What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 04 September 2021 11:02

ထိုင်းနိုင်ငံတွင် ကိုဗစ်ကာကွယ်ရေးထိုးဆေး တွဲလုံးအသစ် သတ်မှတ်

ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ရေးထိုးဆေးကို တစ်မျိုးတည်း နှစ်ကြိမ် သုံးကြိမ် ထိုးခြင်းအစား မျိုးမတူတဲ့ ထိုးဆေးတွေကို တွဲလုံးသတ်မှတ်ပြီး ထိုးနှံရန် အစီအစဉ် ချမှတ်လိုက်ပါတယ်။

အောက်တိုဘာလမှ စ၍ AstraZeneca နဲ့Pfizer တို့ကို တွဲလုံးအဖြစ် သတ်မှတ်ပြီး ဆေးထိုးနှံပေးမယ်လို့ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ထိုအစီအစဉ်ကို Department of Disease Control က အတည်ပြုပေးပြီးပါပြီ။

ထိုးဆေးတွဲလုံး အစီအစဉ်သစ်အရ အသက် ၁၈ နှစ်နှင့်အထက် ဆေးထိုးနှံသူအနေဖြင့် ပထမအကြိမ်မှာ AstraZeneca ထိုးဆေး ထိုးနှံရမှာ ဖြစ်ပြီး ဒုတိယအကြိမ်မှာ Pfizer ကို ထိုးနှံရပါမယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်တို့အကြား လေးပတ်မှ ၁၂ ပတ် ခြားထားမှာ ဖြစ်ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ တွဲလုံးက ပထမအကြိမ် ထိုးနှံခြင်းမှာ Sinovac ကို အသုံးပြုပြီး သုံးပတ်မှ လေးပတ်အကြာမှာ AstraZeneca ကို ဒုတိဘအကြိမ် ထိုးနှံပေးပါတယ်။

ယခုလအတွင်း Pfizer ကာကွယ်ဆေး ကြိမ်ရေ ၁၀ သန်းအတွက် လက်ခံရရှိမှာ ဖြစ်ပြီး အောက်တိုဘာလမှာ တွဲလုံးအသစ်ဖြင့် ဆေးထိုးနှံမှု စတင်မှာ ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Pfizer ထိုးဆေးများ မရရှိသေးတဲ့အတွက် အကန့်အသတ်ဖြင့်သာ ထိုးပေးနေပါတယ်။

Read times
Rate this item
(0 votes)