What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 18 April 2020 14:53

အနံ့ အရသာ ပျောက်နေပြီဆို သတိထားပါ

COVID-19 လူနာထက်ဝက်ကျော်သည် ရောဂါလက္ခဏာ မပြနိုင်သော သို့မဟုတ်

အလွန်နူးညံ့သော ရောဂါလက္ခဏာများသာ ရှိနေခြင်းကြောင့် မိမိမှာ ရောဂါကျရောက်နေကြောင်း မရိပ်မိကြချေ။ ရောဂါကူးစက်နေသူအဖို့ သိသာသည့် ရောဂါလက္ခဏာ မပြသသော်လည်း အနီးရှိသူတို့ထံ ကူးစက်နိုင်သည်။ သို့ဖြစ်ရာ ရောဂါ၏ အစောပိုင်းသိမ်မွေ့သောလက္ခဏာများကို ဖော်ထုတ်ရန်အရေးကြီးသည်။

လေ့လာမှုအသစ်တစ်ခုကို International Forum of Allergy and Rhinology ဂျာနယ်တွင် ဖော်ပြထားသည် ။

coronavirus ၏ တစ်မူထူးခြားသော လက္ခဏာ အချက်ပြပုံမှာ လူတစ်ဦး၏ အရသာနှင့် အနံ့လက္ခဏာ ပျောက်ဆုံးခြင်း ဖြစ်သည်။
UC San Diego မှသိပ္ပံပညာရှင်များ ပြုလုပ်သော သုတေသနက ထိုအချက်အတွက် ခိုင်မာသော အထောက်အထားများ တွေ့ရှိခဲ့သည်။
ကိုယ်အပူချိန်တက်ပြီး ဖျားခြင်းသည် အဖြစ်အများဆုံး ပထမဆုံးပြသည့် လက္ခဏာ ဖြစ်သော်လည်း “အကယ်၍ အနံ့နှင့် အရသာ မရတော့ပါက COVID-19 ကူးစက်ခံခြင်း ဖြစ်နိုင်ခြေမှာ အခြားဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ခြေထက် ၁၀ ဆ ပိုများသည်” ဟု သုတေသနအဖွဲ့မှ Carol Yan က ရေးသားထားသည်။

Yan ၏ အဖွဲ့သည် COVID-19 အတွက် စမ်းသပ်မှု ပြုလုပ်သောလူနာများတွင် COVID-19 အတည်ပြုလူနာ ၉၅ ဦးနှင့် တုပ်ကွေးလက္ခဏာပြသခဲ့သော်လည်း COVID-19 ပိုး မတွေ့ရှိသူ ၂၀၃ ဦး ရှိသည်။
COVID-19 အတည်ပြုလူနာများတွင် အနံ့ဆုံးရှုံးမှုကို coronavirus လူနာ ၆၈% တွင်တွေ့ရှိရပြီး ထိုအုပ်စု၏ ၇၁% သည် အရသာဆုံးရှုံးမှုကို ခံစားခဲ့ရသည်။
COVID-19 ပိုး မတွေ့ရှိသူများတွင် ထိုသို့ အာရုံခံချို့ယွင်းမှုများ ၁၆% နှင့် ၁၇% ကို အသီးသီးပြသခဲ့သည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ COVID-19 မဟုတ်သော လူနာများသည် coronavirus ရှိသူများထက် လည်ချောင်းနာခြင်း ပိုမိုများပြားကြောင်း အစီရင်ခံထားသည်။

ဤတွေ့ရှိချက်များသည် [COVID-19] ဖြစ်ပွားမှုများကို သံသယရှိခြင်း၊ ဆေးစစ်မှု ခံယူခြင်း၊ သံသယရှိပြီဆိုသည်နှင့် သီးခြားနေထိုင်ခြင်းတို့ အစပြုခြင်းတို့ကို ဆောလျင်စွာ လုပ်ဆောင်ဖို့ အထောက်အကူ ပြုနိုင်လိမ့်မည် ဖြစ်သည်။

Carol Yan, University of California San Diego

 

https://www.eurekalert.org/pub_releases/2020-04/uoc--los041320.php

 

အနံ႔ အရသာ ေပ်ာက္ေနၿပီဆို သတိထားပါ

COVID-19 လူနာထက္ဝက္ေက်ာ္သည္ ေရာဂါလကၡဏာ မျပႏိုင္ေသာ သို႔မဟုတ္ အလြန္ႏူးညံ့ေသာ ေရာဂါလကၡဏာမ်ားသာ ရွိေနျခင္းေၾကာင့္ မိမိမွာ ေရာဂါက်ေရာက္ေနေၾကာင္း မရိပ္မိၾကေခ်။ ေရာဂါကူးစက္ေနသူအဖို႔ သိသာသည့္ ေရာဂါလကၡဏာ မျပသေသာ္လည္း အနီးရွိသူတို႔ထံ ကူးစက္ႏိုင္သည္။ သို႔ျဖစ္ရာ ေရာဂါ၏ အေစာပိုင္းသိမ္ေမြ႕ေသာလကၡဏာမ်ားကို ေဖာ္ထုတ္ရန္အေရးႀကီးသည္။
ေလ့လာမႈအသစ္တစ္ခုကို International Forum of Allergy and Rhinology ဂ်ာနယ္တြင္ ေဖာ္ျပထားသည္ ။

coronavirus ၏ တစ္မူထူးျခားေသာ လကၡဏာ အခ်က္ျပပုံမွာ လူတစ္ဦး၏ အရသာႏွင့္ အနံ႔လကၡဏာ ေပ်ာက္ဆုံးျခင္း ျဖစ္သည္။
UC San Diego မွသိပၸံပညာရွင္မ်ား ျပဳလုပ္ေသာ သုေတသနက ထိုအခ်က္အတြက္ ခိုင္မာေသာ အေထာက္အထားမ်ား ေတြ႕ရွိခဲ့သည္။
ကိုယ္အပူခ်ိန္တက္ၿပီး ဖ်ားျခင္းသည္ အျဖစ္အမ်ားဆုံး ပထမဆုံးျပသည့္ လကၡဏာ ျဖစ္ေသာ္လည္း “အကယ္၍ အနံ႔ႏွင့္ အရသာ မရေတာ့ပါက COVID-19 ကူးစက္ခံျခင္း ျဖစ္ႏိုင္ေျခမွာ အျခားဗိုင္းရပ္စ္ကူးစက္မႈ ျဖစ္ႏိုင္ေျခထက္ ၁၀ ဆ ပိုမ်ားသည္” ဟု သုေတသနအဖြဲ႕မွ Carol Yan က ေရးသားထားသည္။

Yan ၏ အဖြဲ႕သည္ COVID-19 အတြက္ စမ္းသပ္မႈ ျပဳလုပ္ေသာလူနာမ်ားတြင္ COVID-19 အတည္ျပဳလူနာ ၉၅ ဦးႏွင့္ တုပ္ေကြးလကၡဏာျပသခဲ့ေသာ္လည္း COVID-19 ပိုး မေတြ႕ရွိသူ ၂၀၃ ဦး ရွိသည္။
COVID-19 အတည္ျပဳလူနာမ်ားတြင္ အနံ႔ဆုံးရႈံးမႈကို coronavirus လူနာ ၆၈% တြင္ေတြ႕ရွိရၿပီး ထိုအုပ္စု၏ ၇၁% သည္ အရသာဆုံးရႈံးမႈကို ခံစားခဲ့ရသည္။
COVID-19 ပိုး မေတြ႕ရွိသူမ်ားတြင္ ထိုသို့ အာ႐ုံခံခ်ဳိ႕ယြင္းမႈမ်ား ၁၆% ႏွင့္ ၁၇% ကို အသီးသီးျပသခဲ့သည္။
စိတ္၀င္စားစရာ ေကာင္းသည္မွာ COVID-19 မဟုတ္ေသာ လူနာမ်ားသည္ coronavirus ရွိသူမ်ားထက္ လည္ေခ်ာင္းနာျခင္း ပိုမိုမ်ားျပားေၾကာင္း အစီရင္ခံထားသည္။

ဤေတြ႕ရွိခ်က္မ်ားသည္ [COVID-19] ျဖစ္ပြားမႈမ်ားကို သံသယရွိျခင္း၊ ေဆးစစ္မႈ ခံယူျခင္း၊ သံသယရွိၿပီဆိုသည္ႏွင့္ သီးျခားေနထိုင္ျခင္းတို႔ အစျပဳျခင္းတို႔ကို ေဆာလ်င္စြာ လုပ္ေဆာင္ဖို႔ အေထာက္အကူ ျပဳႏိုင္လိမ့္မည္ ျဖစ္သည္။

Read times
Rate this item
(0 votes)