What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 March 2020 14:36

မန္တလေးမြို့ရှိ COVID -19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး


မန္တလေးမြို့ရှိ COVID -19 ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၁ ဦး သေဆုံး 

မန္တလေးမြို့မှာ COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုခံ နေရတဲ့ အမျိုးသမီးတဦး ဒီနေ့ သေဆုံးသွားတယ်လို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံအုပ်ကြီးက အတည်ပြုပြောပါတယ်။

 

သေဆုံးသူဟာ ဆီးချိုသွေးချိုအခံရှိပြီး ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ ကျောက်ကပ်နဲ့ နှလုံးလည်း မကောင်းတဲ့အပြင် လူကလည်း အတော်လေးဝတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။

 

Laboratory (ဓာတ်ခွဲသုံး ပစ္စည်း ရောင်းချသော ဆိုင်ပေါင်း ၅၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Laboratory

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီးတဦး အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနဲ့ မတ်လ ၄ ရက်နေ့က စောင့်ကြပ်ကြည့်ရှုဖို့ ဆေးရုံကို ပို့ထားတာ ဖြစ်ပါတယ်။

 

အဆိုပါအမျိုးသမီးမှာ COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ အမှန်တကယ်ရှိမရှိအဖြေကိုတော့ ညနေပိုင်းမှာ သိရမှာဖြစ်ပါတယ်။

DVB Burmese


(Zawgyi)

=====



 


 


 



 


 


DVB Burmese

Read times
Rate this item
(0 votes)