What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 18 April 2020 13:09

ရန်ကုန်ရှိ မြို့နယ် ၇ ခု Stay at Home အစီအစဉ် စည်ကမ်းချက်များထုတ်ပြန်

ယနေ့ညနေ ၆ နာရီတွင် ယခုအမိန့် စတင်သက်ရောက်မည်ဖြစ်ကြောင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကိုဗစ်နိုင်တင်း ရောဂါကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ

တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်နှင့် လှိုင်သာယာမြို့နယ်များတွင်

နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်သည်/

Stay at Home အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများ လိုက်နာရမည့် စည်းကမ်းများ
------------------------------
(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)
(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊
(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊
- အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။

 

ကြေညာချက် အပြည့်အစုံ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အမိန့်အမှတ် (၃၈/၂၀၂၀) ကို ယနေ့ရက်စွဲဖြင့် ထုတ်ပြန်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
 
 
 

ရန္ကုန္ရွိ ၿမိဳ႕နယ္ ၇ ခု Stay at Home အစီအစဥ္ စည္ကမ္းခ်က္မ်ားထုတ္ျပန္
------------------
ယေန႔ညေန ၆ နာရီတြင္ ယခုအမိန႔္ စတင္သက္ေရာက္မည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္သည္။

ကိုဗစ္ႏိုင္တင္း ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈကို ပိုမိုထိေရာက္စြာ ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ဗဟန္းၿမိဳ႕နယ္၊ မရမ္းကုန္းၿမိဳ႕နယ္၊ အင္းစိန္ၿမိဳ႕နယ္၊ ေ႐ႊျပည္သာၿမိဳ႕နယ္ႏွင့္ လႈိင္သာယာၿမိဳ႕နယ္မ်ားတြင္ ေနထိုင္သည့္ ျပည္သူ မ်ားအေနျဖင့္ ေနအိမ္တြင္ ေနထိုင္ေရး (Stay at Home)အစီအစဥ္တြင္ အက်ဳံးဝင္သည္/

Stay at Home အစီအစဥ္တြင္ အက်ဳံးဝင္ေသာ ျပည္သူမ်ား လိုက္နာရမည့္ စည္းကမ္းမ်ား
------------------------------
(က) မိမိေနအိမ္တြင္သာေနထိုင္ရန္ (အစိုးရဌာန၊အဖြဲ႕အစည္းမ်ား၊ ကုမၸဏီ၊ စက္႐ုံ၊ အလုပ္႐ုံ မ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ သြားေရာက္သူမ်ား မပါ)
(ခ) မျဖစ္မေန ေဈးဝယ္ရန္အတြက္ တစ္အိမ္လွ်င္ တစ္ဦးသာ သြားေရာက္ရန္၊
(ဂ) ေဆး႐ုံ၊ ေဆးခန္း သြားေရာက္ရန္ရွိပါက တစ္အိမ္လွ်င္ ႏွစ္ဦးသာ သြားေရာက္ရန္၊
(ဃ) ေနအိမ္မွ ျပင္ပသို႔ သြားလာလွ်င္ ပါးစပ္/ ႏွာေခါင္းစည္း (mask) တပ္ရန္၊
(င) တာဝန္ထမ္းေဆာင္ရန္သြားေရာက္/ျပန္လာမည့္သူမ်ားကို ပို႔ေဆာင္မည့္ ယာဥ္မ်ားႏွင့္ ျဖတ္သန္းခြင့္ျပဳထားေသာ ယာဥ္မ်ားကိုသာ ရပ္ကြက္ေက်ာ္လြန္ သြားလာခြင့္ျပဳရန္၊
(စ) ရပ္ကြက္အတြင္း ေဈးဝယ္ျခင္းအတြက္ ယာဥ္ေမာင္းအျပင္ ယာဥ္ေပၚတြင္ တစ္ဦး၊ ေဆး႐ုံ ေဆးခန္းသြားေရာက္ျခင္းအတြက္ ယာဥ္ေမာင္းအျပင္ ယာဥ္ေပၚတြင္ ႏွစ္ဦးသာ သြားေရာက္ရန္၊
- အပိုဒ္ခြဲ(ခ)၊ (ဂ) ႏွင့္ (စ) တို႔ပါ ကိစၥရပ္မ်ားတြင္ သတ္မွတ္ဦးေရထက္ ပိုမိုရန္ရွိလွ်င္ ျဖစ္ေစ၊ အျခားအေရးေပၚကိစၥရပ္မ်ားအတြက္ သြားလာရန္ ရွိလွ်င္ျဖစ္ေစ သက္ဆိုင္ရာရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕သို႔ သတင္းပို႔၍ ခြင့္ျပဳခ်က္ျဖင့္ သြားလာရန္ႏွင့္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕သည္ တာဝန္ရွိသူ၊ တာဝန္ထမ္းေဆာင္ရန္ သြားေရာက္/ျပန္လာသူမ်ားမွအပ ရပ္ကြက္ျပင္ပမွ လည္းေကာင္း၊ ရပ္ကြက္အတြင္းမွလည္းေကာင္း ဝင္/ထြက္ ခြင့္မျပဳရန္ ျဖစ္သည္။

Read times Last modified on Saturday, 18 April 2020 15:23
Rate this item
(0 votes)