What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 06 May 2020 21:41

ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ပြန်လည်ခေါ်ဆောင်ခဲ့

၁။ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ထိုင်းနိုင်ငံတွင် အခက်အခဲများကြုံတွေ့ နေကြသည့် မြန်မာနိုင်ငံသား(၁၃၅)ဉီးအား မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း(Myanmar Airways International-MAI) ကယ်ဆယ်ရေးလေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၆-၅-၂၀၂၀ ရက်နေ့၊ ည(၈:၀၀)နာရီတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။

 

၂။ အလားတူဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းဒေသရှိ Asian University for Women တွင် တက်ရောက်နေသည့် မြန်မာကျောင်းသူ (၃၇) ဉီးနှင့် ဒါကာမြို့တွင်ပိတ်မိနေသည့် မြန်မာနိုင်ငံသား (၁) ဉီး၊ စုစုပေါင်း(၃၈)ဉီးတို့သည် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ယနေ့၊ ညနေ(၆:၄၅)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ရောက်ရှိလာကြသည်။

 

၃။ ၎င်းတို့အား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေး အတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟို ကော်မတီ၏လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ဗန်ကောက် မြို့နှင့် ဒါကာမြို့ရှိ မြန်မာသံရုံးများနှင့် သက်ဆိုင်ရာဝန်ကြီး ဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ခြင်းဖြစ်ပါသည်။

 

၄။ ထိုင်းနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ မြန်မာနိုင်ငံသားများအား ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြား သတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ် များ၌ (၂၁) ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရပါသည်။

 

Ministry of Foreign Affairs Myanmar

Read times
Rate this item
(0 votes)