What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 13 April 2020 18:56

ဗြိတိန်တွင်သေဆုံးမှု မြင့်တက်နေပြီး အလောင်းထည့်အိတ်များ မလုံလောက်တော့သည့် အခြေနေ နှင့် ရင်ဆိုင်နေရ

COVID.png

 

ကမ္ဘာ ပေါ်ရှိလူမျိုးစုတွေထဲမှာ ဗြိတိန်က လူတွေဟာ မွေးစကတည်းက ပိုးလို မွေးခံရတဲ့ လူတွေ ဖြစ်တာကြောင့် အခုလို ကမ္ဘာ့ ကပ်ရောဂါစိုက်တဲ့အချိန်မှာ ခံနိုင်ရည်မရှိတော့ပဲ အသေအပျောက်များ ခဲ့ပါတော့တယ်။  အခုချိန်မှာ ဗြိတိန်မှာ ကိုရိုနာ ဗိုင်းရစ်ဖြစ်ပွါးမူ့က ၈ သောင်းကျော်ရှိပြီး သေဆုံးသူ အယောက် ၁၀၆၁၂ ယောက် ကိုရိုနာ ရောဂါ ကပ်ဘေးစိုက်ခါ သေဆုံးခဲ့ရပါတယ်။

 

ဗြိတိန်ရဲ့ ကျန်းမာရေး ဌာနဖြစ်တဲ့ NHS လည်း မကယ်နိုင်တော့ပါဘူး ယူကြုံးမရ ဖြစ်နေရုံမှ တစ်ပါး အခြားမရှိတော့ ပြီမို့ ဗြိတိန်မှ ကျန်းမာရေး ဌာန ဝန်ထမ်း ၁၉ ဦးဟာလည်း သေဆုံးသူများထဲတွင်ပါဝင်ခဲ့ပါတယ်။ သေဆုံးသူ ဆရာဝန် နှင့် သူနာပြုတို့ဟာ ရောဂါကူးစက်မည်မှန်းသိသိနှင့် လူနာ အသက်ကယ်တင်နိုင်ရန်အလို့ဌာ ဘဝတွေကို စတေးဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

HPD.png

 

အခုချိန်မှာ Mortuary ပစ္စည်းဖြန့်ချီသူတွေက NHS ကို အစက လူသေ အလောင်းထည့်တဲ့ ဇစ်ပါတဲ့ အိတ်များကို ပံ့ပိုးခဲ့တာပါ အခုတော့ ပံ့ပိုးလို့ မရတော့ပါဘူး ဇစ်ပါ အလောင်းထည့် အိတ်များ ကုန်ဆုံးသွားပါပြီ။ NHS ဗြိတိန် ကျန်းမာရေး ဌာနမှ အရာရှိတွေက  အိပ်ယာလိပ်ဖြင့် လူသေများကို ထုတ်ပိုးပြီးသာ ပြစ်ဖို့ ကျန်းမာရေး ဝန်ထမ်းတွေကို တိုက်တွန်းလာတာ တွေ့ရပါတယ်။သေဆုံးပြီးသူတွေအတွက် အိတ်များ မသုံးတော့ပါဆိုပြီး သတ်မှတ်ချက်ထွက်လာပါတယ်။

 

တကယ်တန်းမှာ ထိုကဲ့သို့ အိတ်နဲ့ စနစ်တကျ မထည့်ခြင်းဟာ အခြားလူတွေ အတွက် အတော်လေး စိုးရိမ်စရာ ရှိပါတယ် ဒါပေမဲ့ အခြားနည်းလမ်းရွေးချယ်စရာ မရှိပါဘူးတဲ့။ ပြီးခဲ့တဲ့ညက Sally Goodright ဆိုတဲ့ သူနာပြု တစ်ဦးဟာ သူမရဲ့ Social Media စာမျက်နှာပေါ်တွက် အခန်းတစ်ခန်းက လူသေ အလောင်း တွေထွက်လာသည့်တိုင် ငါတို့တွေမှာ ထုတ်ပိုးဖို့ ဇစ်ပါတဲ့ အိတ်များမရှိတော့ပါဘူး ဆိုကာ စိတ်ပျက်မိုင်တွေစွာရေးသားထားတာတွေ့ရပါတယ် သို့ပေမဲ့ အာဏာပိုင်တွေ တိုက်တွန်းချက်အရ သူမ အဲ့ Post ကို မိနစ် အနည်းငယ်ကျတဲ့ အချိန်မှာ ဖျက်လိုက်ပုံပါပဲ မတွေ့ရတော့ပါဘူး။

 

သို့ပေမည့်လည်း သူမတို့ ဝတ်ဆင်ရမဲ့ PPE ( personal protective equipment ) လုံလောက်စွာ ရှိတာကိုပဲ စိတ်ပျော်ရမည်ပင်ဖြစ်သည် PPE တွေက လုံလွန်းလို့ ပူကာ ချွေးထွက်များပြီး ဆေးရုံဝန်ထမ်းများမေ့လဲတာတောင်ရှိတယ်သိရပါတယ်။ထို အလောင်းထည့်တဲ့ ဇစ်ပါ အိတ်များကို နောက် ၆ ပတ်နေမှ ပြန်လည်ရရှိနိုင်မယ်လို့ စက်ရုံမှ တိုက်ရိုက် ဖြန့်ချီသူ တစ်ဦးက BBC ကိုပြောပါတယ်။

 

အခုလက်ရှိမှာတော့ ထောင်ဂဏန်းလောက် ဇစ်ပါ အလောင်းထည့် အိတ်များ ရှိနေပါသေးတယ် သို့ပေမဲ့ လုံးဝ ထုတ်မသုံးတော့ပါဘူး ပစ္စည်း ပြန်မရခင်အထိ သိမ်းထားမည်သိရပြီး အရမ်းအသုံး လိုလာမှသာလျင် အသုံးပြုဖို့ ပေးမယ်သိရပါတယ်

Read times
Rate this item
(1 Vote)