What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 24 January 2020 17:41

ဝူဟမ် အဆုတ်နာရောဂါ လက္ခဏာများ နှင့် ကူးစက်မခံရအောင် ဆောင်ရန် ၊ ရှောင်ရန်များ

Corona Virus ကြောင့်ဖြစ်ပွားတဲ့ အဆုတ်နာရောဂါဟာ တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟမ်မြို့မှ စတင်ဖြစ်ပွားခဲ့ပြီး ကူးစက်မှုနှုန်းဟာ ကြောက်ခမန်းလိလိ မြင့်တက်လျက်ရှိနေကာ သေဆုံးသူဦးရေ ၂၅ ဦးကျော်အထိ ရှိနေပြီလို့ သိရပါတယ်။ 

အဲဒါကြောင့် ဝူဟမ် အဆုတ်နာရောဂါ လက္ခဏာတွေနဲ့ ကြိုတင် ကာကွယ်နိုင်မယ့် အချက်အလက်များကို သိထားသင့်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ - နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဖျားခြင်း ၊ အဖျားအတက်အကျ မြန်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဝေဒနာပြင်းထန်ခြင်း အစရှိတဲ့ လက္ခဏာတွေရှိနေခဲ့ရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားရောက်ပြသသင့်ပါတယ်။

 

ကူးစက်ခံရနိုင်ချေ အများဆုံးရှိတဲ့သူတွေကတော့ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များနဲ့ သက်ကြီးရွယ်အိုတွေပါ။ ဒါ့အပြင် ကိုယ်ခံအားနည်းသောသူတွေမှာလည်း အလွယ်တကူ ကူးစက် ဝင်ရောက်နိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ တိရစ္ဆာန်အချင်းချင်းနဲ့ လူအချင်းချင်း ကူးစက်ပျံ့ပွားနိုင်ပါတယ်။ ကူးစက်ပျံ့နှံ့မှုနှုန်း တစ်ရှိန်ထိုးမြင့်တက်နေတဲ့ ဝူဟမ် ဗိုင်းရပ်စ်ကို ကုသပေးနိုင်တဲ့ ဆေးမရှိသေးဘဲ သိပ္ပံပညာရှင်များက စမ်းသပ်လေ့လာနေဆဲသာဖြစ်ပါတယ်။ အဲဒါကြောင့် ဝူဟမ် ဗိုင်းရပ်စ် ကူးစက်မခံရအောင် ကိုယ်ကိုယ်တိုင်က ကြိုတင် ကာကွယ်ထားရပါမယ်။

 

ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ - အိမ်မွေးတိရစ္ဆာန်များ ငှက်များအပါအဝင် ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ။ အသားစိမ်းများစားသောက်ခြင်း ကို ရှောင်ကြဉ်ပါ။ နှာစေးချောင်းဆိုးနေသော သူများနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ။ 

တစ်ကိုယ်ရည်သန့်ရှင်းမူကိုအလေးထားပါ။ လက်ကိုစင်ကြယ်စွာဆေးပါ ( အစာမစားမီ, အိမ်သာအထွက်, နှပ်ညစ်ပြီး ဒါမှမဟုတ်ချောင်းဆိုးပြီး သောအချိန်များတွင်လက်ဆေးပါ) လိုအပ်ပါက နှာခေါင်းစည်း တပ်ပါ။

 

ချောင်းဆိုး ပါက တစ်ရှုးဖြင့်အုပ်ပြီး ဆိုးပါ။ ပြီးရင် အဲဒီ တစ်ရှုးကို ချက်ခြင်း အမှိုက်ပုံးထဲသို့ စွန့်ပစ်ပါ။ ရေဆာမခံဘဲ ရေများများသောက်သုံးပေးပါ။ အတတ်နိုင်ဆုံး ရေကျက်အေးသောက်သုံးပေးပါ။ တစ်ခါသောက်ရင် ရေကျက်‌အေး 50-80 CC သောက်ပါ၊ ကလေးဆို 30-50 CC သောက်ပါ။

 

ဆီကြော်စာများ၊ ချောင်းဆိုးစာများကို ရှောင်ကြဉ်ပါ။ လူစုလူဝေးနေရာများကို ရှောင်ကြဉ်ပါ။ နေမကောင်းဖြစ်ပါက နီးစပ်ရာဆေးပေးခန်းသို့ ချက်ချင်းသွားရောက်ပြီး ဆရာဝန် ဖြင့် ပြသပါ ။

 

ကြိုတင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုအသုံးပြုပြီး ဝူဟမ် ဗိုင်းရပ်စ် ဘေးမှ ကင်းဝေးပြီး အနာရောဂါဘယ ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

Mobile Guide Journal

 

(Zawgyi)

=====

ဝူဟမ္ အဆုတ္နာေရာဂါ လကၡဏာမ်ား ႏွင့္ ကူးစက္မခံရေအာင္ ေဆာင္ရန္ ၊ ေရွာင္ရန္မ်ား

 

Corona Virus ေၾကာင့္ျဖစ္ပြားတဲ့ အဆုတ္နာေရာဂါဟာ တ႐ုတ္ႏိုင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟမ္ၿမိဳ႕မွ စတင္ျဖစ္ပြားခဲ့ၿပီး ကူးစက္မႈႏႈန္းဟာ ေၾကာက္ခမန္းလိလိ ျမင့္တက္လ်က္ရွိေနကာ ေသဆုံးသူဦးေရ ၂၅ ဦးေက်ာ္အထိ ရွိေနၿပီလို႔ သိရပါတယ္။ အဲဒါေၾကာင့္ ဝူဟမ္ အဆုတ္နာေရာဂါ လကၡဏာေတြနဲ႔ ႀကိဳတင္ ကာကြယ္ႏိုင္မယ့္ အခ်က္အလက္မ်ားကို သိထားသင့္ပါတယ္။

 

ေရာဂါလကၡဏာေတြကေတာ့ - ႏွာေစးျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ဖ်ားျခင္း ၊ အဖ်ားအတက္အက် ျမန္ျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္း၊ ေဝဒနာျပင္းထန္ျခင္း အစရွိတဲ့ လကၡဏာေတြရွိေနခဲ့ရင္ေတာ့ နီးစပ္ရာေဆးခန္းကို အျမန္ဆုံး သြားေရာက္ျပသသင့္ပါတယ္။ ကူးစက္ခံရႏိုင္ေခ် အမ်ားဆုံးရွိတဲ့သူေတြကေတာ့ ကေလးငယ္မ်ား၊ ကိုယ္ဝန္ေဆာင္မ်ားနဲ႔ သက္ႀကီး႐ြယ္အိုေတြပါ။ ဒါ့အျပင္ ကိုယ္ခံအားနည္းေသာသူေတြမွာလည္း အလြယ္တကူ ကူးစက္ ဝင္ေရာက္ႏိုင္ပါတယ္။ ဒီဗိုင္းရပ္စ္ပိုးဟာ တိရစာၦန္အခ်င္းခ်င္းနဲ႔ လူအခ်င္းခ်င္း ကူးစက္ပ်ံ႕ပြားႏိုင္ပါတယ္။

 

ကူးစက္ပ်ံ႕ႏွံ႔မႈႏႈန္း တစ္ရွိန္ထိုးျမင့္တက္ေနတဲ့ ဝူဟမ္ ဗိုင္းရပ္စ္ကို ကုသေပးႏိုင္တဲ့ ေဆးမရွိေသးဘဲ သိပၸံပညာရွင္မ်ားက စမ္းသပ္ေလ့လာေနဆဲသာျဖစ္ပါတယ္။ အဲဒါေၾကာင့္ ဝူဟမ္ ဗိုင္းရပ္စ္ ကူးစက္မခံရေအာင္ ကိုယ္ကိုယ္တိုင္က ႀကိဳတင္ ကာကြယ္ထားရပါမယ္။ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေတြကေတာ့ - အိမ္ေမြးတိရစာၦန္မ်ား ငွက္မ်ားအပါအဝင္ ထိေတြ႕ျခင္းမွေရွာင္ၾကဥ္ပါ။ အသားစိမ္းမ်ားစားေသာက္ျခင္း ကို ေရွာင္ၾကဥ္ပါ။ ႏွာေစးေခ်ာင္းဆိုးေနေသာ သူမ်ားႏွင့္ ထိေတြ႕ျခင္းကို ေရွာင္ၾကဥ္ပါ။

 

တစ္ကိုယ္ရည္သန႔္ရွင္းမူကိုအေလးထားပါ။ လက္ကိုစင္ၾကယ္စြာေဆးပါ ( အစာမစားမီ, အိမ္သာအထြက္, ႏွပ္ညစ္ၿပီး ဒါမွမဟုတ္ေခ်ာင္းဆိုးၿပီး ေသာအခ်ိန္မ်ားတြင္လက္ေဆးပါ) လိုအပ္ပါက ႏွာေခါင္းစည္း တပ္ပါ။

 

ေခ်ာင္းဆိုး ပါက တစ္ရႈးျဖင့္အုပ္ၿပီး ဆိုးပါ။ ၿပီးရင္ အဲဒီ တစ္ရႈးကို ခ်က္ျခင္း အမႈိက္ပုံးထဲသို႔ စြန႔္ပစ္ပါ။ ေရဆာမခံဘဲ ေရမ်ားမ်ားေသာက္သုံးေပးပါ။ အတတ္ႏိုင္ဆုံး ေရက်က္ေအးေသာက္သုံးေပးပါ။ တစ္ခါေသာက္ရင္ ေရက်က္‌ေအး 50-80 CC ေသာက္ပါ၊ ကေလးဆို 30-50 CC ေသာက္ပါ။

 

ဆီေၾကာ္စာမ်ား၊ ေခ်ာင္းဆိုးစာမ်ားကို ေရွာင္ၾကဥ္ပါ။ လူစုလူေဝးေနရာမ်ားကို ေရွာင္ၾကဥ္ပါ။ ေနမေကာင္းျဖစ္ပါက နီးစပ္ရာေဆးေပးခန္းသို႔ ခ်က္ခ်င္းသြားေရာက္ၿပီး ဆရာဝန္ ျဖင့္ ျပသပါ ။

 

ႀကိဳတင္ ကာကြယ္ႏိုင္မယ့္ နည္းလမ္းေတြကိုအသုံးျပဳၿပီး ဝူဟမ္ ဗိုင္းရပ္စ္ ေဘးမွ ကင္းေဝးၿပီး အနာေရာဂါဘယ ကင္းေဝးၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။ အားလုံးပဲ က်န္းမာခ်မ္းသာၾကပါေစ။

 

Mobile Guide Journal

Read times Last modified on Monday, 03 February 2020 21:17
Rate this item
(1 Vote)