COVID-19 ကပ်ရောဂါကို ခုခံတိုက်ဖျက်ဖို့ နည်းလမ်းအမျိုးမျိုး ကာကွယ်ဆေးအမျိုးမျိုးတို့ကို
ကြံဆလုပ်ကိုင်လျက် ရှိတာမှာ နည်းလမ်းတစ်သွယ်က လူနာဟောင်းထံမှ သွေးကို ယူပြီး လူနာသစ်ထဲကို ထည့်ပေးလိုက်တာ ဖြစ်ပါတယ်။
ယခုအခါ သုတေသီများက စမ်းသပ်မှုများ လုပ်ဆောင်လျက် ရှိပါတယ်။ COVID-19 ကူးစက်ခံ လူနာဖြစ်ခဲ့ပြီးတဲ့နောက် ပြန်လည်ကောင်းမွန်လာသူတွေထံမှ သွေးကို ရယူပြီး အတည်ပြုလူနာတွေထဲမှ ဖျားနာနေပြီး ပြင်းထန်နေတဲ့လူနာကို အဲဒီသွေး သွင်းပေးပါတယ်။ အဲဒီနည်းကို နာလန်ထ သွေးရည်ကြည် ရောဂါကုထုံး convalescent-plasma therapy လို့ခေါ်တွင်ကြတယ်။
အခုလို သွေးရည်ကြည် ရယူပြီး ကုသတာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ၁၈၉၁ ခုနှစ်မှာ ဆုံဆို့နာကို ကုသဖို့ Emil von Behring က သုံးခဲ့ဖူးပြီး သူ့ကို ဆေးဝါးအတွက် နိုဘဲဆု ချီးမြှင့်ခဲ့ပါတယ်။ အဲဒီနည်း မတွင်ကျယ်ခဲ့တဲ့ အကြောင်းရင်းက လူနာဟောင်းတွေထံမှ သွေးရည်ကြည်တွေကို အလုံအလောက် ရရှိဖို့ ခက်ခဲလို့ ဖြစ်ပါတယ်။ ၂၁ ရာစုမှာတော့ မော်လီကျူးဆေးပညာ molecular medicine တိုးတက်နေပြီဖြစ်လို့ သွေးရည်ကြည်ကို ပွားအောင် လုပ်လို့ရနေပြီမို့ ယခုနည်းလမ်းဖြင့် လူနာအများအပြားတို့ကို ကုသပေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားကြတယ်။
ဒီနည်းလမ်းကို ခပ်လွယ်လွယ် ရှင်းပြရရင် COVID-19 နာလန်ထ လူနာမှာ ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ဖို့ ကိုယ်ခံအားစနစ် ရရှိထားတယ်။ တစ်နည်းပြောရရင် COVID-19 ဗိုင်းရပ်စ်ကို ဘယ်လို တိုက်ခိုက် အနိုင်ယူရမလဲဆိုတာ ကိုယ်ခံအားစနစ်က အဖြေရထားပြီးပြီ။ ပရိုတင်းတွေ ဖြစ်ကြတဲ့ ပဋိဇီဝများက ဗိုင်းရပ်စ်ကို ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ ဗိုင်းရပ်စ်အမှုန်လေးတွေရဲ့ မျက်နှာပြင်ကို ပရိုတင်းဓာတ်ဖြင့် ဖုံးအုပ်ပစ်လိုက်ကြတယ်။ ဘယ်ဗိုင်းရပ်စ်ဆိုရင် ဘယ်လို ဖုံးအုပ်တွယ်ကပ်ထားရမလဲဆိုတာ သိထားတယ်။
ပုံမှာ နောက်ဘက်မှာ ဖော်ပြထားတာက ဗိုင်းရပ်စ်အမှုန်တစ်ခု ဖြစ်ပြီး ရှေ့မှာ ဖော်ပြထားတာက ပရိုတင်းဖြင့် ဖုံးအုပ်တွယ်ကပ်ထားတာ ဖြစ်ပါတယ်။
MIT Technology Review
လူနာေဟာင္းရဲ႕ ေသြးျဖင့္ အတည္ျပဳလူနာကို ကုသနည္းေတြ႕ရွိ
COVID-19 ကပ္ေရာဂါကို ခုခံတိုက္ဖ်က္ဖို႔ နည္းလမ္းအမ်ဳိးမ်ဳိး ကာကြယ္ေဆးအမ်ဳိးမ်ဳိးတို႔ကို ၾကံဆလုပ္ကိုင္လ်က္ ရွိတာမွာ နည္းလမ္းတစ္သြယ္က လူနာေဟာင္းထံမွ ေသြးကို ယူၿပီး လူနာသစ္ထဲကို ထည့္ေပးလိုက္တာ ျဖစ္ပါတယ္။
ယခုအခါ သုေတသီမ်ားက စမ္းသပ္မႈမ်ား လုပ္ေဆာင္လ်က္ ရွိပါတယ္။ COVID-19 ကူးစက္ခံ လူနာျဖစ္ခဲ့ၿပီးတဲ့ေနာက္ ျပန္လည္ေကာင္းမြန္လာသူေတြထံမွ ေသြးကို ရယူၿပီး အတည္ျပဳလူနာေတြထဲမွ ဖ်ားနာေနၿပီး ျပင္းထန္ေနတဲ့လူနာကို အဲဒီေသြး သြင္းေပးပါတယ္။ အဲဒီနည္းကို နာလန္ထ ေသြးရည္ၾကည္ ေရာဂါကုထုံး convalescent-plasma therapy လို႔ေခၚတြင္ၾကတယ္။
အခုလို ေသြးရည္ၾကည္ ရယူၿပီး ကုသတာ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။ ၁၈၉၁ ခုႏွစ္မွာ ဆုံဆို႔နာကို ကုသဖို႔ Emil von Behring က သုံးခဲ့ဖူးၿပီး သူ႔ကို ေဆးဝါးအတြက္ ႏိုဘဲဆု ခ်ီးျမႇင့္ခဲ့ပါတယ္။ အဲဒီနည္း မတြင္က်ယ္ခဲ့တဲ့ အေၾကာင္းရင္းက လူနာေဟာင္းေတြထံမွ ေသြးရည္ၾကည္ေတြကို အလုံအေလာက္ ရရွိဖို႔ ခက္ခဲလို႔ ျဖစ္ပါတယ္။ ၂၁ ရာစုမွာေတာ့ ေမာ္လီက်ဴးေဆးပညာ molecular medicine တိုးတက္ေနၿပီျဖစ္လို႔ ေသြးရည္ၾကည္ကို ပြားေအာင္ လုပ္လို႔ရေနၿပီမို႔ ယခုနည္းလမ္းျဖင့္ လူနာအမ်ားအျပားတို႔ကို ကုသေပးႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားၾကတယ္။
ဒီနည္းလမ္းကို ခပ္လြယ္လြယ္ ရွင္းျပရရင္ COVID-19 နာလန္ထ လူနာမွာ ဗိုင္းရပ္စ္ပိုးကို တိုက္ခိုက္ဖို႔ ကိုယ္ခံအားစနစ္ ရရွိထားတယ္။ တစ္နည္းေျပာရရင္ COVID-19 ဗိုင္းရပ္စ္ကို ဘယ္လို တိုက္ခိုက္ အႏိုင္ယူရမလဲဆိုတာ ကိုယ္ခံအားစနစ္က အေျဖရထားၿပီးၿပီ။ ပ႐ိုတင္းေတြ ျဖစ္ၾကတဲ့ ပဋိဇီ၀မ်ားက ဗိုင္းရပ္စ္ကို ထိပ္တိုက္ရင္ဆိုင္ရတဲ့အခါ ဗိုင္းရပ္စ္အမႈန္ေလးေတြရဲ႕ မ်က္ႏွာျပင္ကို ပ႐ိုတင္းဓာတ္ျဖင့္ ဖုံးအုပ္ပစ္လိုက္ၾကတယ္။ ဘယ္ဗိုင္းရပ္စ္ဆိုရင္ ဘယ္လို ဖုံးအုပ္တြယ္ကပ္ထားရမလဲဆိုတာ သိထားတယ္။
ပုံမွာ ေနာက္ဘက္မွာ ေဖာ္ျပထားတာက ဗိုင္းရပ္စ္အမႈန္တစ္ခု ျဖစ္ၿပီး ေရွ႕မွာ ေဖာ္ျပထားတာက ပ႐ိုတင္းျဖင့္ ဖုံးအုပ္တြယ္ကပ္ထားတာ ျဖစ္ပါတယ္။