What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 08 April 2020 16:36

ကိုဗစ်နှိမ်နင်းဖို့ ဂျပန်ဆေး Avigan ကို မီးစိမ်းပြလိုက်တဲ့ အမေရိကန်

90251442_832926683874316_4730726126572273664_n.png

 

အမေရိကန် FDA အနေဖြင့် သူတို့နိုင်ငံရှိ ကိုဗစ်ဗိုင်းရပ်စ်လူနာများကို Avigan ဖြင့်စမ်သပ်ကုသခွင့်ပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းများကဖော်ပြခဲ့သည်။

 

အဆိုပါဆေး Avigan ကို မက်ဆာချူးဆက်ပြည်နယ်ရှိ ဆေးရုံ ၃ ခုတွင်အစမ်းအနေဖြင့် စတင်အသုံးပြု ကုသ သွားတော့မည်ဖြစ်သည်။ အဆိုပါဆေးသည် တရုတ်ပြည်ရှိ လူနာအယောက် ၃၄၀ ကိုစမ်းသပ်သုံးစွဲစေခဲ့ရာတွင် နလံထချိန်မှာ ပုံမှန်ထက်စောလျင်ခဲ့သလို အဆုတ်၏လုပ်ဆောင်မှုများကိုလည်း ပိုမိုကောင်းမွန်လာစေခဲ့သည် ကိုသက်သေပြနိုင်ခဲ့သည်ဟု တရုတ်ကျန်းမာရေးဌာန၏ ပြောဆိုမှုအရသိရသည်။

 

အတိအကျဆိုရလျှင် COVID 19 ရောဂါ positive ပြပြီးနောက် ၄ရက်အတွင် ယင်းဆေးကြောင့် ရောဂါပျောက်ကင်းခဲ့သည်ဟု ဆိုကြသည်။ ဆေးမသုံးစွဲသူများအနေဖြင့် ပြန်ကောင်းဖို့အတွက် ၁၁ ရက်ကြာမြင့်သည်ဟုဆိုကြသည်။

 

လက်ရှိတွင်အဆိုပါ မက်ဆာချူးဆက်ပြည်နယ်ရှိဆေးရုံ ၃ ရုံမှ ကိုဗစ်လူနာ အယောက် ၆၀ခန့်ကို အုပ်စု ၂ ခုခွဲ၍ စမ်းသပ်ကုသသွားမည်ဖြစ်သည်ဟုသိရသည်။

90165828_212716063139335_1462378197545910272_n.png

Health Products Directory

Ref;NY Post

Read times Last modified on Wednesday, 08 April 2020 16:45
Rate this item
(0 votes)