What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 April 2020 08:34

သြစတြီးယား နှင့် ဒိန်းမတ် lockdown ရုပ်သိမ်းရန် ရက်သတ်မှတ်

90251442_832926683874316_4730726126572273664_n.png

 

ဥရောပတွင် သြစတြီးယားနှင့် ဒိန်းမတ်တို့သည် Coronavirus ကြောင့် ပြဋ္ဌာန်းထားရသော lockdown ကို  ရုပ်သိမ်းကြောင်း အဆောလျင်ဆုံး ကြေညာသည့်ပထမဆုံးသောနိုင်ငံများဖြစ်လိမ့်မည်။

 

ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ စပိန်နှင့်အခြားနိုင်ငံများသည်လည်း အလားတူပင် ၎င်းတို့သည် အများပြည်သူဆိုင်ရာ ကန့်သတ်ချက်အချို့မည်သို့လျှော့ချမည်ကို ဆန်းစစ်နေကြသည်။ သို့သော် ဥရောပခေါင်းဆောင်များမှာ သတိကြီးစွာထားကြသည်။ အကြောင်းမှာ စင်ကာပူနှင့် ဂျပန်တို့ကဲ့သို့ ပုံမှန်ပြန်ဖြစ်ရန်ကြိုးစားသောနိုင်ငံအချို့သည် ကူးစက်မှုအသစ်များကို မြင်တွေ့ရသောကြောင့် ဖြစ်သည်။

 

သြစတြီးယားနှင့်ဒိန်းမတ် နှစ်နိုင်ငံလုံးက ကန့်သတ်ချက်များက ိုရုပ်သိမ်းရန်စီစဉ်ထားသည်။ သြစတြီးယား၌ ပြီလ ၁၄ ရက်နေ့တွင် ဆိုင်ငယ်များကို ပြန်လည်ဖွင့်လှစ်ရန်နှင့် ဆိုင်ခန်းများကို မေလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ထားသည်။ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် ကျောင်းများသည် မေလလယ်တွင်ြ ပန်လည်ဖွင့်လှစ်နိုင်သည်။ မတ်စ် ဝတ်ဆင်ကြခြင်း၊ လူချင်းခပ်ခွာခွာနေကြခြင်းနှင့် တစ်ချိန်တည်းတွင် စတိုးဆိုင်တစ်ဆိုင်သို့ ဝင်ခွင့်ပြုသူအရေအတွက်နှင့် ပတ်သက်၍ တင်းကျပ်သောစည်းမျဉ်းများကိုမူ ဆက်လက်ထားရှိမည်ဖြစ်သော်လည်း ဇူလိုင်လတွင် လူစုလူဝေး ပွဲများပြန်လည်စတင်ရန် မျှော်မှန်းထားသည်။

 

ဒိန်းမတ်တွင်ဧပြီလ ၁၅ ရက်နေ့တွင် ကလေးထိန်းကျောင်း၊ မူကြို၊ နှင့် မူလတန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ရည်မှန်းထားသည်။ ကုမ္ပဏီများအနေဖြင့် စီးပွားရေးကိုတဖြည်းဖြည်း ပြန်လည်စတင်ရန် အစီအစဉ်ရှိသည်။

 

သြစတြီးယားအဓိပတိ Sebastian Kurz က သူ၏ တိုင်းပြည်ကို ဆောလျင်စွာ တုံ့ပြန်မှု ပြုစေခဲ့ရာ မတ်လ ၁၆ ရက်နေ့တွင် တစ်နိုင်ငံလုံး lockdown ပြဋ္ဌာန်းခဲ့သည်။ အိမ်နီးချင်းနိုင်ငံတို့ထက် များစွာ စောသည်။ “တခြားနိုင်ငံတွေထက် သြစတြီးယား တုံ့ပြန်တာ ပိုမြန်ဆန်ပြီး ပိုလည်း တင်းကျပ်ပါတယ်။ ဒီတော့ အဆိုးဆုံးတွေဆီအထိ မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်ခဲ့တယ်” လို့ Kurz က ပြောကြားသည်။

ZAWGYI

ဥေရာပတြင္ ၾသစႀတီးယားႏွင့္ ဒိန္းမတ္ lockdown ႐ုပ္သိမ္းရန္ ရက္သတ္မွတ္

 

ၾသစႀတီးယားႏွင့္ ဒိန္းမတ္တို႔သည္ Coronavirus ေၾကာင့္ ျပ႒ာန္းထားရေသာ lockdown ကို အေဆာလ်င္ဆုံး ႐ုပ္သိမ္းေၾကာင္း ေၾကညာသည့္ပထမဆုံးေသာႏိုင္ငံမ်ားျဖစ္လိမ့္မည္။


ဘယ္လ္ဂ်ီယံ၊ ျပင္သစ္၊ စပိန္ႏွင့္အျခားႏိုင္ငံမ်ားသည္လည္း အလားတူပင္ ၎တို႔သည္ အမ်ားျပည္သူဆိုင္ရာ ကန႔္သတ္ခ်က္အခ်ိဳ႕မည္သို႔ေလွ်ာ့ခ်မည္ကို ဆန္းစစ္ေနၾကသည္။ သို႔ေသာ္ ဥေရာပေခါင္းေဆာင္မ်ားမွာ သတိႀကီးစြာထားၾကသည္။ အေၾကာင္းမွာ စင္ကာပူႏွင့္ ဂ်ပန္တို႔ကဲ့သို႔ ပုံမွန္ျပန္ျဖစ္ရန္ႀကိဳးစားေသာႏိုင္ငံအခ်ိဳ႕သည္ ကူးစက္မႈအသစ္မ်ားကို ျမင္ေတြ႕ရေသာေၾကာင့္ ျဖစ္သည္။

 

ၾသစႀတီးယားႏွင့္ဒိန္းမတ္ ႏွစ္ႏိုင္ငံလုံးက ကန႔္သတ္ခ်က္မ်ားက ို႐ုပ္သိမ္းရန္စီစဥ္ထားသည္။ ၾသစႀတီးယား၌ ၿပီလ ၁၄ ရက္ေန႔တြင္ ဆိုင္ငယ္မ်ားကို ျပန္လည္ဖြင့္လွစ္ရန္ႏွင့္ ဆိုင္ခန္းမ်ားကို ေမလ ၁ ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္ရန္ စီစဥ္ထားသည္။ စားေသာက္ဆိုင္မ်ား၊ ဟိုတယ္မ်ားႏွင့္ ေက်ာင္းမ်ားသည္ ေမလလယ္တြင္ျ ပန္လည္ဖြင့္လွစ္ႏိုင္သည္။ မတ္စ္ ၀တ္ဆင္ၾကျခင္း၊ လူခ်င္းခပ္ခြာခြာေနၾကျခင္းႏွင့္ တစ္ခ်ိန္တည္းတြင္ စတိုးဆိုင္တစ္ဆိုင္သို႔ ၀င္ခြင့္ျပဳသူအေရအတြက္ႏွင့္ ပတ္သက္၍ တင္းက်ပ္ေသာစည္းမ်ဥ္းမ်ားကိုမူ ဆက္လက္ထားရွိမည္ျဖစ္ေသာ္လည္း ဇူလိုင္လတြင္ လူစုလူေ၀း ပြဲမ်ားျပန္လည္စတင္ရန္ ေမွ်ာ္မွန္းထားသည္။

 

ဒိန္းမတ္တြင္ဧၿပီလ ၁၅ ရက္ေန႔တြင္ ကေလးထိ္န္းေက်ာင္း၊ မူႀကိဳ၊ ႏွင့္ မူလတန္းေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရန္ ရည္မွန္းထားသည္။ ကုမၸဏီမ်ားအေနျဖင့္ စီးပြားေရးကိုတျဖည္းျဖည္း ျပန္လည္စတင္ရန္ အစီအစဥ္ရွိသည္။


ၾသစႀတီးယားအဓိပတိ Sebastian Kurz က သူ၏ တိုင္းျပည္ကို ေဆာလ်င္စြာ တု႔ံျပန္မႈ ျပဳေစခဲ့ရာ မတ္လ ၁၆ ရက္ေန႔တြင္ တစ္ႏိုင္ငံလုံး lockdown ျပ႒ာန္းခဲ့သည္။ အိမ္နီးခ်င္းႏိုင္ငံတို႔ထက္ မ်ားစြာ ေစာသည္။ “တျခားႏိုင္ငံေတြထက္ ၾသစႀတီးယား တု႔ံျပန္တာ ပိုျမန္ဆန္ၿပီး ပိုလည္း တင္းက်ပ္ပါတယ္။ ဒီေတာ့ အဆိုးဆုံးေတြဆီအထိ မျဖစ္ပြားေအာင္ ကာကြယ္တားဆီးႏိုင္ခဲ့တယ္” လို႔ Kurz က ေျပာၾကားသည္။

 

90165828_212716063139335_1462378197545910272_n.png

Read times Last modified on Tuesday, 07 April 2020 10:04
Rate this item
(2 votes)