What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 29 March 2020 15:43

COVID-19 တုပ်ကွေး အတွက် ကမ္ဘာကြီး herd immunity ရနိုင်မလား

90251442_832926683874316_4730726126572273664_n.png

 

ဗြိတိန်မှာ ဝန်ကြီးချုပ်ကိုယ်တိုင် COVID-19 ကူးစက်ခံရတယ်။ ကျန်းမာရေးဝန်ကြီးလည်း ကူးစက်ခံရတယ်။ အိမ်ရှေ့စံ ဝေလမင်းသားလည်း ကူးစက်ခံရတယ်။ COVID-19 ဟာ ကူးစက်မှု အင်မတန်မြန်ဆန်တယ်။ အဲဒီအချက်ကို COVID-19 နိုင်ငံတွင်းသို့ မဖိတ်ခေါ်ဘဲ ရောက်ရှိလာတဲ့အခါ ဘယ်လို အဆုံးသတ်စေရမလဲဆိုတာ ဗဟာဗျူဟာ တွေ ချမှတ်ကြတဲ့အခါ ထည့်သွင်းစဉ်းစားကြတယ်။


အဲဒီလို အဆုံးသတ်အထိ ရောက်သွားမယ့် နည်းလမ်းတွေမှာ တစ်မျိုးက “herd immunity” နည်းလမ်း ဖြစ်တယ်။ ဗြိတိန်က စစချင်းမှာ “herd immunity” နည်းလမ်းကို ကျင့်သုံးခဲ့တယ်။ အဲဒီစကားလုံးက ပေါ်ပေါက်ခဲ့တာ ကြာပြီဖြစ်ပေမဲ့ အခုမှ လူသိများသွားတယ်။ အများစုအဖို့ အထူးအဆန်း ဖြစ်နေတယ်။

 

“herd immunity” ဆိုတာ ဘာလဲ

သင်းပင်းကိုယ်ခံအားကောင်းနေခြင်းကို ဆိုလိုတယ်။ လူအုပ်အသင်းအပင်းတစ်ခုမှာ ဗိုင်းရပ်စ်ပိုးတစ်မျိုးအတွက် ကိုယ်ခံအားကောင်းတဲ့သူက အားလုံးနီးပါး ဖြစ်နေရင် အဲဒီ လူအုပ်အသင်းအပင်းဟာ “herd immunity” သင်းပင်းကိုယ်ခံအားကောင်းခြင်း ရထားတယ်လို့ ဆိုတယ်။


လူအုပ်ထဲမှာ တစ်ဦးချင်းအရ ပါဝင်တဲ့ လူတစ်ဦးချင်းစီမှာ ဘယ်လို ကိုယ်ခံအား ကောင်းသွားသလဲ။ လူတစ်ဦးဟာ ရောဂါတစ်ခုကို ရရှိစေမယ့် ပိုးကို ကူးစက်ရရှိပြီးတဲ့အခါ အခုကိစ္စမှာဆိုရင် COVID-19 တုပ်ကွေးကို ရစေမယ့် ကိုရိုနာဗိုင်းရပ်စ် coronavirus က ကိုယ်ခန္ဓာထဲ ရောက်ရှိတဲ့အခါ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ပိုးတွေကို ခုခံတိုက်ခိုက်ဖို့ ပဋိဇီဝများ antibodies ထုတ်လုပ်တယ်။ အဲဒါက နောက်နောင်မှာ အဲဒီပိုး ထပ်ရခဲ့ရင် တိုက်ခိုက်ချေမှုန်းပစ်ဖို့ အသင့်ပြင်ထားလိုက်တာ ဖြစ်ပါတယ်။


ကူးစက်ရောဂါရဲ့ လက္ခဏာတွေ ပြသနေချိန်မှာ အခုလို စတင်ထုတ်လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ရောဂါလက္ခဏာ မပြဘဲ ထုတ်လုပ်တာမျိုးလည်း ရှိပါတယ်။ အဲဒီလို ပဋိဇီဝတွေ ထုတ်လုပ်ပေးထားပြီးတဲ့အခါ အဲဒီပိုး နောက်ထပ် ရောက်လာရင် အလိုလို ကာကွယ်ပြီးသား ဖြစ်နေတယ်။ တစ်နည်းပြောရရင် ပိုးပြီးတဲ့သူ ဖြစ်နေတယ်။

 

ကြီးမားတဲ့လူအုပ်ကြီးတစ်ခုကို သင်းပင်းတစ်စု (herd) လို့ စဉ်းစားကြည့်တဲ့အခါ တစ်ဦးချင်းစီမှာ ပိုးပြီးနေတယ်ဆိုရင် အဲဒီ လူအုပ်ကြီးထဲမှ လူတစ်ဦး ပိုးမပြီးသေးပေမဲ့လည်း သူ့ဆီကို ပိုးကူးစက်ရောက်ရှိဖို့ အရမ်းခက်ခဲနေစေမှာ ဖြစ်ပါတယ်။ သူ့ကို ပိုပြီးတဲ့သူတွေက ကာကွယ်ပေးထားတဲ့သဘော ဖြစ်နေတယ်။

 

နိုင်ငံတစ်ခုရဲ့ လူဦးရေမှာ အများစုက ပိုးပြီးပြီးသား ဖြစ်နေတယ်ဆိုရင် ပိုးမပြီးသေးတဲ့သူဆီ ပိုးကူးစက်ရောက်ရှိဖို့ ခဲယဉ်းနေမယ်။ သူတို့ကို လူများစုကြီးက တံတိုင်းသဖွယ် ကာရံပေးထားသလို ဖြစ်နေတယ်။ အဲဒီလို ပိုပြီးနေကြဖို့ ဆောင်ရွက်တဲ့ နည်းလမ်းတစ်မျိုးကတော့ ကာကွယ်ဆေးများ (vaccines) နဂိုကတည်းက ထိုးပေးထားတဲ့နည်းလမ်း ဖြစ်ပါတယ်။ အဲဒီဆေးက ကိုယ်ခန္ဓာထဲမှာ COVID-19 တုပ်ကွေး ဖြစ်ပွားစေမယ့် ကိုရိုနာဗိုင်းရပ်စ် coronavirus ရောက်လာရင် တိုက်ခိုက်ဖို့ ပဋိဇီဝတွေ အသင့် ထုတ်လုပ်ထားစေမှာ ဖြစ်ပါတယ်။ 

 

နောက်တစ်နည်းကတော့ COVID-19 တုပ်ကွေးဖြစ်ပွားတဲ့ လူနာက နေပြန်ကောင်းသွားတဲ့အခါ သူ့မှာ လိုအပ်တဲ့ ပဋိဇီဝတွေ ထုတ်လုပ်ထားပြီးသား ဖြစ်လို့ ပိုးပြီးနေတဲ့သူ ဖြစ်နေမှာ ဖြစ်ပါတယ်။ အဲဒီလို တုပ်ကွေးဖြစ် နေပြန်ကောင်းတဲ့ ပိုပြီးနေတဲ့ လူဦးရေ အမြောက်အမြား ရှိနေတဲ့ တိုင်းပြည်မှာ ကိုရိုနာဗိုင်းရပ်စ် coronavirus ကြောင့် ဆိုးဆိုးဝါးဝါးတွေ မဖြစ်နိုင်တော့ဘူး။ အဲဒီလို ဖြစ်နေတာကို herd immunity ရရှိထားတယ်လို့ ပြောဆိုကြတာ ဖြစ်ပါတယ်။

 

COVID-19 တုပ်ကွေး အတွက် ကမ္ဘာကြီး herd immunity ရနိုင်မလား

ရနိုင်ပါတယ်။ ဒါပေမဲ့ ကြာလိမ့်မယ်။ ပြီးတော့ အသေအပျောက်လည်း အရမ်း များပြီးမှ ရရှိလိမ့်မယ်။ ကမ္ဘာကို အသာထား တစ်နိုင်ငံချင်းအလိုက်မှာတောင် သေဆုံးနှုန်းက မြင့်မားလွန်းနေတယ်။ သာဓကအားဖြင့် ဗြိတိန်ကို ကြည့်လို့ရတယ်။ ဥရောပကို ကိုဗစ်-၁၉ စကူးတော့ ဥရောပနိုင်ငံတွေမှာ ရှပ်ဒေါင်းတွေ စလုပ်တယ်။ ကျောင်းတွေပိတ်တယ်။ လမ်းတွေပေါ် စစ်တပ်တွေ ချပြီး လူသူမသွားလာဖို့ စီစဉ်တယ်။ ပြည်ဝင်ကိုလည်း တင်းကျပ်တဲ့ ကွာရင်တိုင်းတွေ ပြုတယ်။

 

ဗြိတိန်အစိုးရကတော့ ပြည်သူလူထုကို စိတ်တည်တည်ငြိမ်ငြိမ်ထားပြီး အရင်အတိုင်း ဆက်နေကြဖို့ ပြောဆိုတယ်။ ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ရုပ်ရှင်ရုံတွေ၊ ကလပ်တွေ၊ အားကစားပွဲတွေ ဆက်ဖွင့်ထားတယ်။ အသက် ၇၀ ကျော်သူတွေ အိမ်မှာ နေကြဖို့ တိုက်တွန်းတယ်။ တစ်နည်းပြောရရင် လူတွေကို ကူးချင် ကူးမယ်။ အဲဒီလို ကူးစက်သွားပြီး ပြန်နလန်ထသူ ဦးရေ ပိုများလာမယ်။ နောက်ဆုံးမှာတော့ လူဦးရေဟာ သင်းပင်းကိုယ်ခံအားကောင်းနေခြင်း herd immunity ကို သူ့သဘောသူဆောင်ပြီး ရရှိသွားမယ်။


၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက် တနင်္လာနေ့ညမှာ အဲဒီ သင်းပင်းကိုယ်ခံအားကောင်းနေခြင်း အယူုအဆ သီအိုရီကို တကယ့်လက်တွေ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ် ဆေးကြည့်လိုက်ကြတဲ့အခါ မျက်လုံးပြူးစရာ ဖြစ်နေတယ်။ ကိုဗစ်တုပ်ကွေးက အိမ်မှာ နေရင် သေနိုင်တယ်လို့ Imperial College London နဲ့ the London School of Hygiene and Tropical Medicine မှ ကိုယ်ခံအားဆိုင်ရာ ကျွမ်းကျင်သူတွေက တင်ပြကြတယ်။ အီတလီမှာ ဖြစ်ပွားနေတဲ့ သာဓကအရ ဆေးရုံတင်ဖို့ လိုအပ်ပြီး ဆေးရုံတက် ရသူတွေထဲမှာ အနည်းဆုံး ၃၀% က အသည်းအသန်ကုသပေးမှသာလျှင် ဆက်လက်အသက်ရှင်နိုင်မယ်။

 

သက်ကြီးရွယ်အို ၆၅ နှစ်အထက်တွေ ဆုံးပါးကြတယ်။ အဲဒီ ကိန်းဂဏန်း ရလဒ်အခြေအနေကို သိရတဲ့အခါ နာရီပိုင်းအတွင်းမှာ ယူကေဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က herd immunity မူဝါဒကို ရုပ်သိမ်းလိုက်တယ်။ လက်ပိုက်ကြည့်နေပြီး herd immunity ရတဲ့အထိ စောင့်ကြဖို့ မဖြစ်နိုင်ဘူး။ ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မှ ဖြစ်မယ်လို့ ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်တယ်။ အခုအချိန်ကစလို့ ဗြိတိန်လူတု အိမ်မှ အလုပ်လုပ်ကြဖို့ နည်းလမ်းရှာကြံ သုံးစွဲကြဖို့၊ မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူချင်းတွေ့ဆုံခြင်းတွေ မိမိဆန္ဒအလျောက် ထိန်းချုပ်ပေး ကြဖို့ သူက နေ့စဉ်ပြောကြားတဲ့ မိန့်ခွန်းမှာ တိုက်တွန်းခဲ့ပါတယ်။

Written By Do Jay Sann

 

(Zawgyi)

======

COVID-19 တုပ္ေကြး အတြက္ ကမာၻႀကီး herd immunity ရႏိုင္မလား

 

ၿဗိတိန္မွာ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ COVID-19 ကူးစက္ခံရတယ္။ က်န္းမာေရးဝန္ႀကီးလည္း ကူးစက္ခံရတယ္။ အိမ္ေရွ႕စံ ေဝလမင္းသားလည္း ကူးစက္ခံရတယ္။ COVID-19 ဟာ ကူးစက္မႈ အင္မတန္ျမန္ဆန္တယ္။ အဲဒီအခ်က္ကို COVID-19 ႏိုင္ငံတြင္းသို႔ မဖိတ္ေခၚဘဲ ေရာက္ရွိလာတဲ့အခါ ဘယ္လို အဆုံးသတ္ေစရမလဲဆိုတာ ဗဟာဗ်ဴဟာ ေတြ ခ်မွတ္ၾကတဲ့အခါ ထည့္သြင္းစဥ္းစားၾကတယ္။


အဲဒီလို အဆုံးသတ္အထိ ေရာက္သြားမယ့္ နည္းလမ္းေတြမွာ တစ္မ်ိဳးက “herd immunity” နည္းလမ္း ျဖစ္တယ္။ ၿဗိတိန္က စစခ်င္းမွာ “herd immunity” နည္းလမ္းကို က်င့္သုံးခဲ့တယ္။ အဲဒီစကားလုံးက ေပၚေပါက္ခဲ့တာ ၾကာၿပီျဖစ္ေပမဲ့ အခုမွ လူသိမ်ားသြားတယ္။ အမ်ားစုအဖို႔ အထူးအဆန္း ျဖစ္ေနတယ္။

 

“herd immunity” ဆိုတာ ဘာလဲ

သင္းပင္းကိုယ္ခံအားေကာင္းေနျခင္းကို ဆိုလိုတယ္။ လူအုပ္အသင္းအပင္းတစ္ခုမွာ ဗိုင္းရပ္စ္ပိုးတစ္မ်ိဳးအတြက္ ကိုယ္ခံအားေကာင္းတဲ့သူက အားလုံးနီးပါး ျဖစ္ေနရင္ အဲဒီ လူအုပ္အသင္းအပင္းဟာ “herd immunity” သင္းပင္းကိုယ္ခံအားေကာင္းျခင္း ရထားတယ္လို႔ ဆိုတယ္။


လူအုပ္ထဲမွာ တစ္ဦးခ်င္းအရ ပါဝင္တဲ့ လူတစ္ဦးခ်င္းစီမွာ ဘယ္လို ကိုယ္ခံအား ေကာင္းသြားသလဲ။ လူတစ္ဦးဟာ ေရာဂါတစ္ခုကို ရရွိေစမယ့္ ပိုးကို ကူးစက္ရရွိၿပီးတဲ့အခါ အခုကိစၥမွာဆိုရင္ COVID-19 တုပ္ေကြးကို ရေစမယ့္ ကို႐ိုနာဗိုင္းရပ္စ္ coronavirus က ကိုယ္ခႏၶာထဲ ေရာက္ရွိတဲ့အခါ ကိုယ္ခံအားစနစ္က ဗိုင္းရပ္စ္ပိုးေတြကို ခုခံတိုက္ခိုက္ဖို႔ ပဋိဇီဝမ်ား antibodies ထုတ္လုပ္တယ္။ အဲဒါက ေနာက္ေနာင္မွာ အဲဒီပိုး ထပ္ရခဲ့ရင္ တိုက္ခိုက္ေခ်မႈန္းပစ္ဖို႔ အသင့္ျပင္ထားလိုက္တာ ျဖစ္ပါတယ္။


ကူးစက္ေရာဂါရဲ႕ လကၡဏာေတြ ျပသေနခ်ိန္မွာ အခုလို စတင္ထုတ္လုပ္ေလ့ရွိပါတယ္။ ဒါေပမဲ့ ေရာဂါလကၡဏာ မျပဘဲ ထုတ္လုပ္တာမ်ိဳးလည္း ရွိပါတယ္။ အဲဒီလို ပဋိဇီဝေတြ ထုတ္လုပ္ေပးထားၿပီးတဲ့အခါ အဲဒီပိုး ေနာက္ထပ္ ေရာက္လာရင္ အလိုလို ကာကြယ္ၿပီးသား ျဖစ္ေနတယ္။ တစ္နည္းေျပာရရင္ ပိုးၿပီးတဲ့သူ ျဖစ္ေနတယ္။

 

ႀကီးမားတဲ့လူအုပ္ႀကီးတစ္ခုကို သင္းပင္းတစ္စု (herd) လို႔ စဥ္းစားၾကည့္တဲ့အခါ တစ္ဦးခ်င္းစီမွာ ပိုးၿပီးေနတယ္ဆိုရင္ အဲဒီ လူအုပ္ႀကီးထဲမွ လူတစ္ဦး ပိုးမၿပီးေသးေပမဲ့လည္း သူ႔ဆီကို ပိုးကူးစက္ေရာက္ရွိဖို႔ အရမ္းခက္ခဲေနေစမွာ ျဖစ္ပါတယ္။ သူ႔ကို ပိုၿပီးတဲ့သူေတြက ကာကြယ္ေပးထားတဲ့သေဘာ ျဖစ္ေနတယ္။

 

ႏိုင္ငံတစ္ခုရဲ႕ လူဦးေရမွာ အမ်ားစုက ပိုးၿပီးၿပီးသား ျဖစ္ေနတယ္ဆိုရင္ ပိုးမၿပီးေသးတဲ့သူဆီ ပိုးကူးစက္ေရာက္ရွိဖို႔ ခဲယဥ္းေနမယ္။ သူတို႔ကို လူမ်ားစုႀကီးက တံတိုင္းသဖြယ္ ကာရံေပးထားသလို ျဖစ္ေနတယ္။ အဲဒီလို ပိုၿပီးေနၾကဖို႔ ေဆာင္႐ြက္တဲ့ နည္းလမ္းတစ္မ်ိဳးကေတာ့ ကာကြယ္ေဆးမ်ား (vaccines) နဂိုကတည္းက ထိုးေပးထားတဲ့နည္းလမ္း ျဖစ္ပါတယ္။ အဲဒီေဆးက ကိုယ္ခႏၶာထဲမွာ COVID-19 တုပ္ေကြး ျဖစ္ပြားေစမယ့္ ကို႐ိုနာဗိုင္းရပ္စ္ coronavirus ေရာက္လာရင္ တိုက္ခိုက္ဖို႔ ပဋိဇီဝေတြ အသင့္ ထုတ္လုပ္ထားေစမွာ ျဖစ္ပါတယ္။

 

ေနာက္တစ္နည္းကေတာ့ COVID-19 တုပ္ေကြးျဖစ္ပြားတဲ့ လူနာက ေနျပန္ေကာင္းသြားတဲ့အခါ သူ႔မွာ လိုအပ္တဲ့ ပဋိဇီဝေတြ ထုတ္လုပ္ထားၿပီးသား ျဖစ္လို႔ ပိုးၿပီးေနတဲ့သူ ျဖစ္ေနမွာ ျဖစ္ပါတယ္။ အဲဒီလို တုပ္ေကြးျဖစ္ ေနျပန္ေကာင္းတဲ့ ပိုၿပီးေနတဲ့ လူဦးေရ အေျမာက္အျမား ရွိေနတဲ့ တိုင္းျပည္မွာ ကို႐ိုနာဗိုင္းရပ္စ္ coronavirus ေၾကာင့္ ဆိုးဆိုးဝါးဝါးေတြ မျဖစ္ႏိုင္ေတာ့ဘူး။ အဲဒီလို ျဖစ္ေနတာကို herd immunity ရရွိထားတယ္လို႔ ေျပာဆိုၾကတာ ျဖစ္ပါတယ္။

 

COVID-19 တုပ္ေကြး အတြက္ ကမာၻႀကီး herd immunity ရႏိုင္မလား

ရႏိုင္ပါတယ္။ ဒါေပမဲ့ ၾကာလိမ့္မယ္။ ၿပီးေတာ့ အေသအေပ်ာက္လည္း အရမ္း မ်ားၿပီးမွ ရရွိလိမ့္မယ္။ ကမာၻကို အသာထား တစ္ႏိုင္ငံခ်င္းအလိုက္မွာေတာင္ ေသဆုံးႏႈန္းက ျမင့္မားလြန္းေနတယ္။ သာဓကအားျဖင့္ ၿဗိတိန္ကို ၾကည့္လို႔ရတယ္။ ဥေရာပကို ကိုဗစ္-၁၉ စကူးေတာ့ ဥေရာပႏိုင္ငံေတြမွာ ရွပ္ေဒါင္းေတြ စလုပ္တယ္။ ေက်ာင္းေတြပိတ္တယ္။ လမ္းေတြေပၚ စစ္တပ္ေတြ ခ်ၿပီး လူသူမသြားလာဖို႔ စီစဥ္တယ္။ ျပည္ဝင္ကိုလည္း တင္းက်ပ္တဲ့ ကြာရင္တိုင္းေတြ ျပဳတယ္။

 

ၿဗိတိန္အစိုးရကေတာ့ ျပည္သူလူထုကို စိတ္တည္တည္ၿငိမ္ၿငိမ္ထားၿပီး အရင္အတိုင္း ဆက္ေနၾကဖို႔ ေျပာဆိုတယ္။ ေက်ာင္းေတြ၊ စားေသာက္ဆိုင္ေတြ၊ ႐ုပ္ရွင္႐ုံေတြ၊ ကလပ္ေတြ၊ အားကစားပြဲေတြ ဆက္ဖြင့္ထားတယ္။ အသက္ ၇၀ ေက်ာ္သူေတြ အိမ္မွာ ေနၾကဖို႔ တိုက္တြန္းတယ္။ တစ္နည္းေျပာရရင္ လူေတြကို ကူးခ်င္ ကူးမယ္။ အဲဒီလို ကူးစက္သြားၿပီး ျပန္နလန္ထသူ ဦးေရ ပိုမ်ားလာမယ္။ ေနာက္ဆုံးမွာေတာ့ လူဦးေရဟာ သင္းပင္းကိုယ္ခံအားေကာင္းေနျခင္း herd immunity ကို သူ႔သေဘာသူေဆာင္ၿပီး ရရွိသြားမယ္။

 

၂၀၂၀ ခုႏွစ္ မတ္လ ၁၆ ရက္ တနလၤာေန႔ညမွာ အဲဒီ သင္းပင္းကိုယ္ခံအားေကာင္းေနျခင္း အယူုအဆ သီအိုရီကို တကယ့္လက္ေတြ႕ အခ်က္အလက္ေတြနဲ႔ တိုက္ဆိုင္စစ္ ေဆးၾကည့္လိုက္ၾကတဲ့အခါ မ်က္လုံးျပဴးစရာ ျဖစ္ေနတယ္။ ကိုဗစ္တုပ္ေကြးက အိမ္မွာ ေနရင္ ေသႏိုင္တယ္လို႔ Imperial College London နဲ႔ the London School of Hygiene and Tropical Medicine မွ ကိုယ္ခံအားဆိုင္ရာ ကြၽမ္းက်င္သူေတြက တင္ျပၾကတယ္။ အီတလီမွာ ျဖစ္ပြားေနတဲ့ သာဓကအရ ေဆး႐ုံတင္ဖို႔ လိုအပ္ၿပီး ေဆး႐ုံတက္ ရသူေတြထဲမွာ အနည္းဆုံး ၃၀% က အသည္းအသန္ကုသေပးမွသာလွ်င္ ဆက္လက္အသက္ရွင္ႏိုင္မယ္။

 

သက္ႀကီး႐ြယ္အို ၆၅ ႏွစ္အထက္ေတြ ဆုံးပါးၾကတယ္။ အဲဒီ ကိန္းဂဏန္း ရလဒ္အေျခအေနကို သိရတဲ့အခါ နာရီပိုင္းအတြင္းမွာ ယူေကဝန္ႀကီးခ်ဳပ္ ေဘာရစ္ ဂြၽန္ဆင္က herd immunity မူဝါဒကို ႐ုပ္သိမ္းလိုက္တယ္။ လက္ပိုက္ၾကည့္ေနၿပီး herd immunity ရတဲ့အထိ ေစာင့္ၾကဖို႔ မျဖစ္ႏိုင္ဘူး။ ျပင္းျပင္းထန္ထန္ အေရးယူေဆာင္႐ြက္မွ ျဖစ္မယ္လို႔ ဆုံးျဖတ္ခ်က္ကို ျပင္ဆင္လိုက္တယ္။ အခုအခ်ိန္ကစလို႔ ၿဗိတိန္လူတု အိမ္မွ အလုပ္လုပ္ၾကဖို႔ နည္းလမ္းရွာႀကံ သုံးစြဲၾကဖို႔၊ မလိုအပ္ဘဲ ခရီးသြားလာျခင္း၊ လူခ်င္းေတြ႕ဆုံျခင္းေတြ မိမိဆႏၵအေလ်ာက္ ထိန္းခ်ဳပ္ေပး ၾကဖို႔ သူက ေန႔စဥ္ေျပာၾကားတဲ့ မိန႔္ခြန္းမွာ တိုက္တြန္းခဲ့ပါတယ္။

Written By Do Jay Sann

Read times
Rate this item
(1 Vote)