What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 19 March 2020 21:56

၁၀ မိနစ်လျှင် တစ်ယောက်နှုန်းသေဆုံးဖွယ်ရှိလာတဲ့ အီရန်နိုင်ငံမှ ကိုရိုနာဗိုင်းပ်စ်

အီရန်နိုင်ငံတွင် ၁၀ မိနစ်လျှင် ကိုရိုနာဗိုင်းပ်စ်လူနာတစ်ဦး သေဆုံးနေတယ်လို့ သိရပါတယ်။

 

အရှေ့အလယ်ပိုင်းနိုင်ငံတွေထဲမှု အဆိုးရွားဆုံ အခြေနေထိရှောက်ရှိလာပြီး လက်ရှိမှာတော့ သေဆုံးသူဦးရေ ၁၂၈၄ ဦးထိရှိလာတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ "သတင်းအချက်အလက်များအပေါ်အခြေခံပြီး ၊ ၁၀ မိနစ်တိုင်းမှာ coronavirus က လူတစ်ယောက်ကို သေဆုံးစေပြီး တစ်နာရီမှာ လူ ၅၀ ခန့်က ရောဂါပိုးကူးစက်ခံနေရတယ်" ဟု Kianush Jahanpur ကတွစ်တာတွင်ရေးထားခဲ့ပါတယ်။

 

အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်များအရ coronavirus ရောဂါ COVID-19 သည် အီရန်တွင် ၁၀ မိနစ်လျှင်တစ်ကြိမ် အသက်တစ်ချောင်းကို အသက်ဆုံးရှုံးစေသည်ဟု နိုင်ငံပိုင် မီဒီယာကို ပြောကြားခဲ့ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ Kianoush Jahanpour သည် တစ်နာရီလျှင်ဗိုင်းရပ်စ်ကူးစက်ခံရသူ အီရန်နိုင်ငံသား ၅၀ ခန့် ရှိနေတယ်လို့ အီရန်၏တရားဝင်သတင်းအေဂျင်စီ IRNA ကပြောကြားခဲ့ပါတယ်။

 

ဒါ့အပြင် Jahanpour က ပြည်သူများကို နှစ်သစ်ကူးပွဲတော် Nowruz ကို ယခုနှစ်အိမ်၌သာ ကျင်းပရန် တွစ်တာတွင် တိုက်တွန်းခဲ့ပါတယ်။ နိုင်ငံအတွင်း COVID-19 သေဆုံးသူဦးရေသည် ထောင်ဂဏန်းသို့ရောက်ရှိခဲ့ပြီး စုစုပေါင်းလူပေါင်း ၁,၁၃၅ ဦး သေဆုံးခဲ့ပါတယ်။

 

ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Alireza Reisi ၏ ပြောကြားချက်အရ ၂၄ နာရီအတွင်းလူပေါင်း ၁၄၇ ဦး သေဆုံးခဲ့ရပြီး၊ ရောဂါပိုးအသစ်များဖြင့် ၁၁၁၂ ခုရှိခဲ့ပြီး စုစုပေါင်းလူဦးရေ ၁၇,၃၆၁ ဦး ရှိလာပါတယ်။ မြို့တော်တီဟီရန်ရှိဆေးရုံတွင် အလုပ်လုပ်နေသည့် ဆရာဝန်တစ်ဦးသည်ကြာသပတေးနေ့တွင်သေဆုံးခဲ့တဲ့အပြင် အီရန်နိုင်ငံတွင် COVID-19 ကြောင့် ဆရာဝန် ၁၀ ဦး နှင့် သူနာပြု ၄ ဦး သေဆုံးခဲ့ပါတယ်။

 

အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ်၏ အချက်အလက်များအရ ပြီးခဲ့သည့်ဒီဇင်ဘာလကတည်းက ဖြစ်ပွားမှုပေါင်း ၂၁၉၀၀၀ ကျော်ရှိခဲ့ကြောင်းသိရပါတယ်။ ယခုသေဆုံးသူ ၈,၉၀၀ ကျော်ရှိပြီး လူနာ ၈၄၀၀၀ ကျော် ပြန်လည်ကျန်းမာလာဖို့အတွက် ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။

Written By Aung Win (Health Products Directory)

Ref:anews.com

(Zawgyi)

======


 


 


 


 


 


 



Ref:anews.com

Read times
Rate this item
(0 votes)