What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 28 March 2020 13:28

ကော့သောင်းတွင် ထိုင်းက ပြန်လာသူများကို တအိမ်တက်ဆင်း ကျန်းမာရေးစစ်ဆေး

90251442_832926683874316_4730726126572273664_n.png

 

တနင်္သာရီတိုင်း ကော့သောင်းမြို့မှာ မလေးရှားနဲ့ ထိုင်းနိုင်ငံက ပြန်လာသူတွေကို COVID-19 ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ၁၄ ရက် စောင့်ကြည့်ပြီး တအိမ်တက်ဆင်း ကျန်းမာရေး စစ်ဆေးပေးတာတွ လုပ်နေတယ်လို့ ခရိုင်ဆေးရုံအုပ်ကြီးက ပြောပါတယ်။

 

ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေက အိမ်အရောက် လိုက်လံစစ်ဆေးပေးနေတာလို့ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ဇော်က ပြောပါတယ်။

 

“အိမ်တိုင်ရာရောက် ကိုယ်အပူချိန်တိုင်းပေးတာ၊ ကျန်းမာရေး စစ်ဆေးပေးတာတွေကို ၁၄ ရက်တိတိ လိုက်လုပ်ပေးမှာပါ။ ဒီလိုလုပ်ပေးနေရင်းနဲ့ ထူးခြားမှုရှိမှ ဆေးရုံကိုပို့ပေးမှဖြစ်တယ်။”

 

COVID-19 စောင့်ကြည့်စစ်ဆေးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦး ဇော်လင်းထွန်းက “နေရပ်ပြန်လာသူတွေက မြို့အနှံ့ရှိနေတော့ ကျနော်တို့က ပြည်သူ့ကျန်းမားရေးဦစီးဌာနနဲ့ ပူးပေါင်းပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါတဲ့ စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့ထားပါတယ်။ အားလုံး ၆ ဖွဲ့ ဖွဲ့ထားပြီး လုပ်နေပါတယ်” လို့ ပြောပါတယ်။

 

ကော့သောင်းမြို့နယ်မှာ နေအိမ်စောင့်ကြည့်ခံထားရတဲ့ ဒေသခံ ၁၁၅ ဦးရှိပြီး COVID-19 သံသယလူနာတော့ မတွေ့သေးဘူးလို့ သိရပါတယ်။

 

တနင်္သာရီတိုင်း ကော့သောင်းမြို့ဟာ ထိုင်းဘက်ခြမ်း ရနောင်းမြို့နဲ့ နယ်စပ်မြို့ဖြစ်ပြီး ဒေသခံတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေ့စဉ်ကူးသန်းသွားလာနေကြတာပါ။

လတ်ကိုကိုဦး(DVB)

Read times Last modified on Saturday, 28 March 2020 13:31
Rate this item
(0 votes)