What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 03 February 2022 12:52

တောင်ကိုရီးယားတွင် ၂၄ နာရီအတွင်း ကိုဗစ် ကူးစက်မှု ၂၂,၀၀၀ ဦး‌ကျော်အထိ ရှိလာ

တောင်ကိုရီးယားတွင် ၂၄ နာရီအတွင်း ကိုဗစ် ကူးစက်မှု ၂၂,၀၀၀ ဦး‌ကျော်အထိ ရှိလာ

တောင်ကိုရီးယားတွင် တစ်ရက်တာအတွင်း Covid-19 ကူးစက်ခံရသူ ဦးရေ ၂၂,၀၀၀ ကျော်အထိ ရှိနေပြီး Omicron အိုမီခရွန် ကူးစက်မှုများ ဖြစ်ပွားခဲ့သည့်နောက်တွင် အများဆုံး စံချိန်သစ် ဖြစ်သည်ဟု ကျန်းမာရေးအာဏာပိုင်တို့က ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်ယ
ကိုးရီးယား ရောဂဂါ ထိန်းချုပ်ကာကွယ်ရေးဌာန
Korea Disease Control and Prevention Agency (KDCA) က ထုတ်ပြန်သည်မှာ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ် ကူးစက်ခံရသူ ဦးရေ စုစုပေါင်း ၂၂,၉၀၇ ဦး ထပ်မံတွေ့ရှိ အတည်ပြုခဲ့သည်။
မြို့ပြတွင်သာမက မြို့ပြမဟုတ်သည့်နေရာဒေသများတွင်လည်း ကိုဗစ်ကူးစက်ပျံ့နှံ့နေသည်။
ဆိုးလ်မြို့တွင် နေထိုင်သူ လူနာသစ် ၅,၁၉၁ ဦး တွေ့ရှိသည်။ Gyeonggi ပြည်နယ်တွင် ၆,၅၃၂ ဦး တွေ့ရှိပြီး ဆိပ်ကမ်းမြို့ အင်ချုံတွင် ၁,၅၃၃ ဦး တွေ့ရှိခဲ့သည်။
မြို့မဟုတ်သည့်နေရာတွင် ကိုဗစ်လူနာသစ် ၉,၅၁၇ ဦး တွေ့ရှိခဲ့ရာ ၂၄ နာရီအတွင်း တွေ့ရှိအတည်ပြုလူနာသစ်ဦးရေ စုစုပေါင်း၏ ၄၁.၈% ရှိသည်။
ကိုဗစ် လူနာသစ်များတွင် ၁၃၄ ဦးသည် ပြည်ပမှ ရောက်လာသူများဖြစ်သည်။
၂၄ နာရီအတွင်း သေဆုံးသည့် ကိုဗစ်လူနာ ၂၅ ဦးရှိသည်။ စိုးရိမ်ရသည့်အခြေအနေရှိသည့် လူနာ ၂၇၄ ဦးရှိကြောင်း KDCA က ထုတ်ပြန်ထားပါသည်။

Read times
Rate this item
(0 votes)