What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 March 2020 12:00

လက်ဆေးခြင်းရဲ့အရေးပါမှုကို မီးမောင်းထိုးပြခဲ့တဲ့ Google

Coronavirus တစ်မ္ဘာလုံးအတိုင်းအတာနဲ့ ပြန်နှံနေပြီး လူသန်းပေါင်းများစွာ ဗိုင်းရက်စ်ကို ခံစားနေရပါတယ်။

ဒီအချိန်မှာ လက်ဆေးခြင်းရဲ့ အရေးပါမှုကို Google ကနေ Doodle အသုံးပြုကာ မီးမောင်းထိုးပြနေပါတယ်။ ဒီလက်ဆေးတာဟာ အရေးအလွန်ပါကြောင်း စတင်မီးမောင်းထိုးပြခဲ့သူကတော့ Dr.Ignaz Semmelweis ပဲဖြစ်ပါတယ်။ သူ့ကို " Father Of Infection Control " ဆိုပြီးလည်း လူသိများကြပါတယ်။

 

Semmelweis ဟာ Hungarian physician တစ်ဦးဖြစ်ပြီး ဆေးပညာလောကမှာ လက်ဆေးခြင်းရဲ့အားသာချက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ပထမဆုံးလူ လည်းဖြစ်ပါတယ်။ ၁၈၄၇ ခုနှစ် မတ်လ ၂၀ ရောက်တဲ့အခါမှာတော့ Semmelweis ဟာ ဗီယင်နာအထွေထွေရောဂါကုဆေးရုံရဲ့ သားဖွားဆေးခန်းမှာ အကြီးအကဲအဖြစ် ခန့်အပ်ခြင်းခံရပြီး လက်ကို ရိုးရိုးရေနဲ့ဆေးတာထက် ကလိုရင်းခပ်ထားတဲ့ ဆေးရည်နဲ့ ဆေးတာဟာ လက်ကိုပိုမိုသန့်ရှင်းစေကြောင်း သရုပ်ပြခဲ့ပြီး ဆရာဝန်များအနေနဲ့ လက်ကိုသေချာဆေးကြဖို့ စတင်တိုက်တွန်းခဲ့ပါတယ်။

 

Pest Control Services (ပိုးမွှားနှိမ်းနင်းရေးလုပ်ငန်းပေါင်း ၁၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Pest Control Services


သူ့ကို မခန့်အပ်ခင်အချိန်က ဆေးရုံများမှာ " Childbed Fever " ဆိုတဲ့ ရောဂါနဲ့ ကူးစက်မှုနှုန်းမြင့်မားစွာ မိခင်တွေဟာသေဆုံးနေကြပါတယ်။ စုံစမ်းစစ်ဆေးမှုအပြီးမှာတော့ Semmelweis ဟာ ဆရာဝန်တွေရဲ့လက်မှတဆင့် ရောဂါကူးစက်တာဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။



နောက်ပိုင်းမှာတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်လာပြီး လူသတ်မှုနဲ့ စွပ်စွဲခံရကာ စိတ်ကျန်းမာရေးဆေးရုံကို ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ သူသေဆုံးပြီးနောက်ပိုင်းမှာ သူ့ရဲ့ သီအိုရီကို လက်ခံခဲ့ကြပြီး Google မှလည်း သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ လက်ဆေးခြင်းရဲ့အရေးပါမှုကို Doodle အသုံးပြုကာ မီးမောင်းထိုးပြခဲ့ပါတယ်။ Covid - 19 ကြောင့် ရောဂါကူးစက်မှုနှုန်းမြင့်မားနေချိန်မှာ လက်ဆေးခြင်းဟာ အရေးပါကြောင်း ွGoogle ကနေ မီးမောင်းထိုးပြခဲ့တာကလည်း ရောဂါပြန့်နှံမှုကို တားဆီးဖို့အတွက် ထိရောက်တဲ့နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

Myanmar ICT Guide

 

 

90165828_212716063139335_1462378197545910272_n.png

 

 

( Zawgyi )

=======

လက္ေဆးျခင္းရဲ႕အေရးပါမႈကို မီးေမာင္းထိုးျပခဲ့တဲ့ Google



Coronavirus တစ္မ႓ာလံုးအတိုင္းအတာနဲ႔ ျပန္ႏွံေနျပီး လူသန္းေပါင္းမ်ားစြာ ဗိုင္းရက္စ္ကို ခံစားေနရပါတယ္။ ဒီအခ်ိန္မွာ လက္ေဆးျခင္းရဲ႕ အေရးပါမႈကို Google ကေန Doodle အသံုးျပဳကာ မီးေမာင္းထိုးျပေနပါတယ္။ ဒီလက္ေဆးတာဟာ အေရးအလြန္ပါေၾကာင္း စတင္မီးေမာင္းထိုးျပခဲ့သူကေတာ့ Dr.Ignaz Semmelweis ပဲျဖစ္ပါတယ္။ သူ႔ကို " Father Of Infection Control " ဆိုျပီးလည္း လူသိမ်ားၾကပါတယ္။ 

 

Semmelweis ဟာ Hungarian physician တစ္ဦးျဖစ္ျပီး ေဆးပညာေလာကမွာ လက္ေဆးျခင္းရဲ႕အားသာခ်က္ကို ရွာေဖြေတြ႔ရွိခဲ့တဲ့ ပထမဆံုးလူ လည္းျဖစ္ပါတယ္။ ၁၈၄၇ ခုႏွစ္ မတ္လ ၂၀ ေရာက္တဲ့အခါမွာေတာ့ Semmelweis ဟာ ဗီယင္နာအေထြေထြေရာဂါကုေဆးရုံရဲ႕ သားဖြားေဆးခန္းမွာ အၾကီးအကဲအျဖစ္ ခန္႔အပ္ျခင္းခံရျပီး လက္ကို ရုိးရိုးေရနဲ႕ေဆးတာထက္ ကလိုရင္းခပ္ထားတဲ့ ေဆးရည္နဲ႔ ေဆးတာဟာ လက္ကိုပိုမိုသန္႕ရွင္းေစေၾကာင္း သရုပ္ျပခဲ့ျပီး ဆရာဝန္မ်ားအေနနဲ႕ လက္ကိုေသခ်ာေဆးၾကဖို႔ စတင္တုိက္တြန္းခဲ့ပါတယ္။ 

 

Pest Control Services (ပိုးမႊားႏွိမ္းနင္းေရးလုပ္ငန္းေပါင္း ၁၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Pest Control Services

 

သူ႔ကို မခန္႔အပ္ခင္အခ်ိန္က ေဆးရုံမ်ားမွာ " Childbed Fever " ဆိုတဲ့ ေရာဂါနဲ႕ ကူးစက္မႈႏႈန္းျမင့္မားစြာ မိခင္ေတြဟာေသဆံုးေနၾကပါတယ္။ စံုစမ္းစစ္ေဆးမႈအျပီးမွာေတာ့ Semmelweis ဟာ ဆရာဝန္ေတြရဲ႕လက္မွတဆင့္ ေရာဂါကူးစက္တာျဖစ္ႏိုင္တယ္လို႕ ေကာက္ခ်က္ခ်ခဲ့ပါတယ္။ 

 

ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႕ အဆင္မေျပျဖစ္လာျပီး လူသတ္မႈနဲ႕ စြပ္စြဲခံရကာ စိတ္က်န္းမာေရးေဆးရုံကို ပို႔ေဆာင္ျခင္းခံခဲ့ရပါတယ္။ သူေသဆံုးျပီးေနာက္ပိုင္းမွာ သူ႔ရဲ႕ သီအိုရီကို လက္ခံခဲ့ၾကျပီး Google မွလည္း သူ႔ကိုဂုဏ္ျပဳတဲ့အေနနဲ႔ လက္ေဆးျခင္းရဲ႕အေရးပါမႈကို Doodle အသံုးျပဳကာ မီးေမာင္းထိုးျပခဲ့ပါတယ္။ Covid - 19 ေၾကာင့္ ေရာဂါကူးစက္မႈႏႈန္းျမင့္မားေနခ်ိန္မွာ လက္ေဆးျခင္းဟာ အေရးပါေၾကာင္း ြGoogle ကေန မီးေမာင္းထိုးျပခဲ့တာကလည္း ေရာဂါျပန္႕ႏွံမႈကို တားဆီးဖို႔အတြက္ ထိေရာက္တဲ့နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။

Myanmar ICT Guide

Read times Last modified on Friday, 20 March 2020 12:16
Rate this item
(0 votes)