What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 16 March 2020 13:27

စင်ကာပူနိုင်ငံသို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက်

စင်ကာပူနိုင်ငံ အစိုးရအနေဖြင့် 2019 Novel Coronavirus (COVID-19) ရောဂါထိန်းချုပ် ရေး အစီအစဉ်သစ်များကို (၁၅-၃-၂၀၂၀) ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။


အဆိုပါ ထုတ်ပြန်ချက်တွင် -

- အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဗြိတိန်နိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ စင်ကာပူ နိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများ (မည်သည့်နိုင်ငံသားမဆို) အား စင်ကာပူ နိုင်ငံတွင် ၁၄-ရက်ကြာ အိမ်တွင်နေထိုင်ခြင်းကန့်သတ်ချက် (Stay Home Notice) ကို သတ်မှတ်သွားမည်ဖြစ်ကြောင်း၊


- မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများ အနေဖြင့် စင်ကာပူ နိုင်ငံသို့ ကာလတို လူမှုရေး အလည်အပတ် လာရောက်မှုကို ဆက်လက်ခွင့်ပြုသွားမည်ဖြစ်သော်လည်း စင်ကာပူနိုင်ငံမှ သတ်မှတ်ထားသည့် ကျန်းမာရေးဆိုင်ရာ ကြေညာချက် (Health Declaration) ကို ဖြည့်စွက်ပြီး သက်ဆိုင်ရာနိုင်ငံများရှိ စင်ကာပူသံရုံးသို့ ပေးပို့  လျှောက်ထားရမည် ဖြစ်ပါကြောင်း၊

 

Township Healthcare Centres (မြို့နယ်ဒေသန္တရ ဆေးခန်းပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Township Healthcare Centres

 

- အဆိုပါ လျှောက်ထားမှုအား စင်ကာပူနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနမှ အတည်ပြု ချက်ရရှိရန် လိုအပ်ပါကြောင်း၊ အဆိုပါအတည်ပြုချက်ကို စင်ကာပူနိုင်ငံသို့အဝင်တွင် လူဝင်မှုကြီးကြပ်ရေးဌာနမှ စစ်ဆေးမည်ဖြစ်ပြီး အတည်ပြုချက် မပါရှိသူများအတွက် ပြည်ဝင်ခွင့်ပြုမည် မဟုတ်ပါကြောင်း၊


- ယခုသတ်မှတ်ချက်အသစ်သည် (၁၆-၃-၂၀၂၀) ရက်နေ့ (တနင်္လာနေ့) စင်ကာပူစံတော်ချိန် (၂၃:၅၉) နာရီမှ စတင်ကာ အသက်ဝင်လာမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဆိုင်ရာ ကြေညာ ချက် (Health Declaration) အား စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် download ရယူနိုင်ကြောင်း သိရှိရပါသည်။

Written by Health Products Directory

 

(Zawgyi)

-------

စင္ကာပူႏိုင္ငံသို႔ သြားေရာက္မည့္ ျမန္မာႏိုင္ငံသားမ်ားအတြက္ အသိေပးေၾကညာခ်က္

**********************************************


စင္ကာပူႏိုင္ငံ အစိုးရအေနျဖင့္ 2019 Novel Coronavirus (COVID-19) ေရာဂါထိန္းခ်ဳပ္ ေရး အစီအစဥ္သစ္မ်ားကို (၁၅-၃-၂၀၂၀) ရက္ေန႔တြင္ ထပ္မံထုတ္ျပန္ခဲ့ပါသည္။


အဆိုပါ ထုတ္ျပန္ခ်က္တြင္ -

- အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ား၊ ၿဗိတိန္ႏိုင္ငံ၊ ဆြစ္ဇာလန္ႏိုင္ငံႏွင့္ ဂ်ပန္ႏိုင္ငံတို႔မွ စင္ကာပူ ႏိုင္ငံသို႔ လာေရာက္ၾကမည့္ ခရီးသြားမ်ား (မည္သည့္ႏိုင္ငံသားမဆို) အား စင္ကာပူ ႏိုင္ငံတြင္ ၁၄-ရက္ၾကာ အိမ္တြင္ေနထိုင္ျခင္းကန႔္သတ္ခ်က္ (Stay Home Notice) ကို သတ္မွတ္သြားမည္ျဖစ္ေၾကာင္း၊


- ျမန္မာႏိုင္ငံအပါအဝင္ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ား အေနျဖင့္ စင္ကာပူ ႏိုင္ငံသို႔ ကာလတို လူမႈေရး အလည္အပတ္ လာေရာက္မႈကို ဆက္လက္ခြင့္ျပဳသြားမည္ျဖစ္ေသာ္လည္း စင္ကာပူႏိုင္ငံမွ သတ္မွတ္ထားသည့္ က်န္းမာေရးဆိုင္ရာ ေၾကညာခ်က္ (Health Declaration) ကို ျဖည့္စြက္ၿပီး သက္ဆိုင္ရာႏိုင္ငံမ်ားရွိ စင္ကာပူသံ႐ုံးသို႔ ေပးပို႔  ေလွ်ာက္ထားရမည္ ျဖစ္ပါေၾကာင္း၊

 

Township Healthcare Centres (ျမိဳ႕နယ္ေဒသႏၱရ ေဆးခန္းေပါင္း ၄၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Township Healthcare Centres


- အဆိုပါ ေလွ်ာက္ထားမႈအား စင္ကာပူႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနမွ အတည္ျပဳ ခ်က္ရရွိရန္ လိုအပ္ပါေၾကာင္း၊ အဆိုပါအတည္ျပဳခ်က္ကို စင္ကာပူႏိုင္ငံသို႔အဝင္တြင္ လူဝင္မႈႀကီးၾကပ္ေရးဌာနမွ စစ္ေဆးမည္ျဖစ္ၿပီး အတည္ျပဳခ်က္ မပါရွိသူမ်ားအတြက္ ျပည္ဝင္ခြင့္ျပဳမည္ မဟုတ္ပါေၾကာင္း၊


- ယခုသတ္မွတ္ခ်က္အသစ္သည္ (၁၆-၃-၂၀၂၀) ရက္ေန႔ (တနလၤာေန႔) စင္ကာပူစံေတာ္ခ်ိန္ (၂၃:၅၉) နာရီမွ စတင္ကာ အသက္ဝင္လာမည္ ျဖစ္ေၾကာင္း၊ က်န္းမာေရးဆိုင္ရာ ေၾကညာ ခ်က္ (Health Declaration) အား စင္ကာပူႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ အင္တာနက္ စာမ်က္ႏွာတြင္ download ရယူႏိုင္ေၾကာင္း သိရွိရပါသည္။

Written by Health Products Directory

Read times Last modified on Monday, 16 March 2020 15:57
Rate this item
(0 votes)