What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 April 2020 18:18

အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ 13 April 2020

COVID.png

 

အာဆီယံ အိမ်နီးနားချင်းများ ကိုဗစ်အခြေအနေ 13 April 2020

 

အာဆီယံတွင် ကိုဗစ်လူနာစုစုပေါင်း ၂၀ ၀၀၀ ကျော်သို့ လာမည့် နာရီအနည်းငယ်တွင်း ရောက်ရှိမည်။ ယနေ့တွင် အသစ်လူနာစုစုပေါင်း ၁၀၀၀ ကျော်သို့ ရောက်ရှိနေသည်မှာ နှစ်ရက်ရှိပြီ ဖြစ်သည်။

 

အင်ဒိုနီးရှား (၃၁၆) နှင့်ဖိလစ်ပိုင် (၂၈၄) တို့က လူနာအသစ်များ အများဆုံးဖြစ်နေပြီး အများဆုံးဖြစ်နေသည်မှာ သုံးရက် ရှိပြီ ဖြစ်သည်။ တတိယနေရာတွင် စင်ကာပူ (၂၃၃) ရှိနေသည်။ အဓိကအကြောင်းမှာ ရွှေ့ပြောင်းလုပ်သားများ ပေါင်းစုနေထိုင်သည့် အဆောင်တိုက်တာတွင် ကူးစက်ကုန်ကြသောကြောင့် ဖြစ်သည်။

 

HPD.png

 

 

အခြားအာဆီယံအိမ်နီးနားချင်းများတွင် မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်းတို့သည် အခြေအနေ အကောင်းဘက် ဦးတည်နေပြီး အရေအတွက် လျော့ကျသည်။ သေဆုံးမှုအသစ်ဦးရေအရ ကြည့်လျှင် အင်ဒိုနီးရှား (၂၆) နှင့် ဖိလစ်ပိုင် (၁၈)တို့သည် အမြင့်မားဆုံး ဖြစ်သည်။ အဆိုးဝါဆုံး ရောက်လာတော့မည်လောဟု ပူပန်စရာ ဖြစ်သည်။

 

ကောင်းသည့်ဘက်ကို ကြည့်မည်ဆိုလျှင် ဒေသအတွက်စုစုပေါင်းပြန်နာလန်ထသူသည် ၅၀၇၇ ရှိပြီး ဒေသတွင်းပြန်နာလန်ထ လူနာ ပျမ်းမျှ ၂၅% ရှိသည်။

 

92456287_839723839866296_7024724268818628608_n.jpg


WHO 7:00PM GMT 13 April 2020

Read times Last modified on Monday, 13 April 2020 18:31
Rate this item
(0 votes)