What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 15 April 2020 10:32

(၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီCOVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

 

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁၂)ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။


၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-063)၏ သတင်းကို (၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။


၃။ သို့ဖြစ်ရာ (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၇၄) ဦး တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။


၄။ အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦး၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

Read times Last modified on Wednesday, 15 April 2020 13:55
Rate this item
(0 votes)