What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 July 2021 13:49

Covid-19 ကန့်သတ်ချက်များ အားလုံးနီးပါး အင်္ဂလန်တွင် ရုပ်သိမ်းတော့မည်

Covid-19 ကန့်သတ်ချက်များ အားလု့းနီးပါး အင်္ဂလန်တွင် ရုပ်သိမ်းတော့မည်။

လူချင်းခပ်ခွာခွာ နေခိုင်းခြင်း၊ မတ်စ် တပ်ခိုင်းခြင်း အစရှိသည့် Covid-19 ကန့်သတ်ချက်များကို အင်္ဂလန်တွင် ဇူလိုင် ၁၉ ရက်၌ ရပ်ဆိုင်းမည်ဟု ဗြိတိန် ၀ န်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အသိပေးပြောကြားသည်။
မတ်စ်တပ်ခြင်းကို မိမိဆန္ဒအလျောက်သာ တပ်စေမည်။ အိမ်မှ အလုပ်လုပ်ရန်အတွက်လည်း အစိုးရက ပြဌာန်းထားမည် မဟုတ်ဟု သူက ပြောကြားသည်။ အလုပ်ရှင်ကသာ အဆုံးအဖြတ်ပြုရမည် ဖြစ်သည်။

"တကယ်လို့ ကျွန်တော်တို့က လာမယ့် သီတင်းပတ် အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ရဲံ လူ့အဖွဲ့အစည်းကို မဖွင့်ပေးနိုင်ရင် ဘယ်အချိန်ကျမှ ပုံမှန်ကို ပြန်ရောက်မှာလဲဆိုတာ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မလွှဲမသွေ မေးကြရမယ်" ဟု သူက သတင်းစားရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုက်ကလပ်များ၊ ဘားများ အပါအဝင် စီးပွားရေးလုပ်ငန်းများ ဖွင့်ခွင့်ပြုမည်။
ကာကွယ်ဆေးထိုးထားခြင်း ရှိမရှိ၊ ဆေးစစ်ထားသည့် အထောက်အထား တောင်းခံခြင်းတို့ကို ပြုတော့မည် မဟုတ်ချေ။
အသက် ၄၀ နှစ်အောက် ကိုဗစ်ကာကွယ်ဆေးထိုးသူတို့သည် ဆေးနှစ်ကြိမ် ထိုးသည့် ကြားကာလကို ၁၂ ပတ်အစား ၈ ပတ်သို့ လျှော့ချသတ်မှတ်မည်။
Covid-19 ဆေးစစ်ချက်တွင် positive ဖြစ်သူများသည် တစ်ဦးတည်း သီးခြားသီးသန့်နေထိုင်ရန် လိုအပ်သည်။ သို့သော် အတည်ပြုလူနာနှင့် ထိစပ်သူများတွင် ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူများကို တစ်ဦးတည်း သီးခြားသီးသန့်နေထိုင်ခြင်းမှ ကင်းလွတ်ခွင့် ပေးမည်။
လူစူလူဝေး ကန့်သတ်ချက်သည် အဆောက်အဦပြင်ပတွင် ၃၀ ဦးထက် မကျော်ရ၊ အဆောက်အဦအတွင်းတွင် ၆ ဦးထက် မကျော်ရ ကန့်သတ်ချက်ကိုလည်း ရုပ်သိမ်းမည်။
မင်္ဂလာဆောင်နှင့် အသုဘတို့တွင် တက်ရောက်သူဦးရေ ကန့်သတ်ချက် ထားရှိတော့မည် မဟုတ်ချေ။
ရုပ်ရှင်ရုံ၊ ပြဇာတ်ရုံ၊ အားကစားပွဲများအတွက် ပရိသတ်ဦးရေ ကန့်သတ်ချက်လည်း ထားရှိတော့မည် မဟုတ်ချေ။

အပြီးသတ် ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၂ ရက်တွင် အတည်ပြုပေးရမည် ဖြစ်သည်။

Source: straitstimes.com

 

Read times Last modified on Tuesday, 06 July 2021 13:54
Rate this item
(0 votes)