What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Monday, 09 March 2020 11:58
ဒီအရာ ၁၀ ခုကို ထိတွေ့ပြီးနောက် သင့်လက်ဆေးဖို့ မမေ့ပါနဲ့
ကိုရိုဗိုင်းပ်စ်ရောဂါ ကာကွယ်ရေးတားဆီးဖို့အတွက် တစ်ကိုယ်ရေးသန့်ရှင်းက အရေးပါတယ်ဆိုတာ လူတိုင်း သိပြီးလောက်မယ်လို့ ထင်ပါတယ်။ တုပ်ကွေးရောဂါ ကာလမှာ မကြာခဏ လက်ဆေးခြင်းက မဖြစ်မနေလိုအပ်ပါတယ်။
မကြာခဏ လက်ဆေးခြင်းက ရောဂါအမျိုးမျိုးကို ကာကွယ်တဲ့နေရာမှာ အမှန်တကယ် အထောက်အကူ ဖြစ်စေတယ်ဆိုတာ အသေအချာပါဘဲ။ ဒါကြောင့် သင့်အနေဖြင့် ယခုဖော်ပြပါ အချက် ၁၀ ချက်ကို ထိတွေ့မိတယ်ဆိုရင် လက်ဆေးဖို့ မမေ့နဲ့နော်…
၁။ လေဆိပ်ရှိ အရာအားလုံး
လေဆိပ်ဆိုတာ လူအမျိုးမျိုးစုစည်းရာ နေရာတစ်ခုဆိုလည်း မမှားပါဘူး။ အဲဒီလေဆိပ်မှာရှိတဲ့ အရာအားလုံးက အနီရောင် အဆင့်ရှိပြီး ဘက်တီးရီယားပိုးမွှားများစွာ ရှိနေတယ်ဆိုတာကို ပြသနေပါတယ်။ အထူးသဖြင့် တံခါးလက်ကိုင်များ နှင့် ဘေးကင်းလုံခြံရေးလိုင်းရှိ ပလပ်စတစ်ပြွန်များ နှင့် ဗန်းများကို ထိတွေ့ခြင်းမှ ရှောင်ကျဉ်းဖို့ မမေ့ပါနဲ့။ မေ့လျော့ပြီး ထိတွေ့မိတယ်ဆိုရင် လက်ကို သေချာဆေးဖို့ မမေ့ပါနဲ့နော်..။
၂။ လက်ကိုင်များ သို့မဟုတ် တံခါးလက်ကိုင်
အများပြည်သူ သယ်ယူပို့ဆောင်နေရေးနေရာတွေမှာရှိတဲ့ လက်ကိုင်များ ဒါမှမဟုတ် တံခါးလက်ကိုင်တွေကို နေ့စဉ်နဲ့အမျှ လူတွေ ဘယ်နယောက် ထိတွေ့နေတယ်ဆိုတာ သင့်အနေဖြင့် မသိရှိနိုင်ပါဘူး။ ဒါကြောင့် သင့်ကျန်းမာရေးကို ကာကွယ်တဲ့အနေဖြင့် လက်ကို တတ်နိုင်သမျှ မြန်မြန်ဆေးကြောခြင်း ဒါမှမဟုတ် လက်သန့်ဆေးရည်များဖြင့် ဆေးကြောခြင်း ပြုလုပ်ပါ။
၃။ ဖြတ်တောက်ပျဉ်ပြား
မီးဖိုချောင်ဆိုတဲ့နေရာက ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွားရာနေရာတစ်ခုဖြစ်တဲ့အတွက် ထိုနေရာမှာ အလုပ်လုပ်တိုင်း သင့်လက်ကို မကြာခဏ ဆေးကြောခြင်း ပြုလုပ်ပါ။
၄။ ပိုက်ဆံ
ခရက်ဒစ် နှင့် ဒက်ဘစ်ကဒ် က မကြာသေမီခင်က လူကြိုက်များလာတဲ့ ငွေကဒ်တစ်ခုဖြစ်တယ်ဆိုပေမယ့်လည်း ငွေကို လက်ဝယ်ကိုင်းသုံးရတာကို လက်လျော့တာကို မတွေ့ရသေးပါဘူး။ ဒါကြောင့် ငွေစက္ကူကို ကိုင်ပြီးအသုံးပြုတယ်ဆိုရင်လည်း သင့်လက်ကို ဆေးကြောဖို့ လိုပါမယ်။
၅။ ဆေးရုံ ၊ ဆေးခန်း နှင့် ဆရာဝန် ရုံးခန်း
ဆေးရုံ ၊ ဆေးခန်း နှင့် ဆရာဝန် ရုံးခန်းတွေက အသန့်ရှင်းဆုံးဖြစ်တယ်ဆိုပေမယ့်လည်း ထိုနေရာတွေက ထွက်ခွာလာပြီဆိုရင် သင့်လက်ကို ဆေးကြောဖို့ မမေ့ပါနဲ့။
၆။ တိရိစ္ဆာန်များ
လူတွေရဲ့ မြတ်နိုးသုတရ နဲ့ ခေါ်တဲ့ ကလေး ၊ ကလေးလေး ဆိုတာကို သင်ကြားဖူးမယ်ထင်ပါတယ်။ ဒါက ချစ်စရာကောင်းတဲ့ တိရိစ္ဆာန်လေးတွေ ဖြစ်ပါတယ်။ သင့်အနေနဲ့ တစ်ခြားသူရဲ့ တိရိစ္ဆာန်လေးတွေကို ကိုင်တွယ်ပြီးရင် သင့်လက်ကို ဆေးကြောဖို့ မမေ့ပါနဲ့။ ဒါကတော့ သင့်အသက်ရွယ် ရလာတဲ့အခါ လက်မဆေးခြင်းရဲ့ ဆိုးကျိုးကို ခံစားရမှာ အသေချာပါဘဲ။
၇။ သင်ပစ္စည်း မဟုတ်သော အခြားသူ၏ ဘောပင်
သင့်ပစ္စည်း မဟုတ်တဲ့ အခြားသူရဲ့ ပစ္စည်း(ဥပမာ - ဘောပင် ၊ ခဲတံ ၊ အစရှိသရွေ့) တွေကို ကိုင်တွယ်ပြီးတိုင် သင့်လက်ကို ဆေးကြောဖို့ သတိရပါ။
၈။ စားသောက်ဆိုင် မီနူး
သင့်အနေနဲ့ စားသောက်တစ်ခုကို ရောက်ပြီးဆိုတာနဲ့ အရင်ဆုံး ကိုင်တွယ်မိတဲ့ အရာကတော့ စားသောက်ဆိုင်ရဲ့ မီနူးဖြစ်ပါတယ်။ ဒီမီနူး ကို လူတိုင်းထိတွေ့ ကိုင်တွယ်နေတဲ့ အရာဖြစ်တာကြောင့် အစာမစားပြီးအရင် (မီနူးကိုင်တွယ်ပြီး) သင့်လက်ကို ဆေးကြောဖို့ မမေ့ပါနဲ့။
၉။ စမတ်ဖုန်း မျက်နှာပြင်
စမတ်ဖုန်း မျက်နှာပြင်မှာ ဘက်တီးရီးယားများ နေရာတိုင်းတွင်ရှိပါတယ်။ ဒါကြောင့် စမတ်ဖုန်းသုံးတိုင်နေစဉ် လက်ကို မကြာခဏ ဆေးကြောပါ။ မျက်နှာ ထိတွေ့ခြင်း ရှောင်ကျဉ်းပါ။
၁၀။ ဆပ်ပြာ ညှစ်ဆေး
ဟုတ်ပါတယ်။ ဒါက သင့်အနေဖြင့် ထူးစမ်းနေပါလိမ့်မယ်။ ဒါပေမယ့် သင့်သတိမထားမိတာ တစ်ခုက ဒီနေရာ လူအများဆုံးထိတွေ့နေတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။
Written By Aung Win (Health Products Directory)
Ref; therealhealthything
(Zawgyi)
=======
၁။ လေဆိပ်ရှိ အရာအားလုံး
၃။ ဖြတ်တောက်ပျဉ်ပြား
၎။ ပိုက်ဆံ
၆။ တိရိစ္ဆာန်များ
၈။ စားသောက်ဆိုင် မီနူး
၁၀။ ဆပ်ပြာ ညှစ်ဆေး
Read times
Rate this item
(0 votes)