀၂၀) ရက္ေန႔တြင္ လားရွိုးျပည္သူ႔ေဆး႐ုံႀကီးသို့ လာေရာက္ျပသခဲ့ရာ ေစာင့္ၾကည့္လူနာအျဖစ္ သီးျခားထားရွိကုသမွုေပး လ်က္ရွိပါသည္။ လူနာထံမွ ဓါတ္ခြဲနမူနာရယူ၍ ရည္ညြန္းဓါတ္ခြဲခန္းသို့ ေပးပို့စစ္ေဆးရန္ စီစဥ္ ေဆာင္ရြက္လ်က္ရွိပါသည္။ လူနာအား လတ္တေလာစစ္ေဆးခ်က္မ်ားအရ အျခားျပင္းထန္ အသက္ရွူလမ္းေၾကာင္းဆိုင္ရာ လကၡဏာမ်ား မေတြ႕ရွိရပါ။ 

 

၄။ ယေန႔ (၁၄-၂-၂၀၂၀) ရက္ေန႔၊ ည (၈း၀၀) နာရီအခ်ိန္အထိ လူနာ (၂၁) ဉီးတို့အား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရွုကုသမွုေပးလ်က္ရွိၿပီး ၄င္းတို့၏ က်န္းမာေရးအေျခအေနမွာ သက္သာေကာင္းမြန္လ်က္ရွိပါသည္။ လူနာမ်ား၏ ဓာတ္ခြဲအေျဖမ်ားရရွိပါက အခ်ိန္ႏွင့္ တစ္ေျပးညီ သတင္းထုတ္ျပန္သြားမည္ျဖစ္ပါသည္။

Read times
Rate this item
(0 votes)