What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 20 March 2020 08:34

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဆေးကုသမှု နှင့် ကာကွယ်ခြင်းအတွက် လက်ဆွဲ စာအုပ် Alibaba မှ ထုတ်ဝေ

ဆေးရုံနှင့် တွဲဖက်ထားသည့် Zhejiang တက္ကသိုလ်ဆေးကျောင်းသည် ပြီးခဲ့သည့်ရက်ပေါင်း ၅၀ အတွင်း အတည်ပြုပြီးသော COVID-19 လူနာ ၁၀၄ ဦး ကိုကုသခဲ့စဉ် ကျွမ်းကျင်သူများသည် တကယ့်ကုသမှုအတွေ့အကြုံကို နေ့ရောညပါ ရေးသားပြုစုခဲ့ကြပြီး ဤလက်စွဲစာအုပ်ကို လျင်မြန်စွာ ထုတ်ဝေခဲ့သည်။

သူတို့၏ တန်ဖိုးမဖြတ်နိုင်သော လက်တွေ့ကျကျအကြံဉာဏ်များနှင့် ရည်ညွှန်းချက်များကို ကမ္ဘာတဝှမ်းရှိ ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့်မျှဝေရန် ဖြန့်ချိခြင်း ဖြစ်သည်။


ဤလက်စွဲစာအုပ်သည် တရုတ်ရှိ အခြားကျွမ်းကျင်သူများ၏ အတွေ့အကြုံများကို နှိုင်းယှဉ်လေ့လာပြီး ဆေးရုံတွင်း စီမံခန့်ခွဲမှု၊ သူနာပြုနှင့် ပြင်ပလူနာဆေးခန်းများကဲ့သို့သော အဓိကဌာနများအား ကောင်းစွာရည်ညွှန်းသည်။ ဤလက်စွဲစာအုပ်သည် COVID-19 ကိုကိုင်တွယ်ဖြေရှင်းရန်အတွက် တရုတ်ထိပ်တန်းကျွမ်းကျင်သူများ၏ ပြည့်စုံသောလမ်းညွှန်ချက်များနှင့် အကောင်းဆုံး အလေ့အကျင့်များကို ဖော်ပြထားသည်။

 

Zhejiang ဆေးတက္ကသိုလ်မှ တင်ပြသောဤလက်စွဲစာအုပ်တွင် အဖွဲ့အစည်းများသည် Coronavirus ဖြစ်ပွားမှုကို စီမံခန့်ခွဲရန်နှင့် ထိန်းချုပ်ရန် ဆောင်ရွက်ချက်များ၏ အကျိုးသက်ရောက်မှုကို တိုးမြှင့်ပြီး ကုန်ကျစရိတ်များကို မည်သို့လျှော့ချနိုင်ကြောင်း ဖော်ပြထားသည်။


COVID-19 နှင့် ရင်ဆိုင်တိုက်ပွဲဝင်ရသည့် အခြေအနေတွင် အကြီးစားအရေးပေါ်အခြေအနေကို ကြုံတွေ့ရသောအခါ ဆေးရုံများနှင့် အခြားကျန်းမာရေး စောင့်ရှောက်မှုဌာနများတွင် command centre များထားသင့်ကြောင်း လက်စွဲစာအုပ်တွင်ဆွေးနွေးထားသည်။ ဤလက်စွဲစာအုပ်တွင် အောက်ပါတို့ ပါ ၀ င်သည်။

 

X-Ray & Ultrasound (ရောဂါရှာဖွေ နှင့် ဓာတ်ခွဲခန်းပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for X-Ray & Ultrasound

 

အရေးပေါ် အခြေအနေကာလအတွင်း ပြဿနာများကို ဖြေရှင်းရန် နည်းပညာဆိုင်ရာ နည်းဗျူဟာများ။

ပြင်းထန်စွာ နေမကောင်းသူကို ကုသရန် ကုသမှုနည်းလမ်းများ။

ထိရောက်သော လက်တွေ့ဆုံးဖြတ်ချက်ချ အကြံပြုမှုများ။

စီမံခန့်ခွဲမှုနှင့် ပြင်ပလူနာဆေးခန်းများ ကဲ့သို့သော အဓိကဌာနများအတွက် အကောင်းဆုံးသော အလေ့အကျင့်များ။

အောက်ဖော်ပြပါ စာအုပ်ပုံကို နှိပ်၍ အခမဲ့ဒေါင်းလုတ်ဆွဲနိုင်သည်။

 

https://bit.ly/2Qtna32

Written by Health Products Directory

 


(Zawgyi)

====

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ေဆးကုသမႈ ႏွင့္ ကာကြယ္ျခင္းအတြက္ လက္ဆြဲ စာအုပ္ Alibaba မွ ထုတ္ေဝ

 

မလႊဲမေရွာင္သာေသာ COVID-19 တိုက္ပြဲကို အႏိုင္ရဖို႔ အေတြ႕အႀကဳံမ်ားကိုမွ်ေဝထားသည္။ ေဆး႐ုံႏွင့္ တြဲဖက္ထားသည့္ Zhejiang တကၠသိုလ္ေဆးေက်ာင္းသည္ ၿပီးခဲ့သည့္ရက္ေပါင္း ၅၀ အတြင္း အတည္ျပဳၿပီးေသာ COVID-19 လူနာ ၁၀၄ ဦး ကိုကုသခဲ့စဥ္ ကြၽမ္းက်င္သူမ်ားသည္ တကယ့္ကုသမႈအေတြ႕အႀကဳံကို ေန႔ေရာညပါ ေရးသားျပဳစုခဲ့ၾကၿပီး ဤလက္စြဲစာအုပ္ကို လ်င္ျမန္စြာ ထုတ္ေဝခဲ့သည္။သူတို႔၏ တန္ဖိုးမျဖတ္ႏိုင္ေသာ လက္ေတြ႕က်က်အႀကံဉာဏ္မ်ားႏွင့္ ရည္ၫႊန္းခ်က္မ်ားကို ကမာၻတဝွမ္းရွိ ေဆးဘက္ဆိုင္ရာဝန္ထမ္းမ်ားႏွင့္မွ်ေဝရန္ ျဖန႔္ခ်ိျခင္း ျဖစ္သည္။ 

 

ဤလက္စြဲစာအုပ္သည္ တ႐ုတ္ရွိ အျခားကြၽမ္းက်င္သူမ်ား၏ အေတြ႕အႀကဳံမ်ားကို ႏႈိင္းယွဥ္ေလ့လာၿပီး ေဆး႐ုံတြင္း စီမံခန႔္ခြဲမႈ၊ သူနာျပဳႏွင့္ ျပင္ပလူနာေဆးခန္းမ်ားကဲ့သို႔ေသာ အဓိကဌာနမ်ားအား ေကာင္းစြာရည္ၫႊန္းသည္။ ဤလက္စြဲစာအုပ္သည္ COVID-19 ကိုကိုင္တြယ္ေျဖရွင္းရန္အတြက္ တ႐ုတ္ထိပ္တန္းကြၽမ္းက်င္သူမ်ား၏ ျပည့္စုံေသာလမ္းၫႊန္ခ်က္မ်ားႏွင့္ အေကာင္းဆုံး အေလ့အက်င့္မ်ားကို ေဖာ္ျပထားသည္။

 

Zhejiang ေဆးတကၠသိုလ္မွ တင္ျပေသာဤလက္စြဲစာအုပ္တြင္ အဖြဲ႕အစည္းမ်ားသည္ Coronavirus ျဖစ္ပြားမႈကို စီမံခန႔္ခြဲရန္ႏွင့္ ထိန္းခ်ဳပ္ရန္ ေဆာင္႐ြက္ခ်က္မ်ား၏ အက်ိဳးသက္ေရာက္မႈကို တိုးျမႇင့္ၿပီး ကုန္က်စရိတ္မ်ားကို မည္သို႔ေလွ်ာ့ခ်ႏိုင္ေၾကာင္း ေဖာ္ျပထားသည္။


COVID-19 ႏွင့္ ရင္ဆိုင္တိုက္ပြဲဝင္ရသည့္ အေျခအေနတြင္ အႀကီးစားအေရးေပၚအေျခအေနကို ႀကဳံေတြ႕ရေသာအခါ ေဆး႐ုံမ်ားႏွင့္ အျခားက်န္းမာေရး ေစာင့္ေရွာက္မႈဌာနမ်ားတြင္ command centre မ်ားထားသင့္ေၾကာင္း လက္စြဲစာအုပ္တြင္ေဆြးေႏြးထားသည္။ ဤလက္စြဲစာအုပ္တြင္ ေအာက္ပါတို႔ ပါ ၀ င္သည္။

 

X-Ray & Ultrasound (ေရာဂါရွာေဖြ ႏွင့္ ဓာတ္ခြဲခန္းေပါင္း ၄၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for X-Ray & Ultrasound

 

အေရးေပၚ အေျခအေနကာလအတြင္း ျပႆနာမ်ားကို ေျဖရွင္းရန္ နည္းပညာဆိုင္ရာ နည္းဗ်ဴဟာမ်ား။

ျပင္းထန္စြာ ေနမေကာင္းသူကို ကုသရန္ ကုသမႈနည္းလမ္းမ်ား။

ထိေရာက္ေသာ လက္ေတြ႕ဆုံးျဖတ္ခ်က္ခ် အႀကံျပဳမႈမ်ား။

စီမံခန႔္ခြဲမႈႏွင့္ ျပင္ပလူနာေဆးခန္းမ်ား ကဲ့သို႔ေသာ အဓိကဌာနမ်ားအတြက္ အေကာင္းဆုံးေသာ အေလ့အက်င့္မ်ား။

ေအာက္ေဖာ္ျပပါ စာအုပ္ပုံကုိ ႏွိပ္၍ အခမဲ့ေဒါင္းလုတ္ဆြဲႏိုင္သည္။

https://bit.ly/2Qtna32

Written by Health Products Directory

Read times Last modified on Wednesday, 25 March 2020 16:35
Rate this item
(1 Vote)