What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 12 April 2020 18:54

COVID-19 ASEAN SNAPSHOT: 12 April 2020

COVID-19 ASEAN SNAPSHOT:
WHO 7:00 PM GMT 12 April 2020


အာဆီယံ ဒေသတွင်းမှာ ယနေ့ အတည်ပြုလူနာအသစ် ၁၀၀၀ ကျော် အစီရင်ခံသဖြင့် လူနာဦးရေ ၁၉ ၀၀၀ ကို ထိလုနီးပါး ဖြစ်နေပြီ။
ယမန့်နေက လူနာအသစ်များ အမြင့်ဆုံးဖြစ်ခဲ့ကြသည့် အင်ဒိုနီးရှား (၃၃၀) နှင့်ဖိလစ်ပိုင် (၂၃၃) တို့သည် ယနေ့တွင်လည်း အင်ဒိုနီးရှား (၃၉၉)နှင့် ဖိလစ်ပိုင်(၂၂၀) ဖြင့် အမြင့်မားဆုံး ဖြစ်နေသည်။
စင်ကာပူသည် ရွှေ့ပြောင်းလုပ်သားများ နေထိုင်ရာ အဆောင်တိုက်ခန်း အဆောက်အဦတွင် အကြီးအကျယ် ကူးစက်ပျံ့နှံ့သည်ကို ရင်ဆိုင်ကိုင်တွယ်နေရဆဲ ဖြစ်သည်။ လူနာသစ် ၂၀၀ အောက်တွင် ဖြစ်ပွားခဲ့သည်။
မလေးရှားက စံချိန်တက်သည်။ လူနာသစ် ၁၅၃ ဦး အတည်ပြုခဲ့သည်။
ထိုင်းတွင် လူနာသစ် လျော့ကျရာ ယနေ့ ၃၃ ဦးသာ ရှိသည်။ ယမန်နေ့က ၄၅ ဦး ဖြစ်ပေရာ ၁၂ ဦး လျော့ကျသွားသည်။
အခြားအာဆီယံနိုင်ငံများသည် လူနာသစ်များ အစီရင်ခံခဲ့သော်လည်း နည်းပါးသည်။ မြန်မာက ဂဏန်းနှစ်လုံး (၁၀) ကို ပထမဆုံးအကြိမ် ရောက်ရှိသည်။

ကိုဗစ်ကြောင့် သေဆုံးရသူ စုစုပေါင်းသည် ယခုအခါ ၈၀၀ ဦး အောက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သေဆုံးသူအသစ်ဦးရေတွင် အင်ဒိုနီးရှား(၄၆) နှင့်ဖိလစ်ပိုင်(၅၀)တို့ အများဆုံး ဖြစ်သည်မှာ နှစ်ရက်ဆက်တိုက် ရှိပြီ ဖြစ်သည်။
မလေးရှားနှင့် ထိုင်းတို့က သေဆုံးသူအသစ် ၃ ဦးစီ ကြေညာခဲ့သည်။ စင်ကာပူက ၁ ဦး ကြေညာခဲ့သည်။

ယနေ့အထိ ပြန်နာလန်ထလူနာများကို ကြည့်လျှင် အာဆီယံ ၁၀ နိုင်ငံတွင် ၄၇၃၉ ဦး ရှိပြီ ဖြစ်ပြီး မလေးရှားနှင့် ထိုင်းတို့သည် နာလန်ထဦးရေ အများဆုံး ဖြစ်သည်ကို တွေ့ရသည်။
Source WHO 7:00 PM GMT 12 April 2020

zawgyi

COVID-19 ASEAN SNAPSHOT:
WHO 7:00 PM GMT 12 April 2020



Read times Last modified on Sunday, 12 April 2020 19:00
Rate this item
(0 votes)