What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 11:09

တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံတွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ခံရမည့်သူများအတွက် ကြိုတင်ပြင်ဆင်နေ

ကိုရိုနာဗိုင်းရပ်စ် COVID-19 ရှိ/မရှိ ၁၄ ရက် စောင့်ကြည့်မှုပြုလုပ်ရန် တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့် ကလေး ဆေးရုံကြီးရှိ တည်ဆောက်ပြီး

လူနာမထားရှိရသေးသော လေးထပ် အဆောက်အအုံ သစ်ကို ပြင်ဆင်နေကြောင်း တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက မဇ္ဈိမကို ပြောသည်။

 

ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်ဦးက “ကျွန်တော်တို့ အခုလောလောဆယ် အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်နေပါတယ်။ ဆေးရုံသစ်ကြီးမှာ လေးထပ်ရှိတယ်။ သုံးထပ်ကို အဲ့လို လူ နာတွေကို ထားဖို့ ပြင်ဆင်နေတယ်။ ပြင်ဆင်တဲ့အခါမှာ ဝေဘာဂီဆေးရုံပုံစံမျိုး ရအောင် ပြင်ဆင်နေပါတယ်။ ဒါပြီးရင်တော့ အဲ့ဘက်မှာ ဖြစ်ပွားတဲ့ နိုင်ငံတွေကလာပြီး ရောဂါမဖြစ်သေးပေမယ့် စောင့်ကြည့်ရမယ့် လူနာတွေ အဲ့ဒီလိုလူတွေကို ထားမှာဖြစ်ပါ တယ်။ ရောဂါရှိတဲ့သူတွေကို ထားမှာမဟုတ်ပါဘူး။ ရောဂါမရှိဘဲ ၁၄ ရက် စောင့်ကြည့်ရမယ့် သူတွေကို ထားမှာပါ” ဟု ပြောသည်။

 

တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးဘေးရှိ အဆိုပါ လေးထပ် အဆောက်အအုံသစ်တွင် အထပ်သုံးထပ်ကို Hospital Quarantine (ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်ရန်) စီစဉ်ထားကြောင်း သိရသည်။

 

ဆေးရုံအုပ်ကြီး ဒေါက်တာ ဝင်းမော်ဦးက“ကျွန်တော်တို့ တစ်ထပ်ကို တစ်ရက်၊ နှစ်ရက်အတွင်း ပြီးစီးအောင် ဆောက်မယ် ပေါ့နော်။ အဲ့ဒါပြီးရင် ကျန်တဲ့ အထပ်တွေ လည်း ဆက်သွားမှာပေါ့။ ပြီးစီးသွားရင် အဲ့ဒီတစ်ထပ်က ၁ဝ ယောက်ထားလို့ ရမယ်။ ဝေဘာဂီမှာ လောလောဆယ် ၁ဝ ယောက် ရှိတယ်။ အဲ့ဒီသူတွေက ဒီဘက်ကို ရောက်လာမှာပါ။ ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်ခြင်းအားဖြင့် လူထုထဲကို ပျံ့နှံ့သွားမှုမရှိဘူးပေါ့” ဟု ပြောသည်။

 

Traditional Medicine Hall (တိုင်းရင်း ဆေးကုခန်းပေါင်း ၅၉၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for ေဆးခန္း

 

တရုတ်နိုင်ငံပြင်ပ တောင်ကိုရီးယား၊ အီတလီ၊ ဂျပန်၊ အီရန် စသည့် နိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် အစုလိုက် အပြုံလိုက် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားခဲ့သောကြောင့် မြန်မာနိုင်ငံတွင် ကူးစက်မှုဖြစ်ပွားပါက မြန်မြန်ဆန်ဆန် သိရှိပြီး ထိန်းချုပ်နိုင်ရန် ကြိုတင် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာခင်ခင်ကြီးက ပြောထားသည်။

 

လက်ရှိတွင် ဝေဘာဂီဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ လက္ခဏာရှိသူများ၊ သံသယလူနာနှင့် စောင့်ကြည့်လူနာများ အပြင် Hospital Quarantine (ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်) မှုကိုပါ ပြုလုပ်လျက် ရှိရာ နောက်ပိုင်းတွင် Hospital Quarantine (ဆေးရုံတွင် အသွားအလာ ပိတ်ပင်စောင့်ကြည့်) မှုကို တည်ဆောက်ပြီးသော်လည်း လူနာများ မထားရှိရ သေးသော တောင်ဥက္ကလာပရှိ မိခင်နှင့်ကလေးဆေးရုံ လေးထပ်ဆောင်၊ လှည်းကူးကွင်းဆင်း သင်တန်း ကျောင်းများတွင် ထားရှိရန် ပြင်ဆင်နေပြီး ဖောင်ကြီး သင်တန်းကျောင်းတွင်လည်း ထားရှိနိုင်ရန် ဆက်သွယ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

 

ထို့ကြောင့် ဝေဘာဂီ ကူးစက်ရောဂါ ဆေးရုံကြီးတွင် ရောဂါလက္ခဏာရှိသူများ၊ စောင့်ကြည့်လူနာနှင့် သံသယ လူနာများကို သာ ထားရှိတော့ မည်ဖြစ်ကြောင်းလည်း သိရသည်။

Mizzima Burmese


(Zawgyi)

=====

ေတာင္ဥကၠလာပအမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ခံရမည့္သူမ်ားအတြက္ ႀကိဳတင္ျပင္ဆင္ေန

 

ကို႐ိုနာဗိုင္းရပ္စ္ COVID-19 ရွိ/မရွိ ၁၄ ရက္ ေစာင့္ၾကည့္မႈျပဳလုပ္ရန္ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ အမ်ိဳးသမီးႏွင့္ ကေလး ေဆး႐ုံႀကီးရွိ တည္ေဆာက္ၿပီး လူနာမထားရွိရေသးေသာ ေလးထပ္ အေဆာက္အအုံ သစ္ကို ျပင္ဆင္ေနေၾကာင္း ေတာင္ဥကၠလာပ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီးမွ ေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းေမာ္ဦးက မဇၩိမကို ေျပာသည္။

 

ေဆး႐ုံအုပ္ႀကီး ေဒါက္တာဝင္းေမာ္ဦးက “ကြၽန္ေတာ္တို႔ အခုေလာေလာဆယ္ အားကစားနဲ႔ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္အရ ေဆာင္႐ြက္ေနပါတယ္။ ေဆး႐ုံသစ္ႀကီးမွာ ေလးထပ္ရွိတယ္။ သုံးထပ္ကို အဲ့လို လူ နာေတြကို ထားဖို႔ ျပင္ဆင္ေနတယ္။ ျပင္ဆင္တဲ့အခါမွာ ေဝဘာဂီေဆး႐ုံပုံစံမ်ိဳး ရေအာင္ ျပင္ဆင္ေနပါတယ္။ ဒါၿပီးရင္ေတာ့ အဲ့ဘက္မွာ ျဖစ္ပြားတဲ့ ႏိုင္ငံေတြကလာၿပီး ေရာဂါမျဖစ္ေသးေပမယ့္ ေစာင့္ၾကည့္ရမယ့္ လူနာေတြ အဲ့ဒီလိုလူေတြကို ထားမွာျဖစ္ပါ တယ္။ ေရာဂါရွိတဲ့သူေတြကို ထားမွာမဟုတ္ပါဘူး။ ေရာဂါမရွိဘဲ ၁၄ ရက္ ေစာင့္ၾကည့္ရမယ့္ သူေတြကို ထားမွာပါ” ဟု ေျပာသည္။

ေတာင္ဥကၠလာပ အမ်ိဳးသမီးႏွင့္ ကေလးေဆး႐ုံႀကီးေဘးရွိ အဆိုပါ ေလးထပ္ အေဆာက္အအုံသစ္တြင္ အထပ္သုံးထပ္ကို Hospital Quarantine (ေဆး႐ုံတြင္ အသြားအလာ ပိတ္ပင္ေစာင့္ၾကည့္ရန္) စီစဥ္ထားေၾကာင္း သိရသည္။


ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဝင္းေမာ္ဦးက“ကြၽန္ေတာ္တို႔ တစ္ထပ္ကို တစ္ရက္၊ ႏွစ္ရက္အတြင္း ၿပီးစီးေအာင္ ေဆာက္မယ္ ေပါ့ေနာ္။ အဲ့ဒါၿပီးရင္ က်န္တဲ့ အထပ္ေတြ လည္း ဆက္သြားမွာေပါ့။ ၿပီးစီးသြားရင္ အဲ့ဒီတစ္ထပ္က ၁ဝ ေယာက္ထားလို႔ ရမယ္။ ေဝဘာဂီမွာ ေလာေလာဆယ္ ၁ဝ ေယာက္ ရွိတယ္။ အဲ့ဒီသူေတြက ဒီဘက္ကို ေရာက္လာမွာပါ။ ေဆး႐ုံတြင္ အသြားအလာ ပိတ္ပင္ေစာင့္ၾကည့္ျခင္းအားျဖင့္ လူထုထဲကို ပ်ံ႕ႏွံ႔သြားမႈမရွိဘူးေပါ့” ဟု ေျပာသည္။

 

Traditional Medicine Hall (တုိင္းရင္း ေဆးကုခန္းေပါင္း ၅၉၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for ေဆးခန္း

 

တ႐ုတ္ႏိုင္ငံျပင္ပ ေတာင္ကိုရီးယား၊ အီတလီ၊ ဂ်ပန္၊ အီရန္ စသည့္ ႏိုင္ငံမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ အစုလိုက္ အၿပဳံလိုက္ ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္ပြားခဲ့ေသာေၾကာင့္ ျမန္မာႏိုင္ငံတြင္ ကူးစက္မႈျဖစ္ပြားပါက ျမန္ျမန္ဆန္ဆန္ သိရွိၿပီး ထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳတင္ ျပင္ဆင္ထားျခင္းျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာခင္ခင္ႀကီးက ေျပာထားသည္။

 

လက္ရွိတြင္ ေဝဘာဂီေဆး႐ုံႀကီး၌ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ လကၡဏာရွိသူမ်ား၊ သံသယလူနာႏွင့္ ေစာင့္ၾကည့္လူနာမ်ား အျပင္ Hospital Quarantine (ေဆး႐ုံတြင္ အသြားအလာ ပိတ္ပင္ေစာင့္ၾကည့္) မႈကိုပါ ျပဳလုပ္လ်က္ ရွိရာ ေနာက္ပိုင္းတြင္ Hospital Quarantine (ေဆး႐ုံတြင္ အသြားအလာ ပိတ္ပင္ေစာင့္ၾကည့္) မႈကို တည္ေဆာက္ၿပီးေသာ္လည္း လူနာမ်ား မထားရွိရ ေသးေသာ ေတာင္ဥကၠလာပရွိ မိခင္ႏွင့္ကေလးေဆး႐ုံ ေလးထပ္ေဆာင္၊ လွည္းကူးကြင္းဆင္း သင္တန္း ေက်ာင္းမ်ားတြင္ ထားရွိရန္ ျပင္ဆင္ေနၿပီး ေဖာင္ႀကီး သင္တန္းေက်ာင္းတြင္လည္း ထားရွိႏိုင္ရန္ ဆက္သြယ္ ေဆာင္႐ြက္ သြားမည္ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနကလည္း ထုတ္ျပန္ထားသည္။

 

ထို႔ေၾကာင့္ ေဝဘာဂီ ကူးစက္ေရာဂါ ေဆး႐ုံႀကီးတြင္ ေရာဂါလကၡဏာရွိသူမ်ား၊ ေစာင့္ၾကည့္လူနာႏွင့္ သံသယ လူနာမ်ားကို သာ ထားရွိေတာ့ မည္ျဖစ္ေၾကာင္းလည္း သိရသည္။

Mizzima Burmese

Read times
Rate this item
(0 votes)