What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 06 April 2020 14:52

ဆွစ်ဇာလန်ပြန် COVID-19 အတည်ပြုလူနာ C7 ပထမကြိမ် ဆေးစစ်ရာ COVID-19 ပိုးမတွေ့

90251442_832926683874316_4730726126572273664_n.png

 

နေပြည်တော်၌ COVID-19 ပိုးတွေ့ရှိပြီးနောက် ဆေးကုသမှုခံယူနေသော လူနာ အမှတ်(၇) ဆွစ်ဇာလန်သူ အမျိုး သမီးကို ပထမအကြိမ်ဆေးစစ် ဆေးရာ Negative (ရောဂါပိုးမ တွေ့ရှိ) အဖြေထွက်ကြောင်း ခုတင် ၁,၀၀၀ ဆေးရုံမှ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာပပကပြော သည်။

 

‘‘ပထမပိုးရှိခဲ့တယ်။ နောက် ဆေးဝါးကုသမှုပေးပြီးတော့ စစ် ဆေးတဲ့အခါမှာတော့ ပထမအ ကြိမ်စစ်ဆေးတာတော့ ပိုးမရှိ ကြောင်းတွေ့ရှိရတယ်။ အခုဒုတိ ယအကြိမ် ဆက်စစ်ဖို့ရှိတယ်’’ ဟု ဒေါက်တာပပက 7Day News အားပြောသည်။

 

ဒုတိယအကြိမ်ကို ၄၈ နာရီ အကြာတွင် ဆေးစစ်သွားမည်ဖြစ် ပြီး ထိုဆေးစစ်မှုတွင် ပိုးမတွေ့ရှိမှ သာ ပိုးကင်းရှင်းကြောင်း သတ် မှတ်နိုင်မည်ဟု ဒေါက်တာပပက ရှင်းပြသည်။

 

‘‘ဒုတိယအကြိမ် ပိုးမရှိဘူး ဆိုရင်တော့ သူပထမခံစားရတဲ့ ဝေဒနာနဲ့ပက်သက်ပြီးတော့ သူ ဟာ ပိုးကင်းစင်သွားတယ်လို့ ပြောလို့ရတယ်’’ဟု ၎င်းကဆို သည်။

 

လူနာအမှတ်(၇) ဆွစ်ဇာ လန်အမျိုးသမီးသည် လက်ရှိတွင် ကိုယ်ပူချိန်မရှိသလို သွေးပေါင် ချိန်လည်း ပုံမှန်ရှိကြောင်း ဒေါက် တာပပက ဆိုသည်။

 

လူနာအမှတ် (၇) ဆွစ်ဇာ လန်သူကို မတ်လ ၂၆ရက်ကစ၍ ခုတင် ၁,၀၀၀ ဆေးရုံသို့ ပို့ဆောင် ၍ ဆေးကုသနေခြင်းဖြစ်သည်။

90165828_212716063139335_1462378197545910272_n.png

7Day News

Read times Last modified on Monday, 06 April 2020 14:56
Rate this item
(0 votes)