What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 07 September 2020 16:27

COVID-19 ဓာတ်ခွဲအတည်ပြု လူနာအား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

ကုသရေးဦးစီးဌာန


COVID-19 ဓာတ်ခွဲအတည်ပြု လူနာအား ဆေးရုံဆင်းခွင့်ပြုရန် သတ်မှတ်ချက်များ


၁။ ရောဂါလက္ခဏာရှိသောလူနာအုပ်စု

(က) သာမန် (သို့မဟုတ်) အသင့်အတင့်ရောဂါလက္ခဏာ ရှိသည့် လူနာများ

(ကိုယ်ခံအား ကျဆင်းနေသော လူနာများ မပါဝင်ပါ)

 

• ရောဂါလက္ခဏာပြသည့်ရက်မှစ၍ (၁၀)ရက်နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီး နောက် (၄)ရက် ကြာရှိခြင်း (ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်း မရှိ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာနှင့် COVID-19 အခြား ရောဂါလက္ခဏာများ မရှိခြင်း)၊

• လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး ၁၄ ရက် ထားရှိရမည်။

(ခ) ပြင်းထန်သော ရောဂါလက္ခဏာ ရှိသည့် လူနာများ(သို့မဟုတ်) အသည်းအသန်လူနာများ (သို့မဟုတ်) ကိုယ်ခံအား ကျဆင်းနေသူများ

 

• ရောဂါလက္ခဏာပြသည့်ရက်မှစ၍ (၁၀)ရက်နှင့် ရောဂါလက္ခဏာပျောက်ကင်းပြီးနောက် (၄)ရက် ကြာရှိခြင်း (ကိုယ်ပူကျဆေး အကူအညီမပါဘဲ ဖျားနာခြင်း မရှိ၊ အသက်ရှူလမ်းကြောင်း ဆိုင်ရာနှင့် COVID-19 အခြား ရောဂါလက္ခဏာများ မရှိခြင်း)၊

• လူနာအား အတွင်းလူနာအဖြစ် အနည်းဆုံး ၂၁ ရက် ထားရှိရမည်။

 

၂။ ရောဂါလက္ခဏာ မရှိသော လူနာများ

SARS-CoV-2 ရောဂါပိုးတွေ့ရှိပြီး (၁၄)ရက်ရှိခြင်း။

 

မှတ်ချက်။ အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသော လူနာများအား ဆေးရုံမှ ဆင်းခွင့်ပြုပြီးသည့်အခါ နေအိမ်၌ (၇)ရက် အသွားအလာကန့်သတ်ကာ သီးသန့်နေထိုင်စေရမည် ဖြစ်ပါသည်။

Read times Last modified on Monday, 07 September 2020 16:31
Rate this item
(0 votes)