What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 30 March 2020 15:06

Indian Railways ရဲ့ ရထားတွဲ ဆေးရုံ

90251442_832926683874316_4730726126572273664_n.png

 

Indian Railways က နိုင်ငံတွင်းမှာ lock down လုပ်တာမို့ ရထားခရီးစဉ် အတော်များများ ရပ်နားထားချိန်မှာ ရထားတွဲတွေကို ယာယီဆေးရုံများအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ Covid-19 လူနာတွေကို သီခြားခွဲထားပြီး ကုသပေးနိုင်စေဖို့ ဖြစ်ပါတယ်။

 

ဦးစွာပထမ ရှေ့ပြေးပုံစံအနေဖြင့် ရထားတွဲအချို့ကို ဆေးရုံအဆောင်တစ်ခုစီအဖြစ် ပြောင်းလဲခဲ့ကြတယ်။

 

စံရည်စံသွေး စစ်ဆေးစမ်းသပ်မှုများ ပြုခဲ့ပါတယ်။ လေအေးပေးစက် မပါတဲ့ ရထားတွဲ ၉ တွဲမှာ အိမ်သာ ၄ ခန်းပါဝင်ပြီး ၂ ခန်းကို ရေချိုးခန်းအဖြစ် ပြောင်းလဲပါတယ်။

 

သီးခြားအခန်းများ ဖွဲ့ပြီး ၁၀ ခန်း ဖွဲ့တည်ပါတယ်။ တစ်ခန်းကို သူနာပြုအခန်းအဖြစ် ထားရှိပြီး ကျန်အခန်းတွေကို လူနာတွေအတွက် အသုံးပြုမှာ ဖြစ်ပါတယ်။ သူနာပြုအခန်းက ကျန်းမာရေးဝန်ထမ်းတွေ အသုံးပြုရမယ့်အခန်း ဖြစ်ပါတယ်။ အခန်းတွေ ဖွဲ့တာမှာ အထက်သားနဲ့ အလုံကာရံပြီး ဝင်ထွက်ပေါက်ကိုတော့ ပလတ်စတစ်ခန်းဆီး တပ်ဆင်ပါတယ်။


ရထားတွဲတိုင်းကို လျှပ်စစ် ၂၂၀ ဗို့အား စီစဉ်ပေးထားမှာဖြစ်လို့ ဆေးကိရိယာများ သုံးစွဲဖု့ အဆင်ပြေမှာ ဖြစ်ပါတယ်။ အိပ်စင်တွဲတွေမှာတော့ ပုံမှန်အခြေအနေမှာ တစ်ခန်းလျှင် လူနာ တစ်ဦး ထားရှိမှာဖြစ်ပြီး မနိုင်မနင်း ဖြစ်လာချိန်ကျမှ တစ်ခန်းမှာ နှစ်ဦး ထားရှိမှာ ဖြစ်ပါတယ်။

 

ရထားတွဲ တစ်တွဲစီဟာ ဆေးရုံအဆောင်တစ်ခုနဲ့ အလားတူနေမှာ ဖြစ်ပြီး ပထမအဆင့်မှာ ဆေးရုံအဖြစ် ပြောင်းလဲပေးနေတဲ့ ရထားတွဲပေါင်း နှစ်သောင်းအထိ ရှိနိုင်ပြီး ရထားဆေးရုံတွေမှာ လူနာ သုံးသိန်းနှစ်သောင်းအထိ လက်ခံပေးဖု့ိ ကုတင်တွေ အသင့်ရှိနေအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

90165828_212716063139335_1462378197545910272_n.png

Written By Do Jay Sann

Read times
Rate this item
(1 Vote)