What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 09 April 2020 01:25

လူနာနံပါတ်(၃၁)၊ ဖိဖိစီးစီး ဆေးစစ်ပေးခြင်း မဟာဗျူဟာ

တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး Kang Kyung-wha က သူမ၏ နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရုတ်တရက်

အကြီးအကျယ်ကူးစက်ပျံ့နှံ့သွားသည်ကို ကိုင်တွယ်ခဲ့သည့် လုပ်နည်းကိုင်ဟန်ကို World Economic Forum COVID Task Force အစည်းအဝေးတွင် ရှင်းလင်းတင်ပြခဲ့သည်။

● လူနာနံပါတ် (၃၁) ကြောင့် အကြီးအကျယ် ကူးစက်ပျံ့နှံ့မှု ရုတ်ချည်း ဖြစ်ပေါ်ခဲ့သော်လည်း တောင်ကိုရီးယားသည် ယခုအခါ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ပွဲဝင်ရာ၌ အောင်နိုင်ပြီ ဖြစ်သည်။
● ဆေးစစ်ခြင်းသည် တိုင်းပြည်၏ ကိုရိုနာဗိုင်းရပ်စ် မဟာဗျူဟာ၏ အချက်အချာ ဖြစ်သည်။
● ဒေသများသည် ဆရာဝန်များကို ဝေမျှသုံးစွဲကြသည်။ သူတို့၏ ဆေးရုံများကိုလည်း အခြားဒေသမှ လူနာများအတွက် တံခါးဖွင့််ပေးထားသည်။


“ကျွန်မနိုင်ငံက ဒီဟာကို တည်ငြိမ်အောင် ထိန်းထားပြီး ချုပ်ထိန်းထားနိုင်တာဟာ အကြောင်း မဟုတ်ပါဘူး။ ကမ္ဘာကြီးက ဒီဟာကို အတူတကွ မလွဲမသွေ ကျော်လွှားကြရမယ်“
လို့ Kang Kyung-wha က ပြောကြားပါတယ်။

COVID-19 ပထမဆုံး အတည်ပြုလူနာ ပေါ်ထွက်ခဲ့သည်မှာ ဇန်နဝါရီ လကုန်တွင် ဖြစ်သည်။
တောင်ကိုရီးယား အစိုးရနှင့် လူထုတို့က ဗိုင်းရပ်စ်ကို ပြတ်ပြတ်သားသား ဆောင်ရွက်နေစဉ်မှာပင် နေရာအနှံ့ ကူးစက်ပျံ့နှံ့ခြင်း ရုတ်တရက် ဖြစ်ပေါ်သည်။ ထိုအခါ ဆေးစစ်ခြင်းကို နေရာအနှံ့လုပ်ဆောင်ခြင်းဖြင့် တုံ့ပြန်သည်။ မြန်မြန်ဆန်ဆန်နှင့် ပြတ်ပြတ်သားသား လုပ်ကိုင်နိုင်စွမ်းကို ပြသခဲ့သည်။

“ကျွန်မတို့ ဆောလျင်စွာ ဆောင်ရွက်တယ်။ ဒါပေမဲ့ ကျွန်မတို့ အံ့သြရတာက အထူးသဖြင့် အဲဒီဟာ ကူးစက်သွားတာ ဘယ်လောက်မြန်ဆန်သလဲဆိုတာ ဖြစ်ပါတယ်”

လူနာနံပါတ်(၃၀) အတည်ပြုပြီးချိန်အထိ အခြေအနေကို တည်တည်ငြိမ်ငြိမ်ဖြင့် ကိုင်တွယ်ပေးထားနိုင်နေသည်။ သို့သော် လူနာနံပါတ် (၃၁)ပေါ်ပေါက်ပြီးချိန်တွင် အခြေအနေတွေ အကုန်လုံး ပြောင်းလဲကုန်သည်။

လူနာနံပါတ်(၃၁) ပေါ်ပေါက်ပြီးချိန်တွင် နေရာအနှံ့ ကူးစက်ခံလူနာများ ပေါ်ထွက်လာသည်။ မနိုင်မနင်း ဖြစ်ကုန်သည်။
ဇန်နဝါရီလ ၁၉ ရက်မှ ဖေဖော်ဝါရီလ ၁၈ ရက်အထိ တစ်လတာအတွင်း အတည်ပြုလူနာ ၃၀ ဦး ရှိပြီး သေဆုံးသူ မရှိချေ။ ဤသို့ နှေးနှေးသာကူးစက်ခြင်းသည် မကြာခင်မှာ ပြောင်းလဲသွားသည်။ ဖေဖော်ဝါရီလ ၁၈ ရက်တွင် လူနာနံပါတ်(၃၁)ကို အတည်ပြုသည်။ နောက် တစ်ဆယ်ရက်အတွင်း အတည်ပြုလူနာ ၂၃၀၀ ဦး ကျော် ရှိသွားသည်။

လူနာနံပါတ်(၃၁)သည် ပိုမိုများပြားစွာဖြင့် ကူးစက်ပျံ့နှံ့စေသူ ဖြစ်နေသည်။ တောမီးလောင်ရာသို့ လေပင့်သည့်သူ ဖြစ်သည်။ လူနာနံပါတ်(၃၁)သည် အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမကို ရောဂါဆန်းစစ်ချက် မပြုခင်ရက်ပိုင်းအလိုတွင် ဒေးဂူမြို့ရှိ လူသူထူထပ်ရာသို့ သွားရောက်ခဲ့သည်။ ထို့နောက် ဆိုးလ်မြို့တော်သို့ သွားရောက်ခဲ့သည်။ ယာဉ်တိုက်မှု အသေးစားတစ်ခု ဖြစ်ပွားခဲ့ပြီး ဆေးရုံတင်ခံရသည်။ လူနာတစ်ဦးအဖြစ် ကုသမှု ခံနေရဆဲတွင် ဘုရားကျောင်းမှာ ဝတ်ပြုပွဲ နှစ်ကြိမ်တက်ရောက်ခဲ့သည်။ သူမမှာ အဖျားရှိနေသော်လည်း ဟိုတယ်တစ်ခုတွင် မိတ်ဆွေတစ်ဦးနှင့်အတူ နေ့လည်စာစားခဲ့သည်။
သူမကို ရောဂါဆန်းစစ်ခဲ့ပြီး ကိုဗစ်လူနာအဖြစ် အတည်ပြုခဲ့ပြီးသည့်နောက်တွင် သူမနှင့်အတူ ဘုရားကျောင်းတက်ခဲ့သူများ ရာချီသောဦးရေနှင့် အနီးအနားပတ်ဝန်းကျင်တွင် ရှိသူများ အတည်ပြု ကူးစက်ခံလူနာများဖြစ်ကုန်သည်။

COVID-19 ကို တိုက်ပွဲဝင်ရာ၌ အစိုးရ ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ အတူလက်တွဲပြီး တက်ညီလက်ညီဖြင့် ဆောင်ရွက်ခဲ့ကြသည်။

“ဒေသတစ်ခုမှာ ဆေးရုံကုတင် ကုန်နေပြီ ဆိုရင် တခြားခရိုင်မှ ဆေးရုံတွေမှာ ကုတင်တွေ စီစဉ်တယ်။ ဆရာဝန် မလောက်တော့ဘူးဆိုရင်လည်း တခြားဒေသကနေ ခေါ်ယူပြီး ကူညီစေတယ်” ဟု Kang Kyung-wha က ပြောကြားသည်။

လူထု၏ ယုံကြည်ကိုးစားမှုသည် ကိုဗစ်တိုက်ပွဲအတွက် အလွန်အမင်း အရေးကြီးကြောင်း သူမက ပြောသည်။ လူထုကို အချိန်နှင့် တစ်ပြေးညီ ပွင့်ပွင့်လင်းလင်း အသိပေးခြင်းဖြင့် သူတို့ထံမှ ယုံကြည်စိတ်ချမှုကို ရရှိနေစေရမည်ဖြစ်ရာ အပြည့်အ၀ ပွင့်လင်းမြင်သာဖို့ လိုကြောင်း သူမက ပြောသည်။

နောက်ထပ် အလွန်အမင်း အရေးပါသည့်အချက်မှာ ဆေးစစ်ပေးခြင်းဖြစ်သည်။
“ဒီလို ခရီးသွားတာ မြန်တဲ့ ဗိုင်းရပ်စ်နဲ့ဆိုရင် ဆေးစစ်ပေးတာဟာ လုံး၀ အလွန်အမင်း အရေးပါတယ်။ ကျွန်မတို့ အခုအထိ လူနာ သုံးသိန်းခွဲကျော်ကို ဆေးစစ်ပေးပြီးပါပြီ။ တချို့လူနာတွေဆိုရင် အကြိမ်များများ စစ်ပေးခဲ့တယ်။ ပြီးမှ ဆေးရုံမှ ဆင်းခွင့်ပေးတယ်။ ဒီတော့ သူတို့က အပြည့်အဝကုသပြီးသားလို့ ပြောလို့ရတယ်။ တစ်ချိန်တည်းမှာပဲ လူအများတို့ကို ဆေးစစ်ပေးတာ ၁၄၅ ယောက်မှာ သို့မဟုတ် ၁၅၀ ယောက်မှာ တစ်ဦးကျ ဆေးစစ်ပေးပြီးပါပြီ” ဟု Kang က ပြောကြားသည်။

တရုတ်၊ အီတလီ အစရှိသည့် နိုင်ငံများကဲ့သို့ lockdown ချခြင်းကို တောင်ကိုရီးယားတွင် ဆောင်ရွက်ခဲ့ခြင် မရှိချေ။ သို့သော် ကျောင်းများကိုတော့ ပိတ်ထားခဲ့သည်။ ပြန်ဖွင့်ဖို့ရက်ကို ရွှေ့ဆိုင်းထားသည်။ သို့သော် မဖြစ်မနေ ပြန်ဖွင့်ရမည်ဟု သူမက ပြောသည်။
“ကျွန်မတို့ရဲ့ လူမှုဘဝတန်ဖိုးတွေထဲမှာ ပညာရေးဟာ အရမ်းအရေးပါတဲ့ အပိုင်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်းတွေ ပြန်ဖွင့်ဖို့ ရွှေ့ဆိုင်းတာ နှစ်ကြိမ် ရှိခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ကလေးတွေမှာ ရှိတဲ့ ပညာသင့်ခွင့်ကို ကျွန်မတို့ ခံစားခွင့် မပေးဘဲ ထားလို့ မဖြစ်ဘူး” ဟု သူက ပြောသည်။

တောင်ကိုရီးယားတွင် ကိုဗစ် အတည်ပြုလူနာများ နေ့စဉ် အသစ်တိုးနေဆဲဖြစ်သော်လည်း ယခင်လို များပြားခြင်း မရှိတော့ဘဲ ၅၀ ဦး ဝန်းကျင်သို့ လျော့ကျနေပြီ ဖြစ်သည်။ ကာကွယ်ကုသမှုစနစ်အပေါ် မနိုင်မနင်းဖြစ်စေအောင် ဖိစီးခြင်း မရှိတော့ချေ။

 

 

လူနာနံပါတ္(၃၁)၊ ဖိဖိစီးစီး ေဆးစစ္ေပးျခင္း မဟာဗ်ဴဟာ

ေတာင္ကိုရီးယား ႏိုင္ငံျခားေရး ၀န္ႀကီး Kang Kyung-wha က သူမ၏ ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ ္႐ုတ္တရက္ အႀကီးအက်ယ္ကူးစက္ပ်ံ႕ႏွံ႔သြားသည္ကို ကိုင္တြယ္ခဲ့သည့္ လုပ္နည္းကိုင္ဟန္ကို World Economic Forum COVID Task Force အစည္းအေ၀းတြင္ ရွင္းလင္းတင္ျပခဲ့သည္။

● လူနာနံပါတ္ (၃၁) ေၾကာင့္ အႀကီးအက်ယ္ ကူးစက္ပ်ံ႕ႏွံ႔မႈ ႐ုတ္ခ်ည္း ျဖစ္ေပၚခဲ့ေသာ္လည္း ေတာင္ကိုရီးယားသည္ ယခုအခါ ကိုဗစ္-၁၉ ကို႐ိုနာဗိုင္းရပ္စ္ကို တိုက္ပြဲ၀င္ရာ၌ ေအာင္ႏိုင္ၿပီ ျဖစ္သည္။
● ေဆးစစ္ျခင္းသည္ တိုင္းျပည္၏ ကို႐ိုနာဗိုင္းရပ္စ္ မဟာဗ်ဴဟာ၏ အခ်က္အခ်ာ ျဖစ္သည္။
● ေဒသမ်ားသည္ ဆရာ၀န္မ်ားကို ေ၀မွ်သုံးစြဲၾကသည္။ သူတို႔၏ ေဆး႐ုံမ်ားကိုလည္း အျခားေဒသမွ လူနာမ်ားအတြက္ တံခါးဖြင့္္ေပးထားသည္။


“ကၽြန္မႏိုင္ငံက ဒီဟာကို တည္ၿငိမ္ေအာင္ ထိန္းထားၿပီး ခ်ဳပ္ထိန္းထားႏိုင္တာဟာ အေၾကာင္း မဟုတ္ပါဘူး။ ကမာၻႀကီးက ဒီဟာကို အတူတကြ မလြဲမေသြ ေက်ာ္လႊားၾကရမယ္“
လို႔ Kang Kyung-wha က ေျပာၾကားပါတယ္။

COVID-19 ပထမဆုံး အတည္ျပဳလူနာ ေပၚထြက္ခဲ့သည္မွာ ဇန္နဝါရီ လကုန္တြင္ ျဖစ္သည္။
ေတာင္ကိုရီးယား အစိုးရႏွင့္ လူထုတို႔က ဗိုင္းရပ္စ္ကို ျပတ္ျပတ္သားသား ေဆာင္ရြက္ေနစဥ္မွာပင္ ေနရာအႏွံ႔ ကူးစက္ပ်ံ႕ႏွံ႔ျခင္း ႐ုတ္တရက္ ျဖစ္ေပၚသည္။ ထိုအခါ ေဆးစစ္ျခင္းကို ေနရာအႏွံ႔လုပ္ေဆာင္ျခင္းျဖင့္ တုံ႔ျပန္သည္။ ျမန္ျမန္ဆန္ဆန္ႏွင့္ ျပတ္ျပတ္သားသား လုပ္ကိုင္ႏိုင္စြမ္းကို ျပသခဲ့သည္။

“ကၽြန္မတို႔ ေဆာလ်င္စြာ ေဆာင္ရြက္တယ္။ ဒါေပမဲ့ ကၽြန္မတို႔ အံ့ၾသရတာက အထူးသျဖင့္ အဲဒီဟာ ကူးစက္သြားတာ ဘယ္ေလာက္ျမန္ဆန္သလဲဆိုတာ ျဖစ္ပါတယ္”

လူနာနံပါတ္(၃၀) အတည္ျပဳၿပီးခ်ိန္အထိ အေျခအေနကို တည္တည္ၿငိမ္ၿငိမ္ျဖင့္ ကိုင္တြယ္ေပးထားႏိုင္ေနသည္။ သို႔ေသာ္ လူနာနံပါတ္ (၃၁)ေပၚေပါက္ၿပီးခ်ိန္တြင္ အေျခအေနေတြ အကုန္လုံး ေျပာင္းလဲကုန္သည္။

လူနာနံပါတ္(၃၁) ေပၚေပါက္ၿပီးခ်ိန္တြင္ ေနရာအႏွံ႔ ကူးစက္ခံလူနာမ်ား ေပၚထြက္လာသည္။ မႏိုင္မနင္း ျဖစ္ကုန္သည္။
ဇန္နဝါရီလ ၁၉ ရက္မွ ေဖေဖာ္ဝါရီလ ၁၈ ရက္အထိ တစ္လတာအတြင္း အတည္ျပဳလူနာ ၃၀ ဦး ရွိၿပီး ေသဆုံးသူ မရွိေခ်။ ဤသို႔ ေႏွးေႏွးသာကူးစက္ျခင္းသည္ မၾကာခင္မွာ ေျပာင္းလဲသြားသည္။ ေဖေဖာ္ဝါရီလ ၁၈ ရက္တြင္ လူနာနံပါတ္(၃၁)ကို အတည္ျပဳသည္။ ေနာက္ တစ္ဆယ္ရက္အတြင္း အတည္ျပဳလူနာ ၂၃၀၀ ဦး ေက်ာ္ ရွိသြားသည္။

လူနာနံပါတ္(၃၁)သည္ ပိုမိုမ်ားျပားစြာျဖင့္ ကူးစက္ပ်ံ႕ႏွံ႕ေစသူ ျဖစ္ေနသည္။ ေတာမီးေလာင္ရာသို႔ ေလပင့္သည့္သူ ျဖစ္သည္။ လူနာနံပါတ္(၃၁)သည္ အမ်ဳိးသမီးတစ္ဦး ျဖစ္ၿပီး သူမကို ေရာဂါဆန္းစစ္ခ်က္ မျပဳခင္ရက္ပိုင္းအလိုတြင္ ေဒးဂူၿမိဳ႕ရွိ လူသူထူထပ္ရာသို႔ သြားေရာက္ခဲ့သည္။ ထို႔ေနာက္ ဆိုးလ္ၿမိဳ႕ေတာ္သို႔ သြားေရာက္ခဲ့သည္။ ယာဥ္တိုက္မႈ အေသးစားတစ္ခု ျဖစ္ပြားခဲ့ၿပီး ေဆး႐ုံတင္ခံရသည္။ လူနာတစ္ဦးအျဖစ္ ကုသမႈ ခံေနရဆဲတြင္ ဘုရားေက်ာင္းမွာ ၀တ္ျပဳပြဲ ႏွစ္ႀကိမ္တက္ေရာက္ခဲ့သည္။ သူမမွာ အဖ်ားရွိေနေသာ္လည္း ဟိုတယ္တစ္ခုတြင္ မိတ္ေဆြတစ္ဦးႏွင့္အတူ ေန႔လည္စာစားခဲ့သည္။
သူမကို ေရာဂါဆန္းစစ္ခဲ့ၿပီး ကိုဗစ္လူနာအျဖစ္ အတည္ျပဳခဲ့ၿပီးသည့္ေနာက္တြင္ သူမႏွင့္အတူ ဘုရားေက်ာင္းတက္ခဲ့သူမ်ား ရာခ်ီေသာဦးေရႏွင့္ အနီးအနားပတ္၀န္းက်င္တြင္ ရွိသူမ်ား အတည္ျပဳ ကူးစက္ခံလူနာမ်ားျဖစ္ကုန္သည္။

COVID-19 ကို တိုက္ပြဲ၀င္ရာ၌ အစိုးရ ၀န္ႀကီးဌာနမ်ား၊ ေဒသဆိုင္ရာ အာဏာပိုင္မ်ား အတူလက္တြဲၿပီး တက္ညီလက္ညီျဖင့္ ေဆာင္ရြက္ခဲ့ၾကသည္။

“ေဒသတစ္ခုမွာ ေဆး႐ုံကုတင္ ကုန္ေနၿပီ ဆိုရင္ တျခားခ႐ိုင္မွ ေဆး႐ုံေတြမွာ ကုတင္ေတြ စီစဥ္တယ္။ ဆရာ၀န္ မေလာက္ေတာ့ဘူးဆိုရင္လည္း တျခားေဒသကေန ေခၚယူၿပီး ကူညီေစတယ္” ဟု Kang Kyung-wha က ေျပာၾကားသည္။

လူထု၏ ယုံၾကည္ကိုးစားမႈသည္ ကိုဗစ္တိုက္ပြဲအတြက္ အလြန္အမင္း အေရးႀကီးေၾကာင္း သူမက ေျပာသည္။ လူထုကို အခ်ိန္ႏွင့္ တစ္ေျပးညီ ပြင့္ပြင့္လင္းလင္း အသိေပးျခင္းျဖင့္ သူတို႔ထံမွ ယုံၾကည္စိတ္ခ်မႈကို ရရွိေနေစရမည္ျဖစ္ရာ အျပည့္အ၀ ပြင့္လင္းျမင္သာဖို႔ လိုေၾကာင္း သူမက ေျပာသည္။

ေနာက္ထပ္ အလြန္အမင္း အေရးပါသည့္အခ်က္မွာ ေဆးစစ္ေပးျခင္းျဖစ္သည္။
“ဒီလို ခရီးသြားတာ ျမန္တဲ့ ဗိုင္းရပ္စ္နဲ႔ဆိုရင္ ေဆးစစ္ေပးတာဟာ လုံး၀ အလြန္အမင္း အေရးပါတယ္။ ကၽြန္မတို႔ အခုအထိ လူနာ သုံးသိန္းခြဲေက်ာ္ကို ေဆးစစ္ေပးၿပီးပါၿပီ။ တခ်ဳိ႕လူနာေတြဆိုရင္ အႀကိမ္မ်ားမ်ား စစ္ေပးခဲ့တယ္။ ၿပီးမွ ေဆး႐ုံမွ ဆင္းခြင့္ေပးတယ္။ ဒီေတာ့ သူတို႔က အျပည့္အ၀ကုသၿပီးသားလို႔ ေျပာလို႔ရတယ္။ တစ္ခ်ိန္တည္းမွာပဲ လူအမ်ားတို႔ကို ေဆးစစ္ေပးတာ ၁၄၅ ေယာက္မွာ သို႔မဟုတ္ ၁၅၀ ေယာက္မွာ တစ္ဦးက် ေဆးစစ္ေပးၿပီးပါၿပီ” ဟု Kang က ေျပာၾကားသည္။

တ႐ုတ္၊ အီတလီ အစရွိသည့္ ႏိုင္ငံမ်ားကဲ့သို႔ lockdown ခ်ျခင္းကို ေတာင္ကိုရီးယားတြင္ ေဆာင္ရြက္ခဲ့ျခင္ မရွိေခ်။ သို႔ေသာ္ ေက်ာင္းမ်ားကိုေတာ့ ပိတ္ထားခဲ့သည္။ ျပန္ဖြင့္ဖို႔ရက္ကို ေရႊ႕ဆိုင္းထားသည္။ သို႔ေသာ္ မျဖစ္မေန ျပန္ဖြင့္ရမည္ဟု သူမက ေျပာသည္။
“ကၽြန္မတို႔ရဲ႕ လူမႈဘ၀တန္ဖိုးေတြထဲမွာ ပညာေရးဟာ အရမ္းအေရးပါတဲ့ အပိုင္းက႑တစ္ခု ျဖစ္ပါတယ္။ ကၽြန္မတို႔ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ ေရႊ႕ဆိုင္းတာ ႏွစ္ႀကိမ္ ရွိခဲ့ပါတယ္။ ကၽြန္မတို႔ရဲ႕ ကေလးေတြမွာ ရွိတဲ့ ပညာသင့္ခြင့္ကို ကၽြန္မတို႔ ခံစားခြင့္ မေပးဘဲ ထားလို႔ မျဖစ္ဘူး” ဟု သူက ေျပာသည္။

ေတာင္ကိုရီးယားတြင္ ကိုဗစ္ အတည္ျပဳလူနာမ်ား ေန႔စဥ္ အသစ္တိုးေနဆဲျဖစ္ေသာ္လည္း ယခင္လို မ်ားျပားျခင္း မရွိေတာ့ဘဲ ၅၀ ဦး ၀န္းက်င္သို႔ ေလ်ာ့က်ေနၿပီ ျဖစ္သည္။ ကာကြယ္ကုသမႈစနစ္အေပၚ မႏိုင္မနင္းျဖစ္ေစေအာင္ ဖိစီးျခင္း မရွိေတာ့ေခ်။

Read times
Rate this item
(0 votes)