What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 March 2020 15:18

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ COVID - 19 နှင် ပတ်သက်၍ သတင်းထုတ်ပြန်ချက်

CMP လုပ်ငန်းများ၏ ဆွေးနွေးချက်အရ

လက်ရှိ မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေသော စက်ရုံများသည် တရုတ်ပြည်မှလာသော ကုန်ကြမ်းကိုအဓိက မှီခိုအားကိုး၍ စက်ရုံလည်ပတ် နေရခြင်းဖြစ်ပြီး ၊ တရုတ်ပြည်၏ COVID - 19 ရောဂါကြောင့် တရုတ်ပြည်ဘက်မှ ကုန်ကြမ်းများ ဝင်ရောက်မှုရပ်တန့် လျက်ရှိပါတယ်။

 

စက်ရုံများလုပ်ငန်းလည်ပတ်မှုကို ဧပြီလ သင်္ကြန်မတိုင်မီ ဖြစ်စေ၊ သင်္ကြန်ပြီးသည်အထိ ဖြစ်စေ ဆွဲဆန့်နိုင်ရန်အတွက် စက်ရုံအလုပ်ရုံ အများစုသည် နေစဉ်ပုံမှန်အလုပ်ချိန်ဖြစ်သော (၈) နာရီသာ လုပ်ကိုင်တော့ခြင်း ၊ စနေ၊ တနင်္ဂနွေ နှင့်အစိုးရ ရုံးပိတ်ရက်များအားလုံးကို လစာအပြည့်ဖြင့် အနားပေးခြင်း စသည်များကို ဆောင်ရွက်နေကြပြီးဖြစ်ပါတယ်။

 

လုပ်ငန်းများတငွ် ယခုထက်ပိုမို၍ ကုန်ကြမ်းပြတ်လပ်ချိန် ကြာမြင့်ခဲ့ပါက လုပ်သားများ လျော့ချခြင်း ၊ စက်ရုံလည်ပတ်မှု ယာယီရပ်နားခြင်း ၊ အဆိုးဆုံးအခြေအနေတွင် လုပ်ငန်းပိတ်သိမ်းခြင်းအထိ ကြိုတင်မျှော်မှန်း ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။ အလုပ်ရှင် - အလုပ်သမားကြားမလိုလားအပ်သော လုပ်ခလစာ ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ဆွေးနွေးခဲ့ကြပါတယ်။

 

ဒါအပြင်ခရီးသွားဝန်ဆောင်မှုပေးသော လုပ်ငန်းငယ်အများစုသည် လုပ်ငန်းများကို ရပ်နားထားရပြီး ၊ ဆက်စပ်လုပ်ငန်းများ ဖြစ်သော ဟိုတယ် ၊ စားသောက်ဆိုင် ၊သယ်ယူပို့ဆောင်ရေး ၊ အပန်းဖြေရိပ်သာ လုပ်ငန်းများ၏ ဝင်ငွေများလည်း သိသာစွာ ကျဆင်းလျက်ရှိပါသည်။ လေဆိပ်အဝင် ၅၃ ရာခိုင်နှုန်း လျော့နည်းသွားပြီး ၊ လေယာဉ်ခရီးစဉ် ပျံသန်မှုများလည်း ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ရပါသည်ဟု ဆွေးနွေးခဲ့ပါတယ်။

 

တင်ပြချက်များနှင့် ပက်သက်၍ ဖြေရှင်းပေးနိုင်သော နည်းလမ်းများကို အခြားနိုင်ငံများ၏ လတ်တလောဆောင်ရွက်မှုများ ၊ သာဓကများကို လေ့လာ၍ အဖြေရှာခဲ့ကြရာ အောက်ပါ အချက်များ ကိုဆွေးနွေးတင်ပြခဲ့ ကြပါတယ်။

 

၁။ ယာယီပိတ်သိမ်းမည့် လုပ်ငန်းများ၊ အလုပ်လျော့ချမည့် လုပ်ငန်းများ၏ လုပ်သားများကို ၂၀၁၂ လူမှုဖူလုံရေး ဥပဒေပါ အလုပ်လက်မဲ့ အကျိုးခံစားခွင့်များကို ရည်ညွှန်း၍ နိုင်ငံတော် အစိုးရမှ ဆောင်ရွက်ပေးပါရန်။

 

၂။ ဥပဒေအရလျော်ကြေးငွေ ပေးရမည်ဆိုလျင်လည်း အနည်းဆုံးလုပ်ခလစာ အပေါ်မှာသာ တွက်ချက်ပေးခွင့် ပြုရန်။

 

၃။ အလုပ်သမားများ၏ လုပ်သက်ခွင့် / ရှောင်တခင်ခွင့်ကဲ့သို့သော ခွင့်ရက်များကို လစာငွေ မပေးဘဲ ခွင့်ရက်ပေးခြင်း (Temporary Leave Without Pay) ဖြင့်ဗိုင်းရပ်(စ်)ရောဂါ ပြန့်ပွားမှု ငြိမ်သက်သွားသည်အထိ ယာယီဆောင်ရွက်ခွင့်ပေးရန်။

 

၄။ လူမှုဖူလုံရေးထည့်ဝင်ကြေးရန်ပုံငွေမှ သက်သာသောအတိုးနှုန်ဖြင့် ဗိုင်းရက်(စ်) ကြောင့် အခက်အခဲ ကြီးစွာရင်ဆိုင်နေရသော လုပ်ငန်းရှင်များနှင့် အလုပ်သမားများအားကူညီရန်။

 

၅။ မြန်မာနိုင်ငံရှိအခက်ခဲကြုံတွေ့နေရသည့် လုပ်ငန်းလည်ပတ်လျက်ရှိသော လုပ်ငန်းရှင်များအား လုပ်ခလစာပေးရန် သော်လည်းကောင်း ၊ လုပ်ငန်းလည်ပတ်ရပ်တည်နိုင်ရန် အတွက်သော်လည်းကောင်း ဘဏ်များမှ အတိုးနှုန်း သက်သာစွာဖြင့် ချေးငွေများ ထုတ်ချေးပေးရန်။

 

၆။ မေလတွင်ကြေညာမည့် အနည်းဆုံးလုပ်ခလစာ နှင့်ပတ်သက်၍ ယခုဖြစ်ပေါ်နေသော အခြေအနေများအရ စက်တင်ဘာလသို့ နောက်ဆုတ်ပေးရန်။

 

Distributors & Suppliers (ဆေးဝါးဖြန့်ချိရေးလုပ်ငန်းပေါင်း ၃၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for ေဆး၀ါးျဖန္႕

 

၇။ အလုပ်ရှင်- အလုပ်သမားများအကြား နားလည်မှုရရှိစေရန် အစိုးရမှ ပကတိအခြေအနေမှန် သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီမျှဝေပေးရန်။

 

၈။ အလုပ်သမားများအနေဖြင့် နားလည်မှုရှိစွာဖြင့် ဆန္ဒပြသပိတ်မှောက်ခြင်းများ မလုပ်ကြရန် အစိုးရမှ တိုက်တွန်း နှိုးဆော်ပေးရန်။

 

၉။ ကုန်ကြမ်းပြတ်လပ်မှုကြောင့် ကုန်ချောအချိန်မှီတင်ပို့နိုင်ခြင်းမရှိသည့်အတွက် စာချုပ်ကတိကဝတ်ဖောက်ဖျက်၍ လျော်ကြေးများပေးရခြင်းမှ ကာကွယ်ရန် အစိုးရမှ တရားဝင်ကြောညာချက် စာထုတ်ပေးရန်။

 

၁၀။ ကုန်ကြမ်းပစ္စည်းများရောက်ရှိလာချိန်တွင် ဆိပ်ကမ်းမှ မြန်ဆန်စွာရှင်းလင်းထုတ်ယူနိုင်ရေး အတွက်အကောက်ခွန်ဦးစီးဌာနမှ ပူးပေါင်းဆောင်ရွက်ပေးရန် တို့ဖြစ်ပါသည်။

 

ဖော်ပြပါ ဆွေးနွေးချက်များကို ကုန်သည်စက်မှုအသင်းချုပ်အနေဖြင့် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ ဝန်ကြီးဌာန အဖွဲ့အစည်းများသို့ အဆောလျင်ဆုံး တင်ပြ၍ တွေ့ဆုံညိုနှိုင်းပြီး အမြန်ဆုံး ဖြေရှင်းပေးသွားမည်ဖြစ်ပါတယ်။

Written By Health Products Directory

 

(Zawgyi)

=====

ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) မွ COVID - 19 ႏွင္ ပတ္သက္၍ သတင္းထုတ္ျပန္ခ်က္

 

CMP လုပ္ငန္းမ်ား၏ ေဆြးေႏြးခ်က္အရလက္ရွိ ျမန္မာႏို္င္ငံတြင္ ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ေနေသာ စက္ရံုမ်ားသည္ တရုတ္ျပည္မွလာေသာ ကုန္ၾကမ္းကိုအဓိက မွီခိုအားကိုး၍ စက္ရံုလည္ပတ္ ေနရျခင္းျဖစ္ၿပီး ၊ တရုတ္ျပည္၏ COVID - 19 ေရာဂါေၾကာင့္ တရုတ္ျပည္ဘက္မွ ကုန္ၾကမ္းမ်ား ၀င္ေရာက္မႈရပ္တန္႔ လ်က္ရွိပါတယ္။

 

စက္ရံုမ်ားလုပ္ငန္းလည္ပတ္မႈကို ဧၿပီလ သႀကၤန္မတိုင္မီ ျဖစ္ေစ၊ သႀကၤန္ၿပီးသည္အထိ ျဖစ္ေစ ဆဲြဆန္႔ႏိုင္ရန္အတြက္ စက္ရံုအလုပ္ရံု အမ်ားစုသည္ ေနစဥ္ပံုမွန္အလုုပ္ခ်ိန္ျဖစ္ေသာ (၈) နာရီသာ လုပ္ကိုင္ေတာ့ျခင္း ၊ စေန၊ တနဂၤေႏြ ႏွင့္အစိုးရ ရံုးပိတ္ရက္မ်ားအားလံုးကို လစာအျပည့္ျဖင့္ အနားေပးျခင္း စသည္မ်ားကို ေဆာင္ရြက္ေနၾကၿပီးျဖစ္ပါတယ္။

 

လုပ္ငန္းမ်ားတငြ္ ယခုထက္ပိုမို၍ ကုန္ၾကမ္းျပတ္လပ္ခ်ိန္ ၾကာျမင့္ခဲ့ပါက လုပ္သားမ်ား ေလ်ာ့ခ်ျခင္း ၊ စက္ရံုလည္ပတ္မႈ ယာယီရပ္နားျခင္း ၊ အဆိုးဆံုးအေျခအေနတြင္ လုပ္ငန္းပိတ္သိမ္းျခင္းအထိ ႀကိဳတင္ေမွ်ာ္မွန္း ျပင္ဆင္ေနၾကၿပီ ျဖစ္ပါတယ္။ အလုပ္ရွင္ - အလုပ္သမားၾကားမလိုလားအပ္ေသာ လုပ္ခလစာ ျပႆနာမ်ား ျဖစ္ေပၚလာႏုိင္သည္ဟု ေဆြးေႏြးခဲ့ၾကပါတယ္။

 

ဒါအျပင္ခရီးသြား၀န္ေဆာင္မႈေပးေသာ လုပ္ငန္းငယ္အမ်ားစုသည္ လုပ္ငန္းမ်ားကို ရပ္နားထားရၿပီး ၊ ဆက္စပ္လုပ္ငန္းမ်ား ျဖစ္ေသာ ဟိုတယ္ ၊ စားေသာက္ဆိုင္ ၊သယ္ယူပို႔ေဆာင္ေရး ၊ အပန္းေျဖရိပ္သာ လုပ္ငန္းမ်ား၏ ၀င္ေငြမ်ားလည္း သိသာစြာ က်ဆင္းလ်က္ရိွပါသည္။ ေလဆိပ္အ၀င္ ၅၃ ရာခိုင္ႏႈန္း ေလ်ာ့နည္းသြားၿပီး ၊ ေလယာဥ္ခရီးစဥ္ ပ်ံသန္မႈမ်ားလည္း ၆၀ ရာခိုင္ႏႈန္းခန္႔ က်ဆင္းသြားခဲ့ရပါသည္ဟု ေဆြးေႏြးခဲ့ပါတယ္။

 

တင္ျပခ်က္မ်ားႏွင့္ ပက္သက္၍ ေျဖရွင္းေပးႏုိင္ေသာ နည္းလမ္းမ်ားကို အျခားႏုိင္ငံမ်ား၏ လတ္တေလာေဆာင္ရြက္မႈမ်ား ၊ သာဓကမ်ားကို ေလ့လာ၍ အေျဖရွာခဲ့ၾကရာ ေအာက္ပါ အခ်က္မ်ား ကိုေဆြးေႏြးတင္ျပခဲ့ ၾကပါတယ္။

 

၁။ ယာယီပိတ္သိမ္းမည့္ လုပ္ငန္းမ်ား၊ အလုပ္ေလ်ာ့ခ်မည့္ လုပ္ငန္းမ်ား၏ လုပ္သားမ်ားကို ၂၀၁၂ လူမႈဖူလံုေရး ဥပေဒပါ အလုပ္လက္မဲ့ အက်ိဳးခံစားခြင့္မ်ားကို ရည္ညႊန္း၍ ႏိုင္ငံေတာ္ အစိုးရမွ ေဆာင္ရြက္ေပးပါရန္။

 

၂။ ဥပေဒအရေလ်ာ္ေၾကးေငြ ေပးရမည္ဆိုလ်င္လည္း အနည္းဆံုးလုပ္ခလစာ အေပၚမွာသာ တြက္ခ်က္ေပးခြင့္ ျပဳရန္။

 

၃။ အလုပ္သမားမ်ား၏ လုပ္သက္ခြင့္ / ေရွာင္တခင္ခြင့္ကဲ့သုိ႔ေသာ ခြင့္ရက္မ်ားကို လစာေငြ မေပးဘဲ ခြင့္ရက္ေပးျခင္း (Temporary Leave Without Pay) ျဖင့္ဗိုင္းရပ္(စ္)ေရာဂါ ျပန္႔ပြားမႈ ၿငိမ္သက္သြားသည္အထိ ယာယီေဆာင္ရြက္ခြင့္ေပးရန္။

 

၄။ လူမႈဖူလံုေရးထည့္၀င္ေၾကးရန္ပံုေငြမွ သက္သာေသာအတိုးႏႈန္ျဖင့္ ဗိုင္းရက္(စ္) ေၾကာင့္ အခက္အခဲ ႀကီးစြာရင္ဆိုင္ေနရေသာ လုပ္ငန္းရွင္မ်ားႏွင့္ အလုပ္သမားမ်ားအားကူညီရန္။

 

၅။ ျမန္မာႏိုင္ငံရွိအခက္ခဲႀကံဳေတြ႔ေနရသည့္ လုပ္ငန္းလည္ပတ္လ်က္ရွိေသာ လုပ္ငန္းရွင္မ်ားအား လုပ္ခလစာေပးရန္ ေသာ္လည္းေကာင္း ၊ လုပ္ငန္းလည္ပတ္ရပ္တည္ႏုိင္ရန္ အတြက္ေသာ္လည္းေကာင္း ဘဏ္မ်ားမွ အတိုးႏႈန္း သက္သာစြာျဖင့္ ေခ်းေငြမ်ား ထုတ္ေခ်းေပးရန္။

 

၆။ ေမလတြင္ေၾကညာမည့္ အနည္းဆံုးလုပ္ခလစာ ႏွင့္ပတ္သက္၍ ယခုျဖစ္ေပၚေနေသာ အေျခအေနမ်ားအရ စက္တင္ဘာလသို႔ ေနာက္ဆုတ္ေပးရန္။

 

Distributors & Suppliers (ေဆးဝါးျဖန္႔ခ်ိေရးလုပ္ငန္းေပါင္း ၃၀၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for ေဆး၀ါးျဖန္႕

 

၇။ အလုပ္ရွင္- အလုပ္သမားမ်ားအၾကား နားလည္မႈရရွိေစရန္ အစိုးရမွ ပကတိအေျခအေနမွန္ သတင္းအခ်က္အလက္မ်ားကို အခ်ိန္ႏွင့္ တေျပးညီမွ်ေ၀ေပးရန္။

 

၈။ အလုပ္သမားမ်ားအေနျဖင့္ နားလည္မႈရွိစြာျဖင့္ ဆႏၵျပသပိတ္ေမွာက္ျခင္းမ်ား မလုပ္ၾကရန္ အစိုးရမွ တုိက္တြန္း ႏိႈးေဆာ္ေပးရန္။

 

၉။ ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ ကုန္ေခ်ာအခ်ိန္မွီတင္ပို႔ႏိုင္ျခင္းမရွိသည့္အတြက္ စာခ်ဳပ္ကတိက၀တ္ေဖာက္ဖ်က္၍ ေလ်ာ္ေၾကးမ်ားေပးရျခင္းမွ ကာကြယ္ရန္ အစိုးရမွ တရား၀င္ေၾကာညာခ်က္ စာထုတ္ေပးရန္။

 

၁၀။ ကုန္ၾကမ္းပစၥည္းမ်ားေရာက္ရွိလာခ်ိန္တြင္ ဆိပ္ကမ္းမွ ျမန္ဆန္စြာရွင္းလင္းထုတ္ယူႏိုင္ေရး အတြက္အေကာက္ခြန္ဦးစီးဌာနမွ ပူးေပါင္းေဆာင္ရြက္ေပးရန္ တို႔ျဖစ္ပါသည္။

 

ေဖာ္ျပပါ ေဆြးေႏြးခ်က္မ်ားကို ကုန္သည္စက္မႈအသင္းခ်ဳပ္အေနျဖင့္ သက္ဆိုင္ရာ ႏိုင္ငံေတာ္အစိုးရ ၀န္ႀကီးဌာန အဖြဲ႔အစည္းမ်ားသို႕ အေဆာလ်င္ဆံုး တင္ျပ၍ ေတြ႔ဆံုညိုႏိႈင္းၿပီး အျမန္ဆံုး ေျဖရွင္္းေပးသြားမည္ျဖစ္ပါတယ္။

Written By Health Products Directory

Read times Last modified on Thursday, 05 March 2020 17:30
Rate this item
(1 Vote)